News

POST TYPE

EDUCATION

International Ambassador Scholarships
05-May-2018 tagged as Scholarships



University of West London တွင် တက်ရောက်ပညာသင်ကြားခွင့်ရမည့် အစီအစဉ်ဖြစ်သည်။ ပေးအပ်မည့်ဘွဲ့မှာ Bachelors/ Masters Degree များဖြစ်ပြီး ဇူလိုင်လ ၁၅ ရက်နေ့တွင် နောက်ဆုံးလျှောက်ထားကြရန် ထုတ်ပြန်ထားသည်။ သင်တန်းစတင်မည့် ကာလမှာ ၂၀၁၈ စက်တင်ဘာလတွင်ဖြစ်သည်။

International Ambassador Scholarships သည် ထူးချွန်သည့် ကလေးများအား University of West London တွင် တက်ရောက်ပညာသင်ကြားခွင့်ရရန် အထောက်အကူပေးသည့် ပညာသင်ဆုလည်းဖြစ်သည်။ လန်ဒန် University of West London တွင် တက်ရောက်ပညာသင်ကြားခွင့်ရမည့် အခွင့်အရေးဖြစ်ပြီး အချိန်ပြည့်တက်ရောက်ရမည်ဖြစ်သည်။

လက်ခံမည့် ပညာတော်သင်အရေအတွက်မှာ ၅၀ ဖြစ်ပြီး Non-EU Intenational Students ဟု ဆိုထားသောကြောင့် မြန်မာနိုင်ငံမှ ထူးချွန်သော ကျောင်းသားများလည်း လျှောက်ထားနိုင်ပါသည်။

ပညာသင်ဆုအတွက် ထောက်ပံ့ကြေးအဖြစ် စတာလင်ပေါင် ၅၀၀၀ ရရှိမည်ဖြစ်သည်။ 

International Ambassador Scholarships သည် ဝင်ခွင့်အတွက် ယှဉ်ပြိုင်ရွေးချယ်သည့်စနစ်ကို ကျင့်သုံးပါသည်။ ထို့ကြောင့် အရည်အချင်းပြည့်မီမည်ထင်သူများ လျှောက်ထားသင့်သည်။

လျှောက်လွှာများကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့အရောက် ပေးပို့ရမည်ဖြစ်ပြီး အသေးစိတ်ကို အောက်ဖော်ပြပါ Website ထဲတွင် သွားရောက်လေ့လာနိုင်ပါသည်။ 

http://www.uwl.ac.uk/international/fees_and_scholarships/International_Ambassador_Scholarships.jsp

E-01