News

POST TYPE

EDUCATION

Scuola Normale Superiore Ph.D Scholarships
17-Feb-2018



အီတလီနိုင်ငံတွင် သွားရောက် ပညာသင်ကြားခွင့်ရမည့် အခွင့်အရေးတစ်ခုဖြစ်သည်။ ပေးအပ်မည့်ဘွဲ့မှာ Ph.D Degree ဖြစ်ပြီး Scuola Normale Superiore အဖွဲ့ကပေးအပ်သည့် ပညာသင်ဆု လည်းဖြစ်သည်။

အီတလီနိုင်ငံသားများအပြင် နိုင်ငံပြင်ပ နိုင်ငံတကာ ကျောင်းသားများကိုလည်း ဤပညာသင်ဆုကို လျှောက်ထားနိုင်ကြောင်း သိရသည်။ Ph.D ပရိုဂရမ်အတွက် အောက်ပါဘာသာရပ်ဆိုင်ရာ နယ်ပယ်များကို လေ့လာကြရမည်ဖြစ်ပါသည်။

Cultures and societies of contemporary Europe, Literature, Art and History in Medieval and Modern Europe, Philosophy, Classics, Physics, Mathematics, Financial Mathematics, Methods and Models for Molecular Sciences, Nanosciences, Neurosciences, and Political Science and Sociology

ပညာသင်ဆုအတွက် ခေါ်ယူမည့် အရေအတွက်မှာ ၇၈ ဦးဖြစ်သည်။ မိမိတို့နိုင်ငံများတွင် Ph.D ဘွဲ့ ဆက်လက်တက်ရောက်နိုင်သည့် အရည်အချင်းဘွဲ့များ၊ သတ်မှတ်ချက်များကို ရရှိလာခဲ့သူများ ဖြစ်ရန်လိုသည်။

၂၀၁၈/၂၀၁၉ ပညာသင်နှစ်အတွက် ထောက်ပံ့ကြေးအဖြစ် ယူရို ၁၅၀၁၂ ရရှိမည်ဖြစ်ပါသည်။ ထိုအထဲတွင် နေထိုင်စရိတ်များလည်းပါသည်။ ကျောင်းမှစီစဉ်ပေးသည့် စားသောက်ခွင့်များကိုလည်း ရရှိမည်ဖြစ်သည်။ ကျောင်းပိတ်ရက်များတွင် စားသောက်ရန် မစီစဉ်ပေးပါ။

EU အဖွဲ့ဝင်နိုင်ငံများက မဟုတ်သည့် နိုင်ငံသားများအား ဦးစားပေးခေါ်မည်ဖြစ်သည်။ 

လျှောက်ထားသူများသည်
- Ph.D ဘွဲ့ယူရန်အတွက် (MA/MS) ဘွဲ့များ ရရှိထားပြီးသူများ ဖြစ်ရမည်။
- ၁၉၈၈ ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့ နောက်ပိုင်းတွင် မွေးဖွားထားသူများ ဖြစ်ရမည်။
- ရာဇဝတ်မှုကင်းရှင်းပြီး ထောင်သုံးနှစ်နှင့်အထက် ပြစ်ဒဏ်ခံဖူးသူများ မဖြစ်ရပါ။
- ပညာသင်ဆုအဖွဲ့က သတ်မှတ်ပြဋ္ဌာန်းထားသည့် စည်းကမ်းများကို လိုက်နာနိုင်သူများ ဖြစ်ရမည်။
- ယခင်က အီတလီနိုင်ငံတွင် Ph.D ဘွဲ့အတွက် လာရောက်ပညာသင်ကြားဖူးများ မဖြစ်ရပါ။

လျှောက်လွှာများကို အွန်လိုင်းကတစ်ဆင့်သာ လျှောက်ထားရမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့မတိုင်မီ အရောက်ပေးပို့ရမည်ဖြစ်သည်။ 

အသေးစိတ်ကို http://phd.sns.it/call-2017-2018/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
 
E-01