News

POST TYPE

EDUCATION

ဆယ်တန်းအောင်စာရင်း ဇွန် ၂ ရက် ထွက်မည်
30-May-2018

ရန်ကုန်၊ မေ ၂၉

ယခုနှစ် မတ်လကစစ်ဆေးခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ (ဆယ်တန်း) အောင်စာရင်း ဇွန်လ ၂ ရက် ထွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက မေလ ၂၉ ရက်တွင် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် သတင်းထုတ်ပြန်သည်။

အောင်စာရင်းများကို မြို့နယ်အလိုက် စာစစ်ဌာနရှိရာကျောင်းများသာမက မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနဝက်ဘ်ဆိုက် www.myanmarexam.org တွင်လည်း ယင်းနေ့ နံနက် ၆ နာရီမှစ၍ ဝင်ရောက်ကြည့်ရှုနိုင်မည်။

တိုင်းနှင့်ပြည်နယ်အလိုက် အောင်စာရင်းများကို အထက (၁) အင်းစိန်၊ အထက (၁) ရန်ကင်း၊ အထက (၃) ကမာရွတ်၊ အထက (၁) လမ်းမတော်၊ အထက (၂) ဒဂုံနှင့် အထက (၁) သင်္ဃန်းကျွန်း၌ ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရှိရသည်။

မတ်လက စစ်ဆေးခဲ့သည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာန ၁၇၄၂ ခု၌ ကျောင်းသား၊ ကျောင်းသူ ခုနစ်သိန်းရှစ်သောင်းကျော် ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံမှ သိရှိရသည်။

J-19



  • VIA