News

POST TYPE

EDUCATION

သမီးရည်းစားစုံတွဲထံမှ ဖုန်းနှင့် ရွှေထည်ပစ္စည်း လုယက်သူများကို ဖမ်းဆီးရမိ
04-Jul-2019
မန္တလေး၊ ဇူလိုင် ၄

ကျောက်ဆည်မြို့၊ ရွှေသာလျောင်း တောင်ပေါ်တွင် ချိန်းတွေ့သည့် သမီးရည်းစားနှစ်ဦးထံမှ ဖုန်းနှစ်လုံးနှင့် ဆွဲကြိုးလုယူသွားသူ လေးဦးကို ဇူလိုင်လ ၂ ရက်နေ့ ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ကျောက်ဆည်မြို့မ ရဲစခန်းထံမှ သိရသည်။

ယင်းသို့လုယူသူများမှာ ဖိုးသား (ခ) မျိုးလှိုင်ဝင်း ၁၈ နှစ်၊ ရဲမြင့်ထွေး (ခ)ထွေးထွေး ၂၃ နှစ်၊ မြတ်သူ ၁၉ နှစ်၊ ဇေယျာလင်း ၂၀ နှစ်တို့ဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ (ပ)၄၅၈/၂၀၁၉၊ ရာဇသတ်ကြီး ၃၉၄/၁၁၄ အရ အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ကျောက်ဆည်မြို့၊ ဝေဘူချောင်သွားသည့်ကားလမ်းဘေးတွင် ဇွန်လ၂၁ ရက် နေ့ မွန်းလွဲပိုင်းက သမီးရည်းစားစုံတွဲတစ်တွဲမှာ ချိန်းဆိုစကားပြောဆိုနေစဉ် အမည်မသိ လူငယ်လေးဦးက ရောက်ရှိလာပြီး ဖုန်းနှင့် ရွှေထည်ပစ္စည်းများကို ရိုက်နှက်လုယူသွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏မှတ်တမ်းများအရ သိရသည်။

M-01