News

POST TYPE

EDUCATION

ဟားဗတ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဖြစ်လာမည့် အိုဘားမား
18-Jun-2017 tagged as အိုဘားမား

အမေရိကန်ပြည်ထောင်စု သမ္မတဟောင်း ဘားရက်အိုဘားမားသည် ယခင်နိုင်ငံတော်၏ President ဘဝမှ ယခုအခါ ဂုဏ်သိက္ခာရှိသော ဟားဗတ်တက္ကသိုလ်ကြီး၏ President ဘဝကို ပြန်လည်ရောက်ရှိလာမည် ဖြစ်သဖြင့် President နောက်တစ်ကြိမ် ပြန်ဖြစ်လာမည့်သူ ဟူ၍ မီဒီယာများတွင် ရေပန်းစားနေကြောင်း The Boston Globe သတင်းတွင် ဖော်ပြထားသည်။

လက်ရှိ ဟားဗတ်တက္ကသိုလ်တွင် ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသော ဒရူး ဖော့စ်သည် တက္ကသိုလ်၏ ပထမဆုံး အမျိုးသမီး ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရာက၊ မိမိထက် ဂုဏ်သိက္ခာကြီးသည့် လူတစ်ဦးကို နေရာပေးရန် ဆုံးဖြတ်ပြီး ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဟားဗတ်တက္ကသိုလ်သည် မိမိတို့ကျောင်းထွက် ကျောင်းသားဟောင်းများကိုပင် ကျောင်းအုပ်ကြီးရာထူးများ ပြန်လည်ခန့်အပ်လေ့ ရှိကြောင်း၊ အိုဘားမားသည်လည်း ၁၉၉၁ ခုနှစ်က ဟားဗတ်ဥပဒေတန်းကို တက်ရောက်ခဲ့ဖူးပြီး၊ Harvard Law Review မဂ္ဂဇင်းတွင်လည်း ပထမဆုံး အာဖရိကန်-အမေရိကန်တစ်ဦး အနေနှင့် အယ်ဒီတာရာထူးကို ထမ်းဆောင်ခဲ့သူ ဖြစ်ကြောင်း The Bostom Globe တွင် ရေးသားထားသည်။ 

သမ္မတဟောင်း ဘားရက်အိုဘားမားသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဘာသာရပ်ကို ချီကာဂိုတက္ကသိုလ် ဥပဒေတန်းတွင် ၁၀ နှစ်ကျော် ပို့ချပေးခဲ့သည့် ဆရာအတွေ့အကြုံရှိခဲ့သူ ဖြစ်ပြီး၊ သူသမ္မတအဖြစ် အိမ်ဖြူတော်တွင် တာဝန်ထမ်းဆောင်နေစဉ်ကလည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး မကြာခဏ ဝေဖန်ဆွေးနွေးတတ်သူ ဖြစ်သည်။

အိုဘားမားသည် ဟားဗတ်တွင် ကျောင်းအုပ်ကြီးအဖြစ် တာဝန် သွားရောက်မထမ်းဆောင်မီ အိမ်ဖြူတော် နေ့ရက်များနှင့် ပတ်သက်သည့် မှတ်တမ်းစာအုပ်ကို ရေးသားပြုစုလျက်ရှိသည်။

သမ္မတဟောင်း အိုဘားမားနှင့်အပြိုင် ဟားဗတ်တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် သတင်းပြေးနေသူတစ်ဦးမှာ ဟားဗတ်စီးပွားရေကျောင်းမှ ဌာနမှူး နီတင်နောရီးယား ဖြစ်ကြောင်း AOL News သတင်းတွင် ဖော်ပြထားသည်။                   

E01