News

POST TYPE

EDUCATION

UEA International Development Scholarships for International Students
03-Feb-2018

ဗြိတိန်နိုင်ငံ University of East Anglia တွင် တက်ရောက်ပညာသင်ယူခွင့်ရမည့် အခွင့်အရေးဖြစ်သည်။ ပေးအပ်မည့် ဘွဲ့အမျိုးအစားမှာ Masters Degree ဖြစ်သည်။ 

လျှောက်လွှာပိတ်ရက်မှာ မတ်လ ၃၁ ရက်နေ့ဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွင်းမှာပင် သင်တန်းများကို စတင်မည်ဖြစ်သည်။

Master Degree အတွက် လေ့လာသင်ယူရမည့် ဘာသာရပ်များကို http://www.uea.ac.uk/international-development/postgraduate-taught-degrees တွင် သွားရောက်လေ့လာနိုင်ပါသည်။

နိုင်ငံတကာမှ မည်သည့်နိုင်ငံသားမဆို လျှောက်ထားခွင့်ရှိပါသည်။

လျှောက်ထားသူများသည်

- ပညာရေးအတွက် ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့သူများ ဖြစ်ရန်လိုသည်။

- အင်္ဂလိပ်စာစွမ်းရည် အထောက်အထားများကိုလည်း တင်ပြရန်လိုသည်။

အသေးစိတ်ကို 

http://www.uea.ac.uk/international-development/scholarships-and-funding/scholarships-international-students တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။