News

POST TYPE

EDUCATION

လာမည့်နှစ်မှစ၍ တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံပြောင်းမည်
30-Apr-2018

ရန်ကုန်၊ ဧပြီ ၃၀

လာမည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှစ၍ တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) မေးခွန်းပုံစံကို ပုံစံအသစ်ဖြင့် ပြောင်းလဲစစ်ဆေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ယနေ့ (ဧပြီ ၃၀ ရက်)တွင် သတင်းထုတ်ပြန်သည်။

ပြောင်းလဲစစ်ဆေးမည့် မေးခွန်းပုံစံသစ်များကို ကျောင်းသား၊ ဆရာ၊ မိဘများသိရှိနိုင်ရန် နေ့စဉ်ထုတ်သတင်းစာများမှတစ်ဆင့် မေလ ၂ ရက်မှစ၍ ထုတ်ပြန်အသိပေးသွားမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရှိရသည်။

မေလ ၂ ရက်တွင် မြန်မာစာ၊ မေလ ၃ ရက်တွင် အင်္ဂလိပ်စာ၊ မေလ ၄ ရက်တွင် သင်္ချာ၊ မေလ ၅ ရက်တွင် ဓာတုဗေဒ၊ မေလ ၆ ရက်တွင် ရူပဗေဒ၊ မေလ ၇ ရက်တွင် ဇီဝဗေဒ၊ မေလ ၈ ရက်တွင် ပထဝီဝင်၊ မေလ ၉ ရက်တွင် သမိုင်းနှင့် မေလ ၁၀ ရက်တွင် ဘောဂဗေဒ မေးခွန်းပုံစံများ ဖော်ပြမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရှိရသည်။

  • VIA