News

POST TYPE

ENTERTAINMENT

သရုပ်ဆောင် လင်းအောင်ခေတ်နှင့် တွေ့ဆုံခြင်း
21-May-2018



“အသက်နည်းနည်းကြီးလာရင်တော့ Luxury ကားမျိုး စီးချင်တယ်”

ဒီတစ်ပတ်ရဲ့ Celebrities’ Choice ကဏ္ဍမှာတော့ ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် လင်းအောင်ခေတ်နဲ့တွေ့ဆုံပြီး သူစီးနေတဲ့ ကားအမျိုးအစားနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တာလေးကို ဖော်ပြပေးလိုက်ပါတယ်။ 

Voice : လက်ရှိစီးနေတဲ့ ကားအမျိုးအစားလေး ပြောပြပေးပါ။
LAK : ကျွန်တော် လက်ရှိကတော့ Caldina စက်ရုပ် ၂၀၀၆ လေး စီးနေပါတယ်။

Voice : ဝယ်ထားတာရော ကြာပြီလား။
LAK : ဝယ်ထားတာတော့ ၂ နှစ်ရှိသွားပါပြီ။ 

Voice : ဒီကားရဲ့ အားသာချက်တွေကရော ဘာတွေရှိလဲ။
LAK : ဒီကားရဲ့အားသာချက်ကတော့ Sport Type နည်းနည်းဆန်တယ်။ ပြီးတော့ အရမ်းမောင်းလို့ ကောင်းပြီးတော့ ဆီလည်းမစားဘူး။ ဆီက ဝမ်းပွိုင့်အိတ်ဆိုတော့ အရမ်းမစားဘူးလို့ ပြောလို့ရတယ်။ နောက် နင်းရင်နင်းသလောက် အရမ်းလည်းပြေးတယ်။ နောက် ခရီးတွေဘာတွေထွက်လည်း တော်တော်ကြီးအဆင်ပြေပါတယ်။ 

Voice : ကားတွေအပေါ် ခရေဇီဖြစ်တာတို့ဘာတို့ ရှိလား။ 
LAK : ကားအပေါ်မှာတော့ ခရေဇီဖြစ်တာတော့ ရှိတာပေါ့။ 

Voice : ဘယ်လို ကားမျိုးလေးတွေ သဘောကျလဲ။ 
LAK : Range Rover တို့။ ပြီးတော့ ပြိုင်ကားအမျိုးအစားတို့ဘာတို့ သဘောကျတယ်။ ပြီးတော့ ရှုတင်အတွက် အဆင်ပြေတာဆိုရင်တော့ Alphard က အဆင်အပြေဆုံးပေါ့နော်။ တကယ်လို့လဲဖြစ်မယ်ဆိုရင်တော့ Alphard ကိုလဲဖို့ စီစဉ်ထားပါတယ်။ 

Voice : မောင်လေးဖြေတဲ့အထဲမှာလည်း Luxury တို့၊ Sport Type တို့ ကြိုက်တယ်လို့ သိရတဲ့အတွက် ဘယ်ကားအမျိုးအစားပေါ်မှာ ပိုပြီးအားသာလဲ။ 
LAK : ကျွန်တော့်အနေနဲ့ Luxury ကားအမျိုး အစားတွေကို ပိုကြိုက်တယ်။ ပြိုင်ကားကျ လူငယ်သဘာဝ လူငယ်ဘဝလောက်မှာပဲ စီးချင်တာ။ အသက်နည်းနည်းကြီးလာရင်တော့ Luxury ကားမျိုး စီးချင်တယ်။ 

Voice : ကားကျတော့ ရှုတင်တွေဘာတွေသွားရင် ကိုယ်တိုင်ပဲ မောင်းတာလား။ 
LAK : ဟုတ်။ ကျွန်တော်ကိုယ်တိုင်ပဲမောင်းရတာ ကြိုက်တယ်။ 

Voice : ကိုယ်တိုင်ပဲမောင်းတာဆိုတော့ Safety ပိုင်းမှာရော ဘယ်လိုခံစားရလဲ။ 
LAK : ကျွန်တော်က ကိုယ်တိုင်မောင်းတာနဲ့ ဘေးနားကထိုင်စီးရတာဆို ကိုယ်တိုင်မောင်းရတာ ပိုကြိုက်တယ်။ ဘေးနားကထိုင်စီးရမယ်ဆိုရင် အရမ်းလည်း ကျွမ်းကျင်တဲ့ ကျွန်တော့်ကို ကားမောင်းသင်ပေးထားတဲ့ သူငယ်ချင်းဘေးက လိုက်စီးရရင်တောင် ကြောက်တယ်။ ဘေးနားက ထိုင်စီးရတာ သိပ်မကြိုက်ဘူး။ ကိုယ်တိုင်မောင်းရတာပဲ သဘောကျတယ်။ ကိုယ်တိုင်မောင်းတာဆိုတော့ နှေးချင်လည်းရတယ်။ မြန်ချင်လည်းရတယ်။ 

Voice : ကားမှာ စတစ်ကာကပ်တာတို့၊ အလှဆင်ရတာတို့ရော သဘောကျလား။ 
LAK : အင်း။ အဲဒီလို ငယ်ငယ်တုန်းကတော့ သဘောကျတယ်။ ကြီးလာတော့ သန့်ပြီးပြောင်ပြောင်လေးစီးရတာ သဘောကျတယ်။ 

Voice : ကိုယ်တိုင်ကလည်း အနုပညာရှင်တစ်ယောက်ဆိုတော့ အပြင်တွေဘာတွေထွက်တဲ့အခါ ပရိသတ်တွေက ဟယ်ဒါက လင်းအောင်ခေတ်ရဲ့ ကားဆိုပြီးသိနေအောင် ကားမှာအလှဆင်ထားတာတို့ဘာတို့ လုပ်ရတာရော သဘောကျလား။ 
LAK : အမှန်အတိုင်းပြောရရင် အဲဒါက မကောင်းဘူး။ လူသိတယ်။ ဟာ ဒါလင်းအောင်ခေတ်ကားပဲ။ သူဒီနေရာမှာ ဘာရပ်လုပ်နေတာလဲတို့ဘာတို့ ကြုံဖူးတယ်။ တကယ်တမ်းက ကိုယ်ကဖုန်းပြောတာတို့၊ မုန့်ထွက်စားတာတို့၊ နောက် ဖေ့စ်ဘွတ်ခ်သုံးချင်ရင် လမ်းဘေးထိုးပြီး သုံးနေတဲ့အခါတွေလည်းရှိတော့ လင်းအောင်ခေတ်ကား လမ်းဘေးမှာထိုးပြီး ဘာရပ်လုပ်နေတာလဲတို့ဘာတို့က အရင်ကားတုန်းက ဆင်ထားတာဆိုတော့ ခဏခဏအထင်ခံရတယ်။ 

ခိုင်ချယ်ရီထွန်း