News

POST TYPE

EDUCATION

The Denys Holland Scholarship
17-Mar-2018



University College London တွင် တက်ရောက်ပညာသင်ကြားခွင့်ရမည့် အခွင့်အရေး ဖြစ်သည်။ ပေးအပ်မည့်ဘွဲ့မှာ Bachelors Degree ဖြစ်ပြီး ဗြိတိန်နိုင်ငံ၌ တက်ရောက်သင်ယူရမည် ဖြစ်သည်။ လျှောက်လွှာ နောက်ဆုံးပိတ်ရက်ကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ဟု သတ်မှတ်ထားသည်။ သင်တန်းကို ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။ 

တက်ရောက်လေ့လာသင်ယူနိုင်သည့် ဘာသာရပ်များမှာ University College London တွင် ပေးအပ်သည့် ဘာသာရပ်ဆိုင်ရာ ဘွဲ့များဖြစ်သည်။ ပညာတော်သင်ခေါ်ယူမည့် အရေအတွက်ကို ဖော်ပြမထားပါ။ မည်သည့်နိုင်ငံမှ ကျောင်းသားများမဆို လျှောက်ထားနိုင်ပါသည်။

ပညာသင်ဆုအတွက် ထောက်ပံ့ကြေးမှာ တစ်နှစ်လျှင် စတာလင်ပေါင် ၉၀၀၀ ရရှိမည်ဖြစ်ပြီး၊ သုံးနှစ် ထောက်ပံ့ကြေးပေးမည်ဖြစ်သည်။ ထိုငွေကြေးပမာဏသည် မိမိတို့ သင်ယူလိုသည့် ဘာသာရပ်တိုင်းအတွက် လုံလောက်သည့်အထောက်အပံ့များ ဖြစ်စေနိုင်ပါသည်။

လျှောက်ထားသူများသည် -

- University College London က ထုတ်ပေးထားသည့် Student Number ကို ရရှိထားသူ ဖြစ်ရမည်။
- University College London တွင် ဖွင့်လှစ်မည့် ၂၀၁၈ ခုနှစ် စက်တင်ဘာလသင်တန်းကို အချိန်ပြည့် တက်ရောက်သင်ယူနိုင်ရမည်။
- ကျောင်းတက်နေစဉ်ကာလအတွင်း ကျောင်းစာများအပေါ် စိတ်ဝင်စားပြီး တက်ကြွစွာ သင်ယူသူတစ်ဦးဖြစ်ရန်လိုသည်။
- အသက် ၂၅ နှစ်မကျော်သေးသည့် သတ်မှတ်ထားသော အရည်အချင်းပြည့်မီသူများ လျှောက်ထားနိုင်ပါသည်။

University College London က ထုတ်ပေးသည့် Student Number ကို ရရှိရန်အတွက် လုပ်ဆောင်ရမည့်အဆင့်များကို ပညာတော်သင်ဆုပေးအပ်သည့် Website အတွင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ လျှောက်လွှာများကို အွန်လိုင်းကတစ်ဆင့် တင်သွင်းရမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇူလိုင် ၆ ရက်၊ ဗြိတိန်စံတော်ချိန် ညနေ ၅ နာရီထက်နောက်မကျဘဲ အီးမေးလ်နှင့် ပေးပို့ရန်ဖြစ်သည်။ အသေးစိတ်ကို 

https://www.ucl.ac.uk/prospective-students/scholarships/undergraduate/denyshollandug တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

E-01