News

POST TYPE

EDUCATION

အဖေနဲ့ သမီး တူတူဘွဲ့ရ ကျောင်းပြီး
12-May-2018


အမေရိကန်ပြည်ထောင်စု ဖီလာဒယ်ဖီးယားမြို့က ဖခင်ဖြစ်သူနဲ့သမီးတို့ နှစ်ယောက်ဟာ တစ်နှစ်တည်းအတူတူ ကျောင်းပြီး ဘွဲ့ရသွားကြပါတယ်။

Temple တက္ကသိုလ်ကနေ သားအဖနှစ်ယောက် တစ်ရက်တည်း ဘွဲ့ယူခဲ့ကြတာဖြစ်ပါတယ်။

ခရိတ်မန်းနင်းနဲ့ သမီးဖြစ်သူ ဂျူလီယာနာတို့ဟာ ကြာသပတေးနေ့က တက်ရောက်ဘွဲ့ယူခဲ့ကြတာ ဖြစ်ပါတယ်။

ဖခင်ဖြစ်သူက ရုပ်ရှင်နဲ့ မီဒီယာ အနုပညာဘွဲ့ရခဲ့တာဖြစ်ပြီး သမီးကတော့ ဘာသာဗေဒနဲ့ အရေးအသားဘွဲ့ကို ရရှိခဲ့တာ ဖြစ်ပါတယ်။ 

ဇနီးဖြစ်သူက လေတပ်မှာ တာဝန်ထမ်းဆောင်နေတာမို့ မိသားစုတာဝန်များကို ယူထားရပြီး ဘွဲ့ရအောင် ပညာယူရတဲ့ ခရီးစဉ်က ရှည်လျားခဲ့တယ်လို့ ခရိတ်မန်းနင်းက ပြောကြားပါတယ်။

အချိန်ရတိုင်း အတန်းတွေကို သွားတက်ခဲ့ပြီးတော့ အချိန်ပြည့် အလုပ်တစ်ခုလည်း လုပ်နေတဲ့ အမျိုးသားကြီး ဖြစ်ပါတယ်။ 

F-02