News

POST TYPE

EDUCATION

OFID Scholarship Award
05-Apr-2018



နိုင်ငံများမှ ထူးချွန်သည့် လူငယ်များကို ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် အခွင့်အရေးပေးသည့် ပညာသင်ဆုဖြစ်သည်။ ပေးအပ်မည့်ဘွဲ့အမျိုးအစားမှာ Masters (MS) Degree ဖြစ်သည်။ ၂၀၁၈ ခုနှစ် မေလတွင် လျှောက်လွှာပိတ်မည်ဖြစ်ပြီး၊ စေလွှတ်သည့်နိုင်ငံများတွင် သွားရောက်သင်ကြားရမည်ဖြစ်သည်။ သင်တန်းများကို ဩဂုတ်လ သို့မဟုတ် စက်တင်ဘာလတွင် စတင်မည်ဟု သိရသည်။

ကမ္ဘာ့နိုင်ငံအသီးသီးရှိ OFID က အသိအမှတ်ပြုထားသော တက္ကသိုလ်များတွင် သွားရောက်ပညာသင်ကြားရမည်ဖြစ်ပါသည်။ Masters ဘွဲ့အတွက် လေ့လာရမည့် ပညာရပ်များမှာ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝပတ်ဝန်းကျင်၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဘာသာရပ်များဖြစ်ပါသည်။ 

အရေအတွက်မည်မျှခေါ်မည်ကို ဖော်ပြမထားပါ။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ နိုင်ငံသားတိုင်း လျှောက်ထားနိုင်ပါသည်။

ပညာသင်ဆုရရှိသူများကို ပညာသင်စရိတ်၊ ကျူရှင်ကြေးတို့အား မိမိတို့ယူသည့် ဘာသာရပ်အလိုက် ပြည့်စုံလုံလောက်အောင် ထောက်ပံ့ပေးပါသည်။ ကျောင်းသို့ အသွားအပြန် လေယာဉ်စရိတ်၊ ကျန်းမာရေးအာမခံ၊ တစ်နှစ်အတွက် လစဉ်ထောက်ပံ့ကြေးအနေနှင့် ချီးမြှင့်မည်ဖြစ်သည်။

လျှောက်ထားသူများသည် -

- လျှောက်လွှာတင်ချိန်တွင် အသက် ၂၃ နှစ်မှ ၃၂ နှစ်အတွင်း ရှိရမည်။
- အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးဖြစ်ရမည်။
- GPA 3.0 နှင့်အထက် ရရှိထားသူများဖြစ်ရမည်။
- ၂၀၁၈ ခုနှစ် ဩဂုတ် သို့မဟုတ် စက်တင်ဘာလအတွင်း ဖွင့်လှစ်မည့် သင်တန်းများကို သက်ဆိုင်ရာတက္ကသိုလ်တွင် အချိန်ပြည့်တက်ရောက်သင်ကြားနိုင်သူ ဖြစ်ရမည်။
- ပညာသင်ဆုပေးသည့်အဖွဲ့က သတ်မှတ်ထားသော ဘာသာရပ်များကိုသာ ရွေးချယ်လျှောက်ထားရမည်ဖြစ်သည်။

မိမိတို့လျှောက်လွှာများကို အွန်လိုင်းကတစ်ဆင့်ယူပြီး ဖြည့်စွက်ကာ အွန်လိုင်းကပင် ပြန်လည်တင်သွင်းပေးရမည်ဖြစ်ပါသည်။ မေလ ၄ ရက်နေ့ထက် နောက်မကျဘဲ ပြန်လည်တင်သွင်းရမည်ဖြစ်သည်။ အွန်လိုင်းကတစ်ဆင့် လျှောက်လွှာတင်သွင်းရန်အတွက် အသေးစိတ်ကို အောက်ပါ Website တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။ 

http://www.ofid.org/FOCUS-AREAS/ Beyond-the-scope/Scholarship-Award

E-01