News

POST SECTION

EDUCATION

22-Dec-2016
ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်တွင် မြန်မာဘာသာစကား သင်ယူသူ နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူများအနက် တရုတ်နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ အများဆုံးဖြစ်ကြောင်း ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က The Voice သို့ ပြောကြားသည်။
11-Dec-2016
ကလေးတွေကို ပညာပေးဖို့ ကလေးတွေ ကြည့်သင့်တဲ့ Website တွေကို လူကြီးတွေလည်း သိထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကလေးတွေ ပညာရေးနှင့် အသိဉာဏ် ဖွံ့ဖြိုးစေချင်ရင် သူတို့လေးတွေကို ဒီ Website တွေကို ရင်းနှီးစေသင့်ပါတယ်။
08-Dec-2016
အနောက်နိုင်ငံ ပညာရေးစနစ်တွင် AI (Artificial Intelligence) ခေါ် လူသားကဲ့သို့ လုပ်ဆောင်နိုင်သည့် ကွန်ပျူတာနှင့် စက်တို့၏ ဉာဏ်ရည်တု တီထွင်မှုဆိုင်ရာ ပညာရပ်များကို သင်ကြား လေ့ကျင့်ပေးနေကြသည်မှာ ဆယ်စုနှစ် တစ်စုကျော်သို့ပင် ရောက်ရှိလာပြီ ဖြစ်သည်။
08-Dec-2016
အမေရိကန်ပြည်ထောင်စု အထက်တန်းပညာ အဆင့် K-12 တွင် ကွန်ပျူတာ သိပ္ပံဘာသာရပ်ကို ဦးစားပေးကာ စတင်သင်ကြားမည် ဖြစ်ကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ချက်ကို The Hill သတင်းတွင် ဖော်ပြထားသည်။
21-Nov-2016
ယခု ပညာသင်နှစ်မှာ ကျင်းပမည့် တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) စာမေးပွဲတွင် စာစစ်ဌာန ၁၃၆ ခု အသစ် ထပ်တိုး ဖွင့်နိုင်ရေး မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန အနေနှင့် စိစစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။
18-Nov-2016
နိုင်ငံတော်သမ္မတ ပညာသင်ဆုအတွက် ရွေးချယ်ခံထားရသူ အများစုမှာ ယနေ့အချိန်အထိ သွားရောက် ပညာသင်ယူခွင့် မရရှိသေးကြောင်း နိုင်ငံတော်သမ္မတ ဟောင်း ဦးသိန်းစိန် လက်ထက်က ပထမဆုံး ပညာသင်ဆု ရရှိသူများထံမှ သိရသည်။
17-Nov-2016
ပညာရေး ဝန်ကြီးဌာန အနေနဲ့ ကလေးတွေအပေါ် စာမေးပွဲ စစ်ဆေးခြင်းနဲ့ တိုင်းတာပြီး စစ်ဆေးခိုင်းတယ်။ တကယ်ဆို စာမေးပွဲကျရင် အရည်အချင်း မရှိတာပေါ့။ နောက်တစ်ခုက ရာခိုင်နှုန်းနဲ့ ဆွဲတင်ပြီး အောင်စေတယ်။ ထပ်ပြီး အရည်အချင်း မရှိသူတွေ ထပ်တက်လာတယ်။ အဲဒီကလေးတွေကို စာမေးပွဲ စစ်ဆေးခြင်းနဲ့ တိုင်းတာတော့ရော အောင်မှာလား။ ထပ်ပြီး စာမေးပွဲကျတာပဲ။ အခု စာမေးပွဲကျတဲ့ သူတွေကို သူတို့က ပြန်ကုစားပါ။ မအောင်မချင်း ကုစားပါ ဆိုတာကတော့ သူတို့လုပ်ထားတဲ့ စနစ်အပေါ် ကျွန်တော်တို့ကို ပုံချတယ်လို့ပဲ မြင်ပါတယ်။ ဒါကြောင့်လည်း ကလေးတွေ မတတ်တာ ဆရာတွေညံ့လို့ ဆရာတွေ အပြစ်လို့ ပြောလာတာပေါ့ဗျာ။
12-Nov-2016
အခြေခံပညာအဆင့် ကျောင်းဆရာ ဆရာမများကို ကျူရှင်မပြရန် ညွှန်ကြားထားသော်လည်း ကျုရှင်သင်နေသည်ဟု တိုင်ကြားမှသာ အရေးယူနိုင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး (စီမံ) ဦးခင်မောင်မြင့်က ပြောကြားသည်။
11-Nov-2016
အမျိုးသားပညာရေး မူဝါဒကော်မရှင် လက်ရှိ ဘာတွေလုပ်နေတယ် ဆိုတာ မသိရပါဘူး။ ပြီးတော့ ဘယ်မူဝါဒကို ဘယ်လိုချမှတ်မယ်။ ဘယ်ကဏ္ဍကို ဦးစားပေးမယ် စသည်ဖြင့် အရပ်ဘက် အဖွဲ့အစည်းတွေ ပြည်သူတွေက မသိရပါဘူး။ အရာရာတိုင်း လူထုကို အသိပေးစရာ မလိုပေမယ့် လုပ်ငန်းစဉ် အဆင့်တွေက ဘယ်လို၊ ပါဝင်ဆွေးနွေးဖက်တွေကိုတော့ ဘယ်သူဘယ်ဝါ စသည်ဖြင့်တော့ သတင်းထုတ်ပြန်မှုတွေ လုပ်ရမှာ ဖြစ်ပါတယ်။ မူဝါဒကော်မရှင်ဟာ ပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် အလွန်အရေးကြီးပါတယ်။ ဒါကြောင့် အရင်ကလို ထိပ်တိုက်တွေ့ဆုံမှုတွေ မဖြစ်အောင်လုပ်ဖို့ လိုပါတယ်။
10-Nov-2016
တရုတ်နိုင်ငံ ခေါင်းဆောင်များသည် နိုင်ငံတကာမှ စီးပွားရေး လွှမ်းမိုးရန် ဆောင်ရွက်မှုများကို ဆန့်ကျင်ခဲ့ရုံမက ပညာရေးတွင်လည်း နိုင်ငံခြား လွှမ်းမိုးမှုများကို တိုက်ဖျက်သည့် အနေနှင့် စာသင်ခန်းများအတွင်း နိုင်ငံခြား စနစ်များနှင့် အလေ့အထများ၊ သင်ရိုးများကို ဖျောက်ပစ်ရန် ကြိုးပမ်းနေကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
08-Nov-2016
စင်္ကာပူနိုင်ငံရဲ့ နံပါတ် (၁) အစိုးရ တက္ကသိုလ်တစ်ခု ဖြစ်တဲ့ National University of Singapore (NUS) မှာ နည်းပညာဆိုင်ရာ ဘွဲ့လွန်ဘာသာရပ်တွေကို အစိုးရချေးငွေနဲ့ သင်ကြားခြင်းအကြောင်း ဆွေးနွေးပွဲကို ရန်ကုန်နဲ့ မန္တလေးမှာ Crown Education ကနေပြီး စီစဉ်ကျင်းပသွားမယ်လို့ Crown Education ရဲ့ ကြေညာချက်အရ သိရပါတယ်။