News

POST TYPE

EDUCATION

Transform Together Scholarships
10-Feb-2018 tagged as Scholarships



ဤပညာသင်ဆုသည် International and European Union (non-UK) Students ဟူ၍ သတ်မှတ်ကာခေါ်ယူသည့် ပညာသင်ဆုဖြစ်ပါသည်။ ဗြိတိန်နိုင်ငံ Sheffield Hallam University တွင် တက်ရောက်ပညာသင်ယူခွင့်ရမည့် အခွင့်အရေးလည်း ဖြစ်သည်။ ပေးအပ်မည့်ဘွဲ့အမျိုးအစားမှာ Bachelors/ Masters Degree များ ဖြစ်သည်။

လျှောက်လွှာကို ၂၀၁၈ ခုနှစ် မေလ ၃၁ ရက်နေ့တွင် ပိတ်မည်ဖြစ်သည်။ သင်တန်းစတင်မည့် အချိန်မှာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် ဖြစ်သည်။

ဥရောပသမဂ္ဂ (EU) နှင့် ဗြိတိန်နိုင်ငံကမဟုတ်သည့် နိုင်ငံတကာကျောင်းသားများကို ခေါ်ယူသည့် အစီအစဉ်ဖြစ်သည်။ Sheffield Hallam University တွင် သင်ကြားမည့် Undergraduate နှင့် Postgraduate ဘွဲ့များကို ၂၀၁၈/၂၀၁၉ ပညာသင်နှစ်တွင် အချိန်ပြည့် တက်ရောက်သင်ကြားကြရမည် ဖြစ်သည်။

အရေအတွက် မည်မျှခေါ်မည်ဆိုသည်ကို မဖော်ပြထားပါ။

ပညာသင်စရိတ် ထောက်ပံ့ကြေးအစီအစဉ်မှာ စရိတ်ထက်ဝက်ကိုသာ ထောက်ပံ့မည်ဖြစ်ပြီး၊ Undergraduate သမားများအတွက် တစ်နှစ်တစ်ကြိမ် ထောက်ပံ့ကြေးပေးမည်ဖြစ်ပါသည်။

လျှောက်ထားသူများသည် -

- နိုင်ငံတကာကျောင်းသားများဖြစ်ပြီး သတ်မှတ်ထားသည့် ပညာသင်စရိတ်များကို မျှဝေပေးသွင်းနိုင်သူများ ဖြစ်ရမည်။

- Postgraduate သမားများအတွက် ဘွဲ့ယူလာသည့် အရည်အချင်းမှာ အနည်းဆုံး ၂.၁ အဆင့် သို့မဟုတ် ဂုဏ်ထူးတန်းတက်ရောက်ရန် အဆင့်မီသူများဖြစ်ရန် လိုသည်။ အင်္ဂလိပ်စာကို ဝင်ခွင့်အတွက် စစ်ဆေးခြင်းခံရမည်ဖြစ်သည်။

- Undergraduate သမားများအတွက် အင်္ဂလိပ်စာအရည်အချင်းနှင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ စစ်ဆေးမှုများကို အောင်မြင်ရမည်ဖြစ်သည်။

- Sheffield Hallam University တွင် အချိန်ပြည့် တက်ရောက်ပညာသင်ယူနိုင်သူများ ဖြစ်ရမည်။

- ပညာသင်ရန်အတွက် လိုအပ်သည့် ငွေကြေး ပမာဏကို စိုက်ထုတ်နိုင်ရမည်။

- သတ်မှတ်ထားသည့် field trips ကဲ့သို့သော စရိတ်များကို ပေးသွင်းနိုင်ရမည်။

အသေးစိတ်ကို -

http://www.shu.ac.uk/prospectus/

http://www.shu.ac.uk/transformtogether တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

E-01