News

POST TYPE

EDUCATION

အမေရိကတွင် Computer Science သင်ကြားရန် အကောင်းဆုံးကျောင်းများ
14-Jul-2018

ရိကန်ပြည်ထောင်စုတွင် Computer Science ဘာသာရပ်အား လေ့လာသင်ကြားလိုသူများအတွက် လမ်းညွှန်ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ထိပ်တန်း Computer Science ဘာသာရပ်များ သင်ကြားနေသည့် ကျောင်း (တက္ကသိုလ်) ပေါင်း ၅၀၀ ခန့်ရှိပါသည်။ ယင်းတို့အနက် အမေရိကန်ပြည်ထောင်စုတွင် ၉၃ ကျောင်းရှိကြောင်း သိရသည်။  Computer Science ဘာသာရပ်တွင် လေ့လာသင်ယူနိုင်ရန်အတွက် သင်ကြားပေးနေသည့် subject ပေါင်း ၄၈ ခုခန့်ရှိပြီး အဆိုပါကျောင်းများ၌ သင်ကြားပေးနေသည်။



10. California Institute of Technology (Caltech)

၂၀၁၈ ခုနှစ်၏ Computer Science ကျောင်းများထဲတွင် အမေရိက၏ နံပါတ် ၁၀ အဆင့် ကျောင်းဖြစ်သည်။ Caltech  သည် ကမ္ဘာ့ Computer Science သင်ကြားသည့်ကျောင်းများထဲတွင် အဆင့် ၂၂ ကို ရောက်လာပြီဖြစ်သည်။ Computer Science ဘာသာရပ်ကို သင်ကြားမှုတွင် ကျောင်းသားဆရာ အချိုးမှာ ၃ အချိုး ၁ ဖြစ်သည်။ တီထွင်သူများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုများကို အထူးအားပေးအားမြှောက်ပြုနေခြင်းကြောင့်လည်း ထင်ရှားသည်။ 



9. Georgia Institute of Technology (Georgia Tech)

Georgia Tech ကျောင်းသည် ၂၀၁၈ ခုနှစ်တွင် ကမ္ဘာ့အဆင့် ယခင် ၂၈ မှ ၂၁ ကိုတက်လာသည်။ သုတေသနလုပ်ငန်းများ လုပ်ဆောင်နေမှုတွင် Computer Science နှင့် ပတ်သက်ပြီးထင်ရှားသည်။ ဤကျောင်းမှ ကျောင်းသားများ၏ ထူးခြားသည့် အခွင့်အရေးတစ်ခုမှာ တက္ကသိုလ်၏ Center for Machine Learning တွင် အပိုဘာသာတွဲများကို သွားရောက်လေ့ကျင့်သင်ကြားခွင့်ရှိခြင်းဖြစ်သည်။ ထိုစင်တာမှ သုတေသနလုပ်ငန်းပေါင်းများစွာကို အစဖော်ပေးနိုင်ခဲ့ပြီး မိမိတို့ စာတမ်းများကို အကောင်းဆုံးပြုစုနိုင်ခဲ့ကြသည်။



8. University of Washington

ကမ္ဘာ့အဆင့် နံပါတ် ၁၈ ဖြစ်သည်။ Computer Science ဘာသာရပ်သင်ကြားသည့် အမေရိကကျောင်းများထဲတွင် အဆင့် ၈ ဖြစ်သည်။ သုတေသနလုပ်ငန်းများကို အားသွန်လုပ်ဆောင်နေခြင်းကြောင့်လည်း ထင်ရှားလာရခြင်းဖြစ်သည်။ ၂၀၀၃ ခုနှစ်တွင် Paul G. Allen School of Computer Science & Engineering ကျောင်းကို ကျောင်းခွဲအဖြစ် ဖွင့်လှစ်သည်။ Microsoft ကုမ္ပဏီကိုထူထောင်သူ ပေါလ်အယ်လန်က ဒေါ်လာ ၄ သန်းမတည်ပေးပြီး အဆောက်အအုံများကို ဆောက်လုပ်ပေးသည်။ Computer Science ဘာသာရပ်သည် ယခုအခါ ဝါရှင်တန် တက္ကသိုလ်အတွက် အရေးပါသည့် ဘာသာရပ်တစ်ခုဖြစ်နေသည်။ တက်ရောက်ရန်အတွက် တတိယအများဆုံးလျှောက်ထားသည့် ဘာသာရပ်လည်းဖြစ်နေသည်။ 



7. University of California, Los Angeles (UCLA)

ယခုနှစ် Computer Science ကမ္ဘာ့အဆင့် ၁၃ ရှိသည့် ကျောင်းတစ်ကျောင်းဖြစ်သည်။ သုတေသန လုပ်ဆောင်မှုတွင် နာမည်ရသည့်ကျောင်းကြီးတစ်ကျောင်းဖြစ်သည်။ Computer Science ဘာသာရပ်များကို Hanry Samueli School of Engineering and Applied Science တွင် ဘွဲ့ကြိုကျောင်းသားများအား သင်ကြား ပို့ချပေးသည်။ ထိုကျောင်းခွဲတွင် Computer Science နှင့် အင်ဂျင်နီယာဘာသာရပ်များကို ရွေးချယ်ယူနိုင်သည်။ ကွန်ပျူတာ ဟာ့ဒ်ဝဲအပိုင်းကို အထူးပြုသင်ကြားပေးလျက်ရှိသည်။ 



6. Princeton University

ပရင့်စ်တန်တက္ကသိုလ်သည် ကမ္ဘာ့ Computer Science ဘာသာရပ်သင်ကြားသည့် ကျောင်းများထဲတွင် အဆင့် ၈ ရှိသည်။ ထိုကျောင်းမှ ထွက်သည့် ကျောင်းသားများထဲတွင် Alan Turing, Alonzo Church, John von Neumann  တို့သည် ထင်ရှားသည်။ ထိုကျောင်း၏ ထူးခြားချက်မှာ သင်ရိုးပြဋ္ဌာန်းချက်များနှင့် ဘောင်မခတ်ထားခြင်းဖြစ်သည်။ ကျောင်းသားများသည် Computer Science ဆိုင်ရာ ဒီဇိုင်းများ သို့မဟုတ် သုတေသနလုပ်ငန်းများကို စိတ်ကြိုက် လွတ်လပ်စွာဖြင့် ပရောဂျက်များကို လုပ်ဆောင်ခွင့်ပေးထားသောကြောင့် ထင်ရှားသည်။



5. Harvard University

Computer Science ဘာသာရပ်နှင့်ပတ်သက်ပြီး ကမ္ဘာ့အဆင့် ၆ ရှိသော ကျောင်းကြီးတစ်ကျောင်းဖြစ်သည်။ ကျောင်းရှိ ဆရာ၊ ဆရာမများကြောင့်လည်း ဂုဏ်သတင်းကြီးသည်။ Theory, systems & networks, privacy & security, artificial intelligence, imaging, linguistics တို့ကို Computer Science ဘာသာရပ်သင်ကြားလိုသူများအတွက် သင်ကြားပို့ချပေးလျက်ရှိသည်။ 



4. University of California, Berkeley (UCB)

UCB ကျောင်းကြီးသည် ကမ္ဘာ့အဆင့် နံပါတ် ၄ ရှိသည်။ Computer Science ဆိုင်ရာ ပညာရပ်များကို သင်ကြားရာတွင် ကမ္ဘာကအလေးထားသည့် ဂုဏ်သတင်းကြီးသော တက္ကသိုလ်ကြီးဖြစ်သည်။ UCB တွင် ဖွင့်လှစ်ထားသည့် Electrical Engineering & Computer Sciences Department ဌာနတွင် ဘွဲ့ကြိုတန်းတက်ရောက်လိုသူများအနေနှင့် EECS ဘွဲ့အတွက်လည်း ရွေးချယ်တက်ရောက်ခွင့်ရှိသည်။ ကွန်ပျူတာသိပ္ပံဘာသာရပ်များနှင့် အီလက်ထရစ်ကယ် အင်ဂျင်နီယာဘာသာရပ်များကို ပေါင်းစပ်ပြီး အခြေခံအဖြစ် သင်ကြားပေးသည်။ သင်ကြားပို့ချချက်များနှင့် သုတေသနလုပ်ငန်းများကြောင့် ထင်ရှားသည်။ 



3. Carnegie Mellon University

Computer Scince ဘာသာရပ်များ သင်ကြားရာတွင် QS World University Rankings by Subject ၏ သတ်မှတ်ချက်အရ အမေရိက၏ အကောင်းဆုံး နံပါတ် ၃ အဆင့်ကို ရရှိထားသည်။ သင်ကြားသည့်ဘာသာရပ်ဆိုင်ရာ အကြောင်းအချက်များကို အလွန်အဆင့်မြင့်ကြောင်းလည်း သတ်မှတ်ထားသည်။ ဤကျောင်း၏ သုတေသနပြုလုပ်ချက်များကို ကြည့်လျှင် computer networks, parallel processing, programming languages, robotics, software engineering, the invention of the smiley face emoticon စသည့် ဘာသာရပ်များဖြစ်နေကြောင်း တွေ့ရမည်ဖြစ်သည်။



2. Stanford University

အမေရိက၏ Computer Scince တက္ကသိုလ်များတွင် နံပါတ် ၂ အဆင့်ရှိသည်။ ကမ္ဘာ့အဆင့်တွင်လည်း နံပါတ် ၂ ချိတ်ထားသည်။ သုတေသနလုပ်ငန်းများအတွက် ထင်ရှားသည်။ ဤတက္ကသိုလ်သည် အမေရိက၏ နည်းပညာ နှလုံးသားဟု ခေါ်နိုင်သော Silicon Valley တည်ရှိရာဒေသတွင် ဖွင့်လှစ်ထားသောကြောင့်လည်း ပိုပြီးထင်ရှားသည်။ Netflix, Mozilla Firefox, YouTube, Whatsapp, Google ကုမ္ပဏီကြီးများကို ထူထောင်ခဲ့သူများသည် ဤကျောင်းထွက်များဖြစ်သည်ကိုကြည့်လျှင် အဘယ်ကြောင့် နာမည်ကျော်ရကြောင်း သိနိုင်သည်။ ဤကျောင်းတွင် ကမ္ဘာကျော်ဆုတစ်ခုဖြစ်သည့် Turing Award ဆုရရှိထားသူများလည်း ခိုနားရာနေရာဖြစ်သည်။



1.Massachusetts Institute of Technology (MIT)

အမေရိက၏ အကောင်းဆုံး Computer Scince ကျောင်းကြီးအဖြစ် သတ်မှတ်ခြင်းခံရသည်။ ကမ္ဘာ့အကောင်းဆုံး နံပါတ် ၁ ကျောင်းကြီးအဖြစ်လည်း ၆ နှစ်ဆက်တိုက် သတ်မှတ်ခြင်းခံထားရသည်။ ဤကျောင်းရှိ Electrical Engineering and Computer Science ဌာနသည် နာမည်အကြီးဆုံးဌာနဖြစ်ပြီး အကြီးဆုံးလည်းဖြစ်သည်။ ကမ္ဘာ့သုတေသနလုပ်ငန်းများတွင် အကောင်းဆုံး တီထွင်မှုများ၊ လေ့လာစူးစမ်းသူများပေါ်ထွက်ရာ ဘူမိနက်သန်နေရာကြီးတစ်ခုလည်း ဖြစ်သည်။ 

E-01

(Ref: Top Universities in the US for Computer Science in 2018)