News

POST TYPE

EDUCATION

မည်သည့်ဘာသာဖြင့် အကောင်းဆုံး လေ့လာသင့်ကြောင်း စစ်တမ်းကောက်
20-Apr-2017 tagged as

ကမ္ဘာပေါ်တွင် ဘာသာစကား အမျိုးအစားပေါင်း ၇၀၉၉ မျိုးရှိပြီး ကလေးများအတွက် မည်သည့်ဘာသာဖြင့် သင်ကြားခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း ဩစတြေးလျနိုင်ငံ တောင်ပိုင်းကွင်းစ်လန်း တက္ကသိုလ်မှ ပညာရှင်များက စစ်တမ်းကောက်လျက်ရှိသည်ဟု The Independent သတင်းတွင် ဖော်ပြထားသည်။ 

ပညာရှင်များက ဩစတြေးလျနိုင်ငံမှာ ကျောင်းသားများအတွက် မည်သည့် ဘာသာရပ်ဖြင့် သင်ကြားခြင်းက ပိုပြီး ထိရောက် ကောင်းမွန်ကြောင်း လေ့လာဆန်းစစ်ရာတွင် ယနေ့တိုင် အဖြေရှာမရနိုင်သေးသော်လည်း အဖြေတစ်ခု ထုတ်နိုင်ကြောင်း ပြောကြားသည်။

ကမ္ဘာပေါ်တွင် အင်္ဂလိပ် ဘာသာစကားက လွဲလျှင် အများဆုံး ပြောဆိုသုံးစွဲသည့် ဘာသာစကား သုံးမျိုးသာရှိကြောင်း၊ မန်ဒရင်း ဘာသာစကားကို ပြောဆိုသူ ၈၉၈ သန်း၊ စပိန်ဘာသာစကား ပြောကြားသူ ၄၃၇ သန်းနှင့် အာရဗစ် ဘာသာစကားကို ပြောကြားသူ ၂၉၅ သန်း ရှိသည်ဟုဆိုသည်။

ပညာရေးထောင်စုနှစ်တွင် ပညာရေးအတွက် ရင်းနှီးမြှုပ်နှံမှု အများဆုံး နိုင်ငံကြီး လေးနိုင်ငံမှာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံ လေးနိုင်ငံဖြစ်ပြီး စီးပွားရေးအရ အတိုးတက် အဖွံ့ဖြိုးဆုံးနိုင်ငံ သုံးနိုင်ငံတွင် အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား နိုင်ငံများဖြစ်ကာ ထိုနိုင်ငံ သုံးနိုင်ငံတွင် အများဆုံး ပြောဆိုကြသည့် ဘာသာစကားများမှာ ဟင်ဒီ၊ အင်ဒိုနှင့် မလေး ဘာသာစကားများသာ ဖြစ်ကြသည်။

အင်္ဂလိပ် ဘာသာစကားသည် ကမ္ဘာပေါ်တွင် အများဆုံးနှင့် ခရီးသွား ဘာသာစကား တစ်ခုအဖြစ် ယနေ့တိုင် သုံးစွဲနေကြပြီး၊ နိုင်ငံပေါင်း ၁၆၀ တွင် အသုံးပြုနေကြသည်။

အင်္ဂလိပ် ဘာသာစကားသည် နိုင်ငံတကာတွင် အများဆုံး အသုံးပြုနေသည့် ဘာသာစကား ဖြစ်သကဲ့သို့ ဩစတြေးလျနိုင်ငံရှိ ကလေးများကို ပညာသင်ကြားပေးရာတွင် ဒုတိယ အကောင်းဆုံးနှင့် အလေးပေး အသင်ကြားသင့်ဆုံး ဘာသာစကားမှာ ပြင်သစ် ဘာသာစကားဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ကြသည်။

E-01

  • TAGS