News

POST TYPE

ENTERTAINMENT

အဝလွန်နေတဲ့ ခန္ဓာကိုယ်ကြောင့် ဝေဖန်ခံနေရတဲ့ CL
12-Aug-2018


ဆိုးလ်၊ ဩဂုတ် ၁၁

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် အမျိုးသမီးဂီတအဖွဲ့ 2NE1 ရဲ့အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့ပြီး လက်ရှိမှာ တစ်ကိုယ်တော် ဂီတသမားတစ်ဦးအနေနဲ့ ရပ်တည်နေတဲ့ CL ဟာ အဝလွန်နေတဲ့ခန္ဓာကိုယ်ကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

စင်ကာပူနိုင်ငံမှာ ဂီတဖျော်ဖြေပွဲသီဆိုဖို့အတွက် အင်ချွန်းလေဆိပ်ကို ရောက်ရှိလာခဲ့တဲ့ CL ရဲ့ ဓာတ်ပုံတွေ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ပြီးနောက်ပိုင်းမှာ အဝလွန်နေတဲ့ ခန္ဓာကိုယ်ကြောင့် ပရိသတ်တွေနဲ့ မီဒီယာအချို့က ဝေဖန်ခဲ့ကြပါတယ်။

အဆိုတော် CL ရဲ့ အမာခံပရိသတ်တွေကတော့ သူ့ဘက်ကနေ ကာကွယ်ပေးခဲ့ကြပေမယ့် သူ့ရဲ့ကျန်းမာရေးအခြေအနေနဲ့ အနုပညာအေဂျင်စီဖြစ်တဲ့ YG  Entertainment နဲ့ ဆက်ဆံရေးကိုလည်း ထင်ကြေးပေးပြောဆိုမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

မကြာသေးခင်ကလည်း အမျိုးသမီးအဆိုတော်တစ်ဦးဖြစ်တဲ့ Ailee က ဝိတ်ချဖို့အတွက် အစားအသောက်ကို ဆင်ခြင်ခဲ့ရတဲ့အကြောင်းကို ဖျော်ဖြေပွဲစင်မြင့်ထက်မှာ ပရိသတ်တွေကို ဖွင့်ဟပြောကြားရင်း ငိုကြွေးခဲ့ရဖူးပါတယ်။ 

“ကျွန်မ ဝမ်းနည်းပါတယ်။ ကျွန်မက သီချင်းဆိုတဲ့ အဆိုတော်တစ်ယောက်ဖြစ်သင့်တာပါ။ ဒါပေမဲ့ ရှိုးပွဲစင်မြင့်ကိုတက်နိုင်ဖို့အတွက် ကျွန်မ ဝိတ်ချခဲ့ရပါတယ်” ဟု JJTBC ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ “Hidden Singer” အစီအစဉ်မှာ Ailee က ရင်ဖွင့်ခဲ့ဖူးပါတယ်။