News

POST TYPE

EDUCATION

Emile Boutmy Scholarships
24-Feb-2018



Sciences Po အဖွဲ့က ပေးအပ်သည့် ပညာသင်ဆုဖြစ်သည်။ ပေးအပ်မည့်ဘွဲ့များမှာ Bachlors/ Master Degree ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဧပြီလ ၂၆ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်လွှာများကို တင်သွင်းကြရမည်ဖြစ်သည်။

ပြင်သစ်နိုင်ငံ Sciences Po University, Paris တွင် ပညာသင်ကြားခွင့်ရမည့် အခွင့်အရေးဖြစ်ပြီး EU အဖွဲ့ဝင်မဟုတ်သည့်နိုင်ငံများမှ နိုင်ငံတကာကျောင်းသားများ လျှောက်ထားနိုင်ပါသည်။ သတ်မှတ်ထားသည့် တက္ကသိုလ်များက ပေးအပ်မည့် ပညာရပ်များကိုသာ လေ့လာသင်ယူခွင့်ရှိပါသည်။ 

အရေအတွက် မည်မျှခေါ်မည်ကို ဖော်ပြမထားပါ။ Undergraduate ပရိုဂရမ်အတွက် ထောက်ပံ့ကြေးအဖြစ် ယူရို ၃၀၀၀ မှ ၁၂၃၀၀ အထိ သုံးနှစ်ထောက်ပံ့ပေးမည်ဖြစ်သည်။ သုံးနှစ်တာ ပညာသင်စရိတ်အဖြစ် ယူရို ၁၉၀၀၀ ခန့် ရရှိနိုင်ပါသည်။

Masters Level အတွက် ထောက်ပံ့ကြေးအဖြစ် တစ်နှစ် ယူရို ၁၀၀၀၀ ရရှိမည်ဖြစ်သည်။ ကျူရှင်ကြေးများ အပါအဝင် ၂ နှစ် ထောက်ပံ့ကြေးအဖြစ်ရရှိမည်ဖြစ်ပြီး တစ်နှစ်လျှင် ယူရို ၅၀၀၀ ခန့် ခံစားခွင့်ရှိနိုင်ပါသည်။

လိုအပ်ချက်များ - 
- EU အဖွဲ့ဝင်မဟုတ်သည့် နိုင်ငံများမှ နိုင်ငံသားများဖြစ်ရမည်။ ပညာရေးတွင် ထူးချွန်သူများ ဖြစ်ခဲ့ကြောင်း အထောက်အထားများ တင်ပြနိုင်ရမည်။
- Master ပရိုဂရမ်အတွက် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃ တွင် လျှောက်လွှာပိတ်သွားပြီ ဖြစ်သောကြောင့် ၂၀၁၈ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် လျှောက်လွှာပိတ်မည့် Undergraduate အတွက်သာ လျှောက်ထားနိုင်တော့မည်ဖြစ်သည်။
- နှစ်စဉ် Master ပရိုဂရမ်အတွက် ဇန်နဝါရီနှင့် Undergraduate ပရိုဂရမ်အတွက် ဧပြီလတွင် ပိတ်တတ်ကြောင်း သတိပြုစေချင်သည်။
- သတ်မှတ်ရက်အတွင်း အွန်လိုင်းကသာ လျှောက်ထားကြရမည်ဖြစ်သည်။

အသေးစိတ်ကို -
http://www.sciencespo.fr/students/en/fees-funding/financial-aid/emile-boutmy-scholarship
http://www.scholars4dev.com/category/country/europe-scholarships/france-scholarships/ တို့တွင် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။

E-01

  • VIA