News

POST TYPE

EDUCATION

Bristol University Think Big Scholarships
10-Feb-2018 tagged as Scholarships



ဗြိတိန်နိုင်ငံ University of Bristol တွင် တက်ရောက်ပညာသင်ကြားခွင့်ရမည့် အခွင့်အရေးဖြစ်သည်။ ပေးအပ်မည့် ဘွဲ့အမျိုးအစားမှာ Bachelors/Masters Degree များဖြစ်ပြီး ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နှင့် ဇွန်လ ၂၉ ရက်နေ့များတွင် လျှောက်လွှာပိတ်မည်ဖြစ်ကြောင်း သိရသည်။ သင်တန်းစတင်မည့် ကာလမှာ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် ဖြစ်သည်။

University of Bristol သည် ၂၀၁၈ ခုနှစ်တွင် စတာလင်ပေါင် ၅ သိန်း ရင်းနှီးမြှုပ်နှံပြီး နိုင်ငံတကာမှ ထူးချွန်သောကျောင်းသားများကို ပညာဆက်လက် သင်ယူခွင့်ရရှိရေးအတွက် လုပ်ဆောင်မည်ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ် ပညာသင်နှစ်အတွက် Think Big Un- dergraduate ၂၆ ဦးနှင့် Think Big Postgraduate အတွက် ၂၆ ဦး ခေါ်ယူရန် သတ်မှတ်ထားကြောင်း သိရသည်။

နိုင်ငံတကာမှ မည်သည့် ကျောင်းသား ကျောင်းသူမဆို လျှောက်ထားခွင့်ရှိပါသည်။ ပညာသင်ဆုအတွက် ကျူရှင်ကြေး ၂၅ ရာခိုင်နှုန်းမှသည် ၁၀၀ ရာခိုင်နှုန်းအထိ အထောက်အပံ့ပေးမည်ဖြစ်ပါသည်။

လျှောက်ထားသူများသည် -

- ဗြိတိန်နိုင်ငံရပ်ခြားမှ လျှောက်ထားသူများ ဖြစ်ရမည်။

- Undergraduate နှင့် Postgraduate ဘွဲ့များအတွက် University of Bristol တွင် သတ်မှတ်ပေးထားသည့် ပညာရပ်များကို လျှောက်ထားသင်ကြားရမည် ဖြစ်ပါသည်။

- လျှောက်လွှာများကို အီးမေးလ်ကတစ်ဆင့် သတ်မှတ်ထားသည့် Website သို့ လျှောက်ထားကြရမည် ဖြစ်သည်။

- ပထမအကြိမ်အဖြစ် ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့ နောက်ဆုံး၊ ဒုတိယအကြိမ်အဖြစ် ဇွန်လ ၂၉ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်လွှာများကို အရောက်ပေးပို့ကြရမည် ဖြစ်သည်။

အသေးစိတ်ကို အောက်ပါ Website များတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

http://www.bristol.ac.uk/fees-funding/awards/think-big-undergraduate/

http://www.bristol.ac.uk/fees-funding/awards/think-big-postgraduate/

E-01