News

POST SECTION

EDUCATION

11-Nov-2016 tagged as ပညာရေး ဆရာ
အမျိုးသားပညာရေး မူဝါဒကော်မရှင် လက်ရှိ ဘာတွေလုပ်နေတယ် ဆိုတာ မသိရပါဘူး။ ပြီးတော့ ဘယ်မူဝါဒကို ဘယ်လိုချမှတ်မယ်။ ဘယ်ကဏ္ဍကို ဦးစားပေးမယ် စသည်ဖြင့် အရပ်ဘက် အဖွဲ့အစည်းတွေ ပြည်သူတွေက မသိရပါဘူး။ အရာရာတိုင်း လူထုကို အသိပေးစရာ မလိုပေမယ့် လုပ်ငန်းစဉ် အဆင့်တွေက ဘယ်လို၊ ပါဝင်ဆွေးနွေးဖက်တွေကိုတော့ ဘယ်သူဘယ်ဝါ စသည်ဖြင့်တော့ သတင်းထုတ်ပြန်မှုတွေ လုပ်ရမှာ ဖြစ်ပါတယ်။ မူဝါဒကော်မရှင်ဟာ ပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် အလွန်အရေးကြီးပါတယ်။ ဒါကြောင့် အရင်ကလို ထိပ်တိုက်တွေ့ဆုံမှုတွေ မဖြစ်အောင်လုပ်ဖို့ လိုပါတယ်။
10-Nov-2016 tagged as ပညာရေး
တရုတ်နိုင်ငံ ခေါင်းဆောင်များသည် နိုင်ငံတကာမှ စီးပွားရေး လွှမ်းမိုးရန် ဆောင်ရွက်မှုများကို ဆန့်ကျင်ခဲ့ရုံမက ပညာရေးတွင်လည်း နိုင်ငံခြား လွှမ်းမိုးမှုများကို တိုက်ဖျက်သည့် အနေနှင့် စာသင်ခန်းများအတွင်း နိုင်ငံခြား စနစ်များနှင့် အလေ့အထများ၊ သင်ရိုးများကို ဖျောက်ပစ်ရန် ကြိုးပမ်းနေကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
08-Nov-2016 tagged as
စင်္ကာပူနိုင်ငံရဲ့ နံပါတ် (၁) အစိုးရ တက္ကသိုလ်တစ်ခု ဖြစ်တဲ့ National University of Singapore (NUS) မှာ နည်းပညာဆိုင်ရာ ဘွဲ့လွန်ဘာသာရပ်တွေကို အစိုးရချေးငွေနဲ့ သင်ကြားခြင်းအကြောင်း ဆွေးနွေးပွဲကို ရန်ကုန်နဲ့ မန္တလေးမှာ Crown Education ကနေပြီး စီစဉ်ကျင်းပသွားမယ်လို့ Crown Education ရဲ့ ကြေညာချက်အရ သိရပါတယ်။
“ကျွန်မ နားထောင်နေရင်း ဘုရား၊ ဘုရားတမိတယ်။ ဆရာမရယ် ရိုက်လိုက်တာကမှ တော်ပါသေးတယ်”
02-Nov-2016 tagged as
ယခုပညာသင်နှစ် တက္ကသိုလ် ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အောင်ချက် မြင့်မားရေးနှင့် ဆရာများ၏ ဘာသာရပ် ကျွမ်းကျင်မှု တိုးတက်ရေး ဘာသာရပ်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများကို ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် ပြုလုပ်နေကြောင်း အဆိုပါ တိုင်းဒေသကြီး ဆရာများထံမှ သိရှိရသည်။
19-Oct-2016 tagged as
ပညာရေးနှင့်ပတ်သက်၍ သဘောထား ကွဲလွဲမှုဖြစ်ပေါ်သော ဆရာ၊ ဆရာမ များ ကျူရှင်သင်ကြားရေး ကိစ္စနှင့် ပတ်သက်၍ ဆရာများအနေနှင့် အသပြာ ဆရာအဖြစ် မခံကြဘဲ စေတနာဆရာအဖြစ် လုပ်ဆောင်ကြရန် ပညာရေး ဝန်ကြီးဌာန အကြံပေး ပညာရှင် ဒေါက်တာ ဦးသန်းဦးက ပြောကြားသည်။
19-Oct-2016 tagged as
သမ္မတအိုဘားမား လက်ထက် ၂ဝ၁၅ ခုနှစ်တွင် အထက်တန်းကျောင်းထွက် လက်မှတ်ရဦးရေမှာ ပိုပြီး မြင့်မားလာကြောင်း USA Today သတင်းတွင် ဖော်ပြထားသည်။ သို့သော် အာဖရိက-အမေရိကန် နွယ်ဖွားများ၊ အခြား လူမျိုးခြားများအတွက်မူ ပညာ သင်ယူနိုင်မှု အခွင့်အလမ်းများမှာ လူဖြူများနှင့် ကွာခြား နေသေးကြောင်း တွေ့ရသည်။ ဆင်းရဲသားတို့ ပညာ သင်ယူနိုင်သည့် အခွင့်အရေးများကလည်း တိုးတက်လာသည့် အနေအထားတွင် မတွေ့ရသေး ပေ
16-Oct-2016 tagged as ပညာရေး
ပညာရေးဝန်ကြီးဌာန ဝန်ထမ်း မိသားစုများမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ထူးချွန်စွာ အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ထူး တစ်ဘာသာလျှင် ကျပ်တစ်သိန်း ချီးမြှင့်ရန် သမ္မတရုံးက ညွှန်ကြားထားကြောင်း ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။
08-Oct-2016 tagged as ပညာရေး
ကန်ထရိုက် စနစ်ဖြင့် အထက်တန်းပြဆရာ ငှားရမ်းမည်ဆိုခြင်းမှာ ဆရာ မရှိ၍ ကျောင်းသားများ နစ်နာနေပြီး မိဘများ စုပေါင်း၍ ဆရာငှားရမ်း နေရသောကြောင့် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်းဦးက The Voice သို့ ပြောကြားသည်။