News

POST TYPE

EDUCATION

အမေရိက၏ လစာအကောင်းဆုံး အလုပ် ၁၀ မျိုး
28-Jul-2016


1 .Medical Doctors

အခြေခံလစာ ဒေါ်လာ ၁၈၀,၀၀၀ ဖြစ်ပါတယ်။ အမေရိကမှာတော့ အကောင်းဆုံး လစာလို့ ဆိုနိုင်တယ်။ ၂၀၁၄ ခုနှစ်ကစပြီး နှစ်စဉ် ၁၄ ရာခိုင်နှုန်းလောက် လစာတွေ တိုးလာပါတယ်။ အခြားသော အလုပ်တွေနဲ့ယှဉ်ရင် လစာ နှစ်ဆလောက် မြင့်နေတာ တွေ့ရတယ်။

2. Lawer

အခြေခံလစာ ဒေါ်လာ ၁၄၄,၅၀၀ လောက် ရပါတယ်။ အမေရိကမှာတော့ ဒုတိယ နေရာမှာ ရှိတဲ့အလုပ် ဖြစ်တယ်။ အတွေ့အကြုံ ကောင်းကောင်းနဲ့ တော်ရင် တော်သလောက် ဝင်ငွေ ကောင်းပါတယ်။

3. Research and Deveklopment Manager

အခြေခံလစာ ဒေါ်လာ ၁၄၂,၁၂၀ လောက် ရတယ်။ ကျွမ်းကျင်မှုနဲ့ လုပ်ဆောင်နိုင်စွမ်းတွေအပေါ် မူတည်ပြီး လစာကောင်းတတ်တယ်။ တီထွင်ဖန်တီးအား၊ ဦးဆောင်နိုင်တဲ့ စွမ်းအားတွေ ရှိဖို့လိုတယ်။

4. Software Development Manager

အခြေခံလစာ ဒေါ်လာ ၁၃၂,၀၀၀ လောက်ရတယ်။ ပရိုဂရမ်တွေကို ကောင်းကောင်း ထိန်းသိမ်း ကိုင်တွယ်နိုင်သူတွေ ဖြစ်ရမယ်။ ကွန်ပျူတာ စနစ်တွေကို ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ဖို့ လိုတယ်။

5. Manager

မန်နေဂျာဆိုတဲ့ ရာထူးအတွက် လုပ်ငန်း အတွေ့အကြုံတွေ လိုပါတယ်။ ပညာ အရည်အချင်းကလည်း ဒေါက်တာဘွဲ့တွေလောက် ရှိထားရမယ်။ အခြေခံ လစာကတော့ ဒေါ်လာ ၁၃၀,၀၀၀ လောက်ရတယ်။ 

6. Strategy Manager

ကုမ္ပဏီရဲ့ စီမံချက်တွေကို ကြိုတင် ချမှတ်နိုင်စွမ်းရှိသူတွေ၊ အခြား ကုမ္ပဏီတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ၊ ကုမ္ပဏီ တိုးတက်ရာ တိုးတက်ကြောင်းတွေကို ကြံဆောင်နိုင်သူ ဖြစ်ရမယ်။ အခြေခံ လစာကတော့ ဒေါ်လာ ၁၃၀,၀၀၀ ဖြစ်ပါတယ်။ ဘွဲ့တစ်ခုခုတော့ ရရှိထားဖို့ လိုတယ်။ Master လောက်ဆိုရင် စိတ်ဝင်စားကြတယ်။ 

7. Software Architect

ကွန်ပျူတာ ပရိုဂရမ်ကို ကောင်းစွာ ရေးသားနိုင်သူတွေ ဖြစ်ရမယ်။ ကုမ္ပဏီရဲ့ ခေါင်းဆောင်တွေက လုပ်ချင် ဖြစ်ချင်တာတွေကို လိုက်ပြီး အကောင်အထည် ဖော်ပေးနိုင်ရမယ်။ သိပ္ပံဘွဲ့လောက်နဲ့ ကွန်ပျူတာ ပရိုဂရမ်လောက် ကျွမ်းကျင်မှ ဖြစ်မယ်။ အခြေခံလစာကတော့ ဒေါ်လာ ၁၂၈,၂၅၀ လောက်ရတယ်။ 

8. Integrated Circuit Designer

အီလက်ထရွန်းနစ် ဒီဇိုင်းတွေ တီထွင်နိုင်ရမယ့်အပြင် ကုမ္ပဏီရဲ့ ဟာ့ဒ်ဝဲဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်သူတွေ ဖြစ်ရမယ်။ B.S. ဘွဲ့ သို့မဟုတ် သိပ္ပံ Master ဘွဲ့လောက် ရထားရမယ်။ Electrical Engineering ဆိုရင် စိတ်ဝင်စားတယ်။ အခြေခံ လစာကတော့ ဒေါ်လာ ၁၂၇,၅၀၀ လောက် ဖြစ်ပါတယ်။

9. Information Technology Manager

ကုမ္ပဏီက ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲနဲ့ Network တွေအားလုံးကို အဆင်ပြေအောင် ထိန်းသိမ်း ပေးနိုင်သူ ဖြစ်ရမယ်။ ကုမ္ပဏီရဲ့ အိုင်တီ လုပ်ငန်းတွေကို တာဝန် ယူရမယ်။ သက်ဆိုင်ရာ ဘာသာရပ်နဲ့ ပတ်သက်တဲ့ ဘွဲ့ တစ်ခုခုရထားဖို့ လိုတယ်။ နည်းပညာကိုလည်း လက်တွေ့ ကျွမ်းကျင်စွာ ကိုင်တွယ် လုပ်ဆောင် နိုင်ရမယ်။ အခြေခံလစာကတော့ ဒေါ်လာ ၁၂၀,၀၀၀ ဖြစ်ပါတယ်။

10. Solutions Architect

ကုမ္ပဏီရဲ့ ထုတ်ကုန်နဲ့ ပရောဂျက်တွေကို ဦးဆောင် နိုင်စွမ်းရှိသူတွေ ဖြစ်ရမယ်။ နည်းပညာပိုင်းမှာ အထူး ကျွမ်းကျင်ပြီး ဖန်တီးအား ကောင်းသူတွေ ဖြစ်ရမယ်။ သက်ဆိုင်ရာ နယ်ပယ်နဲ့ ပတ်သက်တဲ့ ဘွဲ့တစ်ခုခုရထားဖို့ လိုတယ်။ မားကက်တင်းနဲ့ အင်ဂျင်နီယာပိုင်းတွေကို နားလည်သူ ဖြစ်ရမယ်။ အခြေခံလစာကတော့ ဒေါ်လာ ၁၂၀,၀၀၀ ဖြစ်ပါတယ်။

Source : www.glassdoor.com

  • VIA