News

POST TYPE

EDUCATION

Joint Japan World Bank Graduate Scholarship Program
17-Mar-2018 tagged as ပညာရေး Scholarships



ဂျပန်အစိုးရနှင့် ကမ္ဘာ့ဘဏ်တို့ပေးအပ်သော ပညာသင်ဆုဖြစ်ပါသည်။ ပေးအပ်မည့် ဘွဲ့အမျိုးအစားမှာ Masters Degree ဖြစ်သည်။ 

လျှောက်လွှာနောက်ဆုံးတင်ရမည့်ရက်မှာ ၂၀၁၈ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ဖြစ်သည်။ တက်ရောက်သင်ကြားရမည့်နိုင်ငံနှင့် တက္ကသိုလ်များကို ရွေးချယ်ရမည်ဖြစ်ပါသည်။

The Joint Japan/World Bank Graduate Scholarship Program (JJ/WBGSP) သည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ အမျိုးသား၊ အမျိုးသမီးများကို ရွေးချယ်ခေါ်မည့် အစီအစဉ်ဖြစ်သည်။ လုပ်ငန်းအတွေ့အကြုံရှိသူများအပြင်၊ ကိုယ့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် ဝင်ရောက်ဆောင်ရွက်လိုစိတ်ရှိသူများကို ခေါ်မည်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နိုင်မည့် Master Degree တို့ကို လေ့လာသင်ယူနိုင်ရန်လည်း စီစဉ်ပေးထားပါသည်။

JJ/WBGSP ၌ ပရိုဂရမ်ပေါင်း ၂၀၀ ကျော်ရှိပါသည်။ အောက်ပါ Link တွင် Preferred Prorams များအဖြစ် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

http://pubdocs.worldbank.org/en/374821478177457089/JJ-WBGSP-Preferred-Programs.xlsx

အမေရိက၊ အာဖရိကနှင့် ဂျပန်နိုင်ငံတို့တွင် စီးပွားရေးမူဝါဒဆိုင်ရာ စီမံခန့်ခွဲမှုဘာသာရပ်များ၊ အခွန်ပေါ်လစီနှင့် စီမံခန့်ခွဲရေးဆိုင်ရာ ဘာသာရပ်များကိုလည်း လေ့လာနိုင်ပါသည်။ အသေးစိတ် လေ့လာရမည်ကို

http://pubdocs.worldbank.org/en/794501478095065445/JJ-WBGSP-Partnership-Programs.xlsx တွင် Partner Programs များအဖြစ် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ဖွံ့ဖြိုးဆဲနိုင်ငံများမှ မည်သည့်နိုင်ငံသားမဆို လျှောက်ထားနိုင်ပါသည်။ JJ/WBGSP ပညာသင်ဆုအတွက် ကျူရှင်ကြေး၊ နေထိုင်စားသောက်စရိတ်၊ လေယာဉ်စရိတ်၊ ကျန်းမာရေးစရိတ်၊ ခရီးစရိတ်များကို အပြည့်အဝ ထောက်ပံ့ပေးထားသည်။ သင်တန်းကာလမှာ ၂ နှစ်အများဆုံးဖြစ်ပြီး၊ ၂ နှစ်ထက်လည်း လျော့နည်းနိုင်ပါသည်။

လျှောက်ထားသူများသည် -

- World Bank အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသားများဖြစ်ရမည်။
- အခြားဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကြီးတစ်ခုခုနှင့် တွဲဖက်နိုင်ငံသားအဖြစ် ခံယူထားသူ မဖြစ်ရပါ။
- ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
- ဘွဲ့တစ်ခုခုကို ရရှိထားပြီးသူဖြစ်ရမည်။
- လုပ်ငန်းအတွေ့အကြုံ သုံးနှစ်နှင့်အထက်ရှိရမည်။
- လုပ်ငန်းတစ်ခုခုတွင် အချိန်ပြည့် ဝင်ရောက်လုပ်ဆောင်နေသူဖြစ်ရမည်။
- World Bank မှ ဝန်ထမ်းများ မဖြစ်ရသည့်အပြင် မိမိဆွေမျိုးသားချင်းများကလည်း World Bank တွင် တာဝန်ထမ်းဆောင်နေသူများ မဖြစ်ရပါ။

လျှောက်လွှာများကို ၂၀၁၈ ခုနှစ် ဧပြီလထက် နောက်မကျဘဲ JJ/WBGSP သို့ ပေးပို့ရမည်ဖြစ်သည်။ အသေးစိတ်ကို အောက်ပါ Website များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

http://www.worldbank.org/en/programs/scholarships

http://www.scholars4dev.com/1892/government-scholarships-for-developing-countries/

E-01