News

POST TYPE

EDUCATION

University of Westminster Full International Scholarships
17-Feb-2018



ဗြိတိန်နိုင်ငံ University of Westminster တွင် တက်ရောက်ပညာသင်ကြားခွင့်ရမည့် အခွင့်အရေးဖြစ်သည်။ ပေးအပ်မည့် ဘွဲ့အမျိုးအစားမှာ Undergraduate Degree ဖြစ်သည်။ ၂၀၁၈ ခုနှစ် မေလ ၃၁ ရက်နေ့တွင် လျှောက်လွှာပိတ်မည်ဖြစ်သည်။ သင်တန်းစတင်မည့်နေ့မှာ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ဖြစ်သည်။ 

ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကျောင်းသားများကို အပြိုင်စနစ်ဖြင့် ရွေးချယ်ခေါ်ယူမည်ဖြစ်သည်။ အချိန်ပြည့်တက်ရောက်ရမည့် သင်တန်းများဖြစ်ပြီး တက္ကသိုလ်ကပေးအပ်မည့် ဘွဲ့အမျိုးအစားများကို ရွေးချယ်လျှောက်ထားရမည် ဖြစ်ပါသည်။ အရေအတွက် မည်မျှခေါ်မည်ကို မဖော်ပြထားပါ။

နေထိုင်စရိတ်၊ ကျူရှင်စရိတ်၊ စားသောက်စရိတ်၊ ခရီးစရိတ်များကို လန်ဒန်အသွားအပြန် ထောက်ပံ့ကြေးများ ရရှိမည်ဖြစ်ပါသည်။ 

ပညာရေးတွင် ထူးချွန်ပြီး ထူးချွန်ကျောင်းသားများအား ရွေးချယ်ခေါ်ယူမည့် အစီအစဉ်ဖြစ်ပြီး ငွေကြေးလိုအပ်ချက်များကို မိမိအစီအစဉ်ဖြင့်လည်း စိုက်ထုတ်နိုင်မည့်သူများ ဖြစ်ရန်လိုသည်။ 

လျှောက်လွှာကို အွန်လိုင်းကသာရယူပြီး တင်ကြရမည်ဖြစ်ပါသည်။ လျှောက်လွှာပိတ်ရက် ၂၀၁၈ ခုနှစ် မေလ ၃၁ ရက်နေ့မတိုင်မီ အရောက်ပေးပို့ရမည်ဖြစ်သည်။ အသေးစိတ်ကို သက်ဆိုင်ရာ Website အတွင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

အသေးစိတ်ကို - 
https://www.westminster.ac.uk/study/fees-and-funding/scholarships/westminster-full-international-scholarship တွင် လေ့လာနိုင်သည်။

E-01