News

POST TYPE

EDUCATION

ကျိုင်းတုံတွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး
24-Apr-2019
ကျိုင်းတုံ၊ ဧပြီ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံ မြို့အမှတ် (၁) ရပ်ကွက် ယန်းခမ်း (အထက်) ရွာရှိ နေအိမ်တစ်လုံးတွင် ဧပြီလ ၂၂ ရက် ည ၇ နာရီခန့်က အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“အိမ်အောက်ထပ်မှာ သူ့ကိုယ်သူ ကြိုးဆွဲချသေဆုံးတာပါ။ ဘာအကြောင်းကြောင့် ကြိုးဆွဲချသေတယ်ဆိုတာတော့ မသိဘူး”ဟု ၎င်းကဆိုသည်။

အဆိုပါ ဖြစ်စဉ်တွင် အသက် (၃၀) နှစ်ခန့်အရွယ် မောင်ထွေးသည် ကြိုးဆွဲချသေဆုံးခဲ့ရာ သေမှုသေခင်းအမှတ် စဉ်(၁၃/၂၀၁၉)ဖွင့်လှစ်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ် မဟုတ် သိရှိရန်စစ်ဆေးနေကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်။

R-16