News

POST SECTION

EDUCATION

22-Sep-2018 tagged as
ဒီယာခေတ်တစ်ခုကို ထူထောင်ရာတွင် သတင်းစာတစ်မျိုးတည်းဖြင့် မလုံလောက်တော့ပါ။ ရုပ်သံမီဒီယာတွေ ခေတ်စားလာသည်။ အသံလွှင့်လုပ်ငန်း၊ ရုပ်သံရိုက်ကူးရေးလုပ်ငန်းများအပြင်၊ အသံဖမ်းအင်ဂျင်နီယာလုပ်ငန်း၊ ပြည်သူ့ဆက်ဆံရေးပညာရပ်များကို မီဒီယာလုပ်ငန်းတစ်ခုအနေနှင့် တက္ကသိုလ်များတွင် တက်ရောက်သင်ယူလိုသူတွေ များလာသည်။
15-Sep-2018 tagged as
Chevening Scholarships သည် ဗြိတိန်အစိုးရ၏ နိုင်ငံတကာမှ ကျောင်းသားများအတွက် ပေးအပ်သည့် ပညာသင်ဆုဖြစ်သည်။ ပေးအပ်မည့်ဘွဲ့မှာ Masters Degree ဖြစ်ပြီး Foreign and Commonwealth Office (FCO) ၏ အထောက်အပံ့ဖြင့် ပေးအပ်မည့် ပညာသင်ဆုလည်းဖြစ်သည်။ ကမ္ဘာ့နိုင်ငံများတွင် ခေါင်းဆောင်နိုင်မှုအရည်အသွေး ပြည့်ဝသူများ ပေါ်ထွက်လာရန်ရည်ရွယ်ချက်ဖြင့် လေ့ကျင့်သင်ကြားပေးမည့် ပညာသင်ဆုလည်း ဖြစ်သည်။
15-Sep-2018 tagged as Scholarships
အမေရိကန်ပြည်ထောင်စုတွင် တက်ရောက်ပညာသင်ယူနိုင်မည့် အခွင့်အရေးဖြစ်သည်။ ပေးအပ်မည့် ဘွဲ့အမျိုးအစားမှာ Bachlors Degree ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် နောက်ဆုံးထားပြီး လျှောက်လွှာများကို တင်သွင်းရမည်ဖြစ်သည်။ သင်တန်းစတင်မည်ကာလမှာ ၂၀၁၉ ခုနှစ် ဩဂုတ်လတွင်ဖြစ်သည်။
15-Sep-2018 tagged as Scholarships
နိုင်ငံတကာကျောင်းသားများအတွက် လမ်းဖွင့်ပေးထားသည့်အစီအစဉ်တစ်ခုဖြစ်သည်။ Gates Cambridge Trust အဖွဲ့က ပေးအပ်သည့် ပညာသင်ဆုဖြစ်ပြီး ပေးအပ်မည့်ဘွဲ့များမှာ Masters/ Ph.D Degree များဖြစ်သည်။
09-Sep-2018 tagged as ပညာရေး
ရသစာပေ၊ မြန်မာမှု၊ ပြည်သူ့ရေးရာနှင့် အိမ်တွင်းစီးပွားဘာသာရပ်များတွင် အထူးပြုလေ့လာသင်ယူမည့် အဝေးသင်ကျောင်းသားသစ်များမရှိတော့ဘဲ နောက်ဆုံးစတုတ္ထနှစ်ကျောင်းသားများသာရှိတော့ကြောင်း အဝေးသင်ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများထံမှ သိရှိရသည်။
08-Sep-2018 tagged as
ဖင်လန်နိုင်ငံ၏ ပညာရေးက ကမ္ဘာ့စောင့်ကြည့်အဆင့်ဖြစ်လာစေရန် တိုးတက်ဖွံ့ဖြိုးလာကြောင်း မည်သူမှ ငြင်းနိုင်မည်မထင်။ နိုင်ငံတကာကပင် ဖင်လန်နိုင်ငံသို့ လာရောက်ပြီး ပညာရေးတွင် အဘယ်ကြောင့် ဖွံ့ဖြိုးတိုးတက်နေရကြောင်းကို လာရောက်လေ့လာနေကြရသည့် အနေအထားကို ရောက်လာခဲ့သည်။ ထို့ကြောင့် ဖင်လန်နိုင်ငံမှ ပညာရှင်များကလည်း မိမိတို့နိုင်ငံ ပညာအဆင့်အတန်းကို လက်ရှိအတိုင်းသွားရန် မဖြစ်နိုင်တော့ဘဲ အဆင့်ဆင့်မြင့်သည်ထက်မြင့်မားစေရန် ကြံဆောင်ကြရတော့သည်။
08-Sep-2018 tagged as ပညာရေး ထိုင်း
ထိုင်းနိုင်ငံတွင် ကျောင်းငယ်လေးပေါင်းများစွာရှိနေပြီး ထိုကျောင်းငယ်လေးများကို ပေါင်းလိုက်ခြင်းဖြင့် ပညာရေးဘတ်ဂျက်ကို ချွေတာနိုင်ကြောင်း ကမ္ဘာ့ဘဏ် (The World Bank) အဖွဲ့က တိုက်တွန်းထားသည်။ အဘယ်ကြောင့်ဆိုသော် ဘတ်ဂျက်အနေအထားကြောင့် ဆရာများကို လျှော့ချရမလို ဖြစ်နေသည့် အနေအထားအား၊ ဆရာမလျှော့ဘဲ ကျောင်းငယ်လေးများကို ပေါင်းလိုက်ခြင်းဖြင့် အဖြေရှာကြည့်ရန် ကမ္ဘာ့ဘဏ်က တိုက်တွန်းကြည့်ခြင်းဖြစ်သည်။
08-Sep-2018 tagged as
UBS Securities အဖွဲ့၏ ထုတ်ပြန်ချက်အရ ယမန်နှစ်ကအထိ တရုတ်အွန်လိုင်းပညာရေးသည် ယွမ် ၂၉ ဘီလီယံအထိ တိုးတက်ဖွံ့ဖြိုးလာကြောင်း သိရသည်။ iiMedia မှ အကြံပေးအရာရှိ လျူကျင်ဟောင်းကလည်း အစိုးရကိုယ်တိုင်က နည်းပညာကို အထောက်အကူပေးသည့်အပြင်၊ ပညာရေးကိုလည်း အစဉ်အလာထက် ဖွံ့ဖြိုးတိုးတက်အောင် ကြံဆောင်စေရန် အားပေးအားမြှောက်ပြုနေခြင်းများကြောင့် အွန်လိုင်းပညာရေးဈေးကွက်သည် ဖွံ့ဖြိုးတိုးတက်လာရသည်ဟု မှတ်ချက်ပြုထားသည်။
08-Sep-2018 tagged as
ကျောင်းသားသမဂ္ဂသည် တက္ကသိုလ်တစ်ခု၏ ပုံရိပ်သက်သက် တစ်ခုသာမက ဂုဏ်သိက္ခာရှိသော နေရာတစ်ခု ဖြစ်လာစေရန် သူတို့နိုင်ငံတက္ကသိုလ်များတွင် အားထုတ်နေကြကြောင်း တွေ့ရပါသည်။ သမဂ္ဂအဆောက်အအုံကို ဒေသအတွင်း ဂုဏ်သိက္ခာကြီးမားသည့် ပြယုဂ်တစ်ခုသာမက ပညာရေး၏ ပန်းတိုင်တစ်ခုအနေနှင့်လည်း ထူထောင်တည်ဆောက်လျက်ရှိကြောင်း တွေ့ရသည်။
01-Sep-2018 tagged as
ကလေးများကို အောင်မြင်စေချင်လျှင် ကျောင်းစာဖတ်ရုံသက်သက် မကျေနပ်နေစေချင်ပါ။ အောင်မြင်မှု၏ အခြေခံကျသည့် အချက်မှာ အသိပညာ ဗဟုသုတဖြစ်သည်။ ပညာဗဟုသုတ ပြည့်ဝစေရန် ပြင်ပစာကိုလည်း များများဖတ်ခိုင်းရန် လိုသည်။
01-Sep-2018 tagged as
ခေတ်တွင် နည်းပညာသည် နေရာတိုင်းတွင် လွှမ်းမိုးထိုးဖောက်နေပြီဖြစ်ကြောင်းကို လက်ခံရမည်။ နည်းပညာယဉ်ကျေးမှုခေတ်သစ် တစ်ခုသို့ရောက်နေပြီ။ နေ့စဉ်ဘဝ၊ အလုပ်၊ ကစားခြင်းအပြင် ကျောင်းများတွင် သင်ယူခြင်းလုပ်ငန်းက အစနည်းပညာနှင့် ကင်းကွာ၍မဖြစ်နိုင်တော့ပေ။ မိုဘိုင်းလ်ပစ္စည်းများနှင့် ဝါယာလက်စ်ခေါ် ကြိုးမဲ့ဆက်သွယ်ရေးစနစ်တို့သည်သည် နေ့စဉ်လူနေမှုဘဝတွင် မရှိမဖြစ် အသွင်ကို ဆောင်လာပြီဖြစ်သည်။