News

POST SECTION

EDUCATION

အကြောင်းအမျိုးမျိုးကြောင့် တက္ကသိုလ်ဝင်ခွင့် မလျှောက်ရသေးသူ များအနေနှင့် တက္ကသိုလ်အလိုက် ကျောင်းအပ်လက်ခံမည့် နောက်ဆုံးနေ့ (အများစုသည် ဒီဇင်ဘာလတတိယသီတင်းပတ်) အထိ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနထံမှ သိရှိရသည်။
25-Aug-2018 tagged as
နည်းပညာခေတ်ရောက်လာပြီး တိုးတက်လာသည်မှာ မှန်ပါသည်။ နည်းပညာကို စာသင်ခန်းထဲတွင် မဖြစ်မနေ သုံးရတော့မည့် အနေအထား ဖြစ်လာသည်။ “ဆရာတွေ စင်ပေါ်တွင် စာပြသည့်ဘဝမှ စင်အောက်ဆင်းပြီး လမ်းညွှန်နေရသည့် ဘဝသို့” ဟူ၍လည်း ပြောကြပါသည်။
25-Aug-2018 tagged as
ပလေတို၏ ပညာရေးအမြင်ကို အနှစ်ချုပ်လိုက်လျှင် သင်ယူသူ၏ အနာဂတ်အတွက် ပြင်ဆင်ပေးလိုက်ရန်သာ ဖြစ်သည်။ အနာဂတ်အတွက် ပြင်ဆင်ပေးလိုက်ရန်ဆိုသည့် သဘောတရားကို ခေတ်သစ်တွင် ဆန့်ကျင်သည့် ပညာရှင်များလည်း ရှိကြသည်။ ၂၁ ရာစုနှင့်ကိုက်ညီမည်မထင်သဖြင့် ပစ်ပယ်ထားခဲ့သော ပလေတို၏ သဘောတရားသည် ပြန်ပြီး အံဝင်ခွင်ကျဖြစ်လာသည်။ ပညာသင်ကြားရေးဆိုသည်မှာ အနာဂတ်အတွက် ပြင်ဆင်ပေးခြင်း မဟုတ်လျှင် မည်သည့်အတွက် သင်ကြားခြင်းဖြစ်သနည်းဟူ၍လည်း မေးခွန်းများထုတ်လာကြသည်။
25-Aug-2018 tagged as
အမေရိကန်ပြည်ထောင်စုတွင် တိုးတက်လာသည့် ဒရုန်း (Drone) နည်းပညာများကို သင်ကြားပေးနေသည့် အကောင်းဆုံးကောလိပ်ကျောင်းပေါင်း ၁၅ ကျောင်း ရှိပြီဖြစ်သည်။ ဒရုန်းများကို Unmanned Aerial System (UAS) သို့မဟုတ် Unmanned Aerial Vehicle (UAV) နည်းပညာရပ်များအဖြစ် အဝေးမှထိန်းချုပ်ပြီး ခိုင်းစေနိုင်ရန် နည်းစနစ်များကို သင်ကြားရေးမှာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကြီးများအတွက် အရေးကြီးလာသည်။
24-Aug-2018 tagged as ပညာရေး
ယခုပညာသင်နှစ်တွင် သင်ရိုးဟောင်းအတိုင်း သင်ယူနေသည့် စတုတ္ထတန်း (Grade 5) ကျောင်းသားများသည် လာမည့် ပညာသင်နှစ်တွင် သင်ရိုးသစ်ဖြင့် သင်ကြားမည့် ဆဋ္ဌမတန်း (Grade 6- သင်ရိုးသစ်အလယ်တန်းဆင့်) တက်ရမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရသည်။
“ဆယ်တန်းလည်းအောင်ရမယ်၊ ဒီအကျဉ်းထောင်ကလည်း လွတ်မြောက်သွားမယ်ဆိုရင် အဆိုးထဲကအကောင်းလို့ ပြောလို့ရတယ်”
18-Aug-2018 tagged as
၂၀၁၈ ခုနှစ်တွင် နည်းပညာက ပညာသင်ကြားရေးထဲကို သိသိသာသာ ဝင်ရောက်လာခဲ့ကြောင်း တွေ့ရသည်။ ပညာရှင်များကလည်း ပညာသင်ကြားရေးကို အထောက်အကူဖြစ်စေမည့် ဆော့ဖ်ဝဲများကို တိုးမြှင့်တီထွင်လာကြသည်။ နည်းပညာလောကထဲသို့ AI ဆိုသည့် လူသားကဲ့သို့ တွေးခေါ်နိုင်၊ ဖြေရှင်းနိုင်သည့် သဘောတရားများ ဝင်ရောက်လာသည်။ ဆရာပြောချင်သည့် အကြောင်းအရာကို တပည့်တွေကို ကွန်ပျူတာ၊ ဆော့ဖ်ဝဲ၊ အင်တာနက်များဖြင့် ဖြေရှင်းနိုင်ခြင်းက ၂၁ ရာစု၏ ပညာရေးလမ်းကြောင်းသစ် ဖြစ်လာခဲ့သည်။
18-Aug-2018 tagged as
အိန္ဒိယနိုင်ငံမှ နိုဘယ်ဆုရှင် စာပေအနုပညာရှင်ကြီး ရာဘင်ဒြာနသ် တဂိုးသည် ပညာရေးကိုလည်း အလွန်စိတ်ဝင်စားသူတစ်ဦးဖြစ်သည်။ သူ၏ ပညာရေးဆိုင်ရာဒဿနကို လေ့လာသုံးသပ်ကြည့်လျှင် အဓိက အကြောင်းချင်းရာ လေးရပ်ကိုတွေ့ရမည် ဖြစ်သည်။ ယင်းတို့မှာ (၁) လွတ်လပ်ခြင်း (၂) မိမိ ခံစားချက်များကို ထုတ်ဖော်ပြသနိုင်ခြင်း (၃) သဘာဝနှင့် လူသားကြားတွင် ဟန်ချက်ညီစွာ လုပ်ဆောင်နိုင်ခြင်း (၄) နိုင်ငံတကာစိတ်ဓာတ်မျိုး မွေးမြူနိုင်ခြင်းတို့ ဖြစ်သည်။
18-Aug-2018 tagged as
ယခုနှစ်အတွက် သတ်မှတ်ထားသည့် ခေါင်းစဉ်များမှာ “စမတ်စီးတီး” ဆိုသည့် ခေတ်မီသည့်မြို့ပြများ တည်ဆောက်ခြင်းဆိုင်ရာ သဘောတရားများဖြစ်သည်။ အနာဂတ်စမတ်စီးတီးများကို တည်ဆောက်ရာတွင် ပလတ်စတစ်နှင့် ဓာတုပစ္စည်းများ ရှိသင့်သည်၊ မရှိသင့်ဆိုသည့် အပြန်အလှန်စကားစစ်ထိုးမှုများကို ရင်ဆိုင်ကြရမည်ဖြစ်သည်။
11-Aug-2018 tagged as
ဖင်လန်နိုင်ငံ ပညာရေးစနစ်သည် ကမ္ဘာ့ထိပ်တန်းပညာရေး နံပါတ် ၁၀ နိုင်ငံထဲတွင် အမြဲရှိသည်။ ဖင်လန်သည် အဘယ်ကြောင့် ပညာရေးစွမ်းဆောင်မှုတွင် ထိပ်တန်းကရှိနေရသနည်း။ ဖင်လန်နိုင်ငံတွင် ၂၀၁၆ ခုနှစ်ကတည်းက ပညာရေးပြုပြင်ပြောင်းလဲမှုအဖြစ် သင်ရိုးများကို စတင်ပြောင်းလဲခဲ့သည်။ သူတို့ပညာရေးတွင် ပြည်သူပူးပေါင်းပါဝင်သည့် ပညာရေးစနစ်တစ်ခုဆီအထိ ဦးတည်သွားနေသည်။ ပညာရေးတွင် ကိုယ်သင်ချင်ရာ သင်ခြင်းထက် ကလေး သင်ချင်ရာသင်မည်ဆိုသည့် လမ်းကြောင်းဘက်ကို ပြောင်းလဲရန် သူတို့ လုပ်ဆောင်နေကြသည်။
11-Aug-2018 tagged as
ပညာရေးဆိုသည်မှာ ဘဝကို ဖြတ်သန်းနိုင်ရေးအတွက် အထောက်အပံ့ကောင်းတစ်ခုအနေနှင့် လေ့လာသင်ကြားရန်ဖြစ်သည်။ ပညာရေးဆိုသည်မှာ အရေး၊ အဖတ်၊ အတွက်ဆိုသည့် သဘောထက်ပိုပါသည်။ ပညာရေးသည် လူတစ်ယောက်ကို ပြင်ပလောကကြီးနှင့် ထိတွေ့နိုင်စေရန် ပြင်ဆင်ပေးသည့်သဘောလည်း ဆောင်ပါသည်။ ပညာတတ်ထားသူတစ်ဦးသည် လောကအခက်အခဲပေါင်း များစွာကို ရင်ဆိုင်ကျော်လွှားဖြေရှင်းနိုင်မည်ဆိုသည့်သဘောဖြင့် သင်ကြားလေ့လာခဲ့ကြသည်။
11-Aug-2018 tagged as
ကျောင်းနားချိန်ဆိုသည်မှာ မုန့်စားချိန်၊ ထမင်းစားချိန်စသည်ဖြင့် အမျိုးမျိုးသတ်မှတ်ခေါ်နေသည့် အချိန်မျိုးကို ခေါ်ဆိုသည်။ အနည်းဆုံးတစ်ချိန်၊ အများဆုံး နှစ်ချိန်လောက်ကို နားချိန်၊ အားလပ်ချိန်အဖြစ် သတ်မှတ်ပေးလေ့ရှိကြသည်။
11-Aug-2018 tagged as
ရုပ်သံနှင့် ရေဒီယိုပညာရပ်များသင်ကြားခြင်းကို အမေရိကနှင့် ဗြိတိန်နိုင်ငံတို့တွင် ဘွဲ့များ အပ်နှင်းသည်အထိ တိုးတက်သင်ကြားပေးနေကြသည်မှာ နှစ်အတန်ကြာခဲ့ပြီ။ ဗြိတိန်နိုင်ငံ မန်ချက်စတာရှိ University of Salford တွင်လည်း Media ဆိုသည့် ဘာသာရပ်ခေါင်းစဉ်အောက်တွင် BA (Hons) ဆိုသည့်ဘွဲ့ကို အပ်နှင်းချီးမြှင့်ပြီး သင်ကြားပေးလျက်ရှိသည်။ အောင်မြင်သူများကို BA (Hons) Media Technology ဘွဲ့ အပ်နှင်းချီးမြှင့်သည်။