POST SECTION

EDUCATION

02-Nov-2016
ယခုပညာသင်နှစ် တက္ကသိုလ် ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အောင်ချက် မြင့်မားရေးနှင့် ဆရာများ၏ ဘာသာရပ် ကျွမ်းကျင်မှု တိုးတက်ရေး ဘာသာရပ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများကို ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် ပြုလုပ်နေကြောင်း အဆိုပါ တိုင်းဒေသကြီး ဆရာများထံမှ သိရှိရသည်။
19-Oct-2016
ပညာရေးနှင့်ပတ်သက်၍ သဘောထား ကွဲလွဲမှုဖြစ်ပေါ်သော ဆရာ၊ ဆရာမ များ ကျူရှင်သင်ကြားရေး ကိစ္စနှင့် ပတ်သက်၍ ဆရာများအနေနှင့် အသပြာ ဆရာအဖြစ် မခံကြဘဲ စေတနာဆရာအဖြစ် လုပ်ဆောင်ကြရန် ပညာရေး ဝန်ကြီးဌာန အကြံပေး ပညာရှင် ဒေါက်တာ ဦးသန်းဦးက ပြောကြားသည်။
19-Oct-2016
သမ္မတအိုဘားမား လက်ထက် ၂ဝ၁၅ ခုနှစ်တွင် အထက်တန်းကျောင်းထွက် လက်မှတ်ရဦးရေမှာ ပိုပြီး မြင့်မားလာကြောင်း USA Today သတင်းတွင် ဖော်ပြထားသည်။ သို့သော် အာဖရိက-အမေရိကန် နွယ်ဖွားများ၊ အခြား လူမျိုးခြားများအတွက်မူ ပညာ သင်ယူနိုင်မှု အခွင့်အလမ်းများမှာ လူဖြူများနှင့် ကွာခြား နေသေးကြောင်း တွေ့ရသည်။ ဆင်းရဲသားတို့ ပညာ သင်ယူနိုင်သည့် အခွင့်အရေးများကလည်း တိုးတက်လာသည့် အနေအထားတွင် မတွေ့ရသေး ပေ
16-Oct-2016
ပညာရေးဝန်ကြီးဌာန ဝန်ထမ်း မိသားစုများမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ထူးချွန်စွာ အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ထူး တစ်ဘာသာလျှင် ကျပ်တစ်သိန်း ချီးမြှင့်ရန် သမ္မတရုံးက ညွှန်ကြားထားကြောင်း ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။
08-Oct-2016
ကန်ထရိုက် စနစ်ဖြင့် အထက်တန်းပြဆရာ ငှားရမ်းမည်ဆိုခြင်းမှာ ဆရာ မရှိ၍ ကျောင်းသားများ နစ်နာနေပြီး မိဘများ စုပေါင်း၍ ဆရာငှားရမ်း နေရသောကြောင့် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်းဦးက The Voice သို့ ပြောကြားသည်။
06-Oct-2016
အထက်တန်းပြ ဆရာအဖြစ် ခန့်ထားရန် ဘွဲ့ရများကို ကန်ထရိုက် စနစ်ဖြင့် ငှားရမ်းမည်ဆိုခြင်းနှင့် ပတ်သက်၍ ပညာရေးတက္ကသိုလ် ဆရာ အချို့နှင့် ကျောင်းသားများက ကန့်ကွက်ကြောင်း ရန်ကုန်ပညာရေး တက္ကသိုလ် စတုတ္ထနှစ် ကျောင်းသား ကိုနောင်ထက်အောင်က The Voice သို့ ပြောကြားသည်။
06-Oct-2016
ကမ္ဘာ့ဒီမိုကရေစီအရေး လှုပ်ရှားသူ လူငယ်တစ်ဦး အနေနှင့် အာရုံစိုက်ခြင်း ခံလာရသော ဟောင်ကောင်မှ ကျောင်းသား ဂျိုရှုဝေါင်အား ထိုင်းနိုင်ငံမှာ အာဏာပိုင်များသည် တရုတ်နိုင်ငံ၏ တောင်းဆိုချက်အရ ဖမ်းဆီးထိန်းသိမ်းထားပြီး ဟောင်ကောင်ကို ပြန်ပို့ရန် စီစဉ်လျက်ရှိကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
05-Oct-2016
အခြေခံပညာ အဆင့်တွင် ဆရာ ကျောင်းသား အချိုး ကွာဟမှု ကြီးမားနေပြီး လိုအပ်ချက် မြင့်မားနေဆဲ ဖြစ်သော ဆရာအင်အားကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြည့်ဆည်း ခန့်ထား ပေးနိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ပညာရေး ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။
05-Oct-2016
အဝေးသင် တက္ကသိုလ် ပုသိမ်ဌာန ခွဲမှ ဒုတိယအသုတ် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၃ဝ ခန့်သည် ကျောင်းအပ်ရန်နှင့် စာစဉ်များ ဖြေဆိုပေးရန် ရုံး အကူဝန်ထမ်း တစ်ဦးထံ ကျသင့်ငွေ ပေးထားသော်လည်း ဆောင်ရွက်ပေးခြင်း မရှိဘဲ လိမ်လည် သွားသဖြင့် စာမေးပွဲ ဝင်ရောက် ဖြေဆိုရန်အတွက် အခက်အခဲနှင့် တွေ့ကြုံ