News

POST TYPE

EDUCATION

Australia Awards Scholarships
05-Apr-2018



ဩစတြေးလျအစိုးရက ပေးအပ်ချီးမြှင့်သည့် ပညာသင်ဆုဖြစ်သည်။ ပေးအပ်မည့်ဘွဲ့များမှာ Bachelors/ Masters/ Ph.D Degrees များဖြစ်သည်။ 

လျှောက်လွှာပိတ်ရက်မှာ ၂၀၁၈ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ဖြစ်သည်။ ဩစတြေးလျနိုင်ငံတွင် ပညာသင်ကြားခွင့်ရမည့် အခွင့်အရေးတစ်ခုဖြစ်ပြီး ၂၀၁၈ ခုနှစ်ထဲတွင်ပင် သင်တန်းစတင်မည်ဖြစ်ကြောင်း သိရသည်။

Australia Awards Scholarships သည် Australian Development Scholarships (ADS) ပညာသင်ဆုအနေနှင့် ယခင်က ပေးအပ်ခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဘွဲ့ကြိုနှင့် ဘွဲ့လွန်ကျောင်းသားများအတွက် ပညာဆက်လက်သင်ယူနိုင်ရန် အခွင့်အရေးပေးခြင်းဖြစ်သည်။ ဤဆုရရှိသူများသည် ဩစတြေးလျနိုင်ငံ တက္ကသိုလ်များနှင့် Technical and Further Education (TAFE) တို့၌ ပညာသင်ကြားခွင့်များ ရရှိကြမည်ဖြစ်သည်။

ဘွဲ့ကြိုနှင့် ဘွဲ့လွန် ပရိုဂရမ်များသည် မိမိတို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်စပ်မည့် အကြောင်းအရာများကို သင်ယူလေ့လာကြရမည်ဖြစ်သည်။ လေကြောင်း၊ နျူကလီယားနည်းပညာနှင့် စစ်ရေးသင်တန်းများတွင် တက်ရောက်သင်ကြားခွင့် မပြုပါ။

အရေအတွက်မည်မျှခေါ်မည်ဟု ဖော်ပြမထားပါ။ ပညာသင်ဆုရရှိသူများသည် ကျူရှင်ကြေး အပြည့်အဝထောက်ပံ့ပေးခြင်းခံရမည်။ အပြန်လေယာဉ် စရိတ်၊ နေထိုင်စားသောက်စရိတ်များ၊ ကျန်းမာရးစရိတ်၊ အင်္ဂလိပ်စာ ကြိုတင်လေ့လာစရိတ်များ ခံစားခွင့်များပြုမည်ဖြစ်သည်။

လျှောက်ထားသူများသည် -

- ပညာသင်ဆုရချိန်တွင် အသက် ၁၈ နှစ် ပြည့်ပြီးသူဖြစ်ရမည်။
- သတ်မှတ်ထားသည့် နိုင်ငံများမှ နိုင်ငံသားများ ဖြစ်ရမည်။ 
- အိမ်ထောင်မရှိသူများဖြစ်ရမည်။
- ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံသားများ မဖြစ်ရ။

အသေးစိတ်ကို သက်ဆိုင်ရာ Website တွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။ လျှောက်ထားလိုသူများသည် လျှောက်ထားရာ၌ လိုအပ်ချက်များအား http://www.dfat.gov.au/people-to-people/australia-awards/Pages/how-to-apply-for-an-australia-awards-scholarship.aspx တွင်လည်းကောင်း၊ ပညာသင်ဆုပေးသည့် Website ဖြစ်သော http://www.dfat.gov.au/people-to-people/australia-awards/Pages/australia-awards-scholarships.aspx တွင်လည်းကောင်း အချက်အလက်များကို သွားရောက်လေ့လာနိုင်ပါသည်။

ဩစတြေးလျတွင် ပညာသင်လိုသူများအနေနှင့် http://www.scholars4dev.com/4950/australia-scholarships/ ၌လည်း သွားရောက်လေ့လာသင့်သည်။

E-01