News

POST TYPE

EDUCATION

Edinburgh Global Research Scholarships
03-Feb-2018



University of Edinburgh တွင် သွားရောက်ပညာသင်ယူခွင့်ရမည့် အခွင့်အရေးဖြစ်သည်။ ပေးအပ်မည့်ဘွဲ့မှာ Ph.D Degree ဖြစ်သည်။ လျှောက်လွှာပိတ်မည့် နောက်ဆုံးရက်မှာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ဖြစ်သည်။

ဗြိတိန်နိုင်ငံ၌ ပညာသင်ကြားရမည်ဖြစ်ပြီး University of Edinburgh သည် Ph.D Research Program အတွက် ကျောင်းသားပေါင်း ၃၀ ခေါ်မည်ဟု သိရသည်။ ၂၀၁၈ခုနှစ်ထဲတွင် စတင်တက်ရောက်ရမည်ဖြစ်သည်။ နိုင်ငံတကာကျောင်းသားများ လျှောက်ထားနိုင်ပါသည်။

UK/ EU မှ ကျောင်းသားများနှင့် အခြားနိုင်ငံများမှ ကျောင်းသားများသည် ထောက်ပံ့ကြေးခံစားပုံ တူညီမည်မဟုတ်ပါ။ ပေးအပ်မည့် ထောက်ပံ့ငွေကလည်း အပြည့်အဝ အလုံအလောက်ဖြစ်မည် မဟုတ်ပါ။ သုံးနှစ်တာ လေ့လာသင်ယူရမည့်ဘွဲ့အတွက် ပညာကိုသာ အဓိကထားပြီး သင်ယူနိုင်မည့် အခွင့်အလမ်းများ ပေးမည်ဖြစ်သည်။

လျှောက်ထားသူများသည် ပြည်ပနိုင်ငံများကဖြစ်လျှင် ကျူရှင်ကြေးအထောက်အပံ့များကို ရရှိနိုင်ပါသည်။ Master Degree ကို ထူးချွန်စာဖြင့် အောင်မြင်ခဲ့သူများ ဖြစ်ရန်လည်းလိုပါသည်။ လျှောက်လွှာပိတ်ရက်မှာ ၂၀၁၈ ဖေဖော်ဝါရီလ ၁ ရက်ဖြစ်သောကြောင့် နီးကပ်နေပြီဖြစ်သောကြောင့် အသေးစိတ်ကို သက်ဆိုင်ရာ Website အတွင်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

http://www.ed.ac.uk/schools-departments/student-funding/postgraduate/international/global/research

  • VIA