News

POST TYPE

EDUCATION

စတုတ္ထတန်းနှင့် အဋ္ဌမတန်း နှစ်ဆုံးစာမေးပွဲ ဖေဖော်ဝါရီ ၁၉ ရက် စဖြေရမည်
11-Jan-2018


ဓာတ်ပုံ - မြန်မာနိုင်ငံစာစစ်ဦးစီးဌာန
ရန်ကုန်၊ ဇန်နဝါရီ ၁၁

စတုတ္တတန်း ခရိုင်စစ်နှင့် အဋ္ဌမတန်း တိုင်း၊ ပြည်နယ်စစ် နှစ်ဆုံးစာမေးပွဲကို ယခင်နှစ်ထက် သုံးရက်စော၍ ဖေဖော်ဝါရီလ ၁၉ ရက်မှစ၍ ၂၆ ရက်အထိ ဖြေဆိုရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ဇန်နဝါရီလ ၁၁ရက်တွင် သတင်းထုတ်ပြန်ကြေညာသည်။

စတုတ္ထတန်း နှစ်ဆုံးစာမေးပွဲကို နေ့စဉ် နံနက် ၉နာရီမှ ၁၀နာရီခွဲအထိ ဖြေဆိုရမည်ဖြစ်သည်။ အဋ္ဌမတန်း တိုင်းစစ်စာမေးပွဲကို နေ့စဉ် နံနက် ၉ နာရီမှ နံနက် ၁၁ နာရီအထိ ၂ နာရီမေးခွန်းကို ဖြေဆိုရမည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၂၄ ရက် စနေနေ့နှင့် ၂၅ ရက် တနင်္ဂနွေနေ့တွင် စာမေးပွဲ နားမည်ဖြစ်သည်။

ကျန်ရှိသော ကျောင်းတွင်းစစ်စာမေးပွဲများ ဖေဖော်ဝါရီလ ရရက်မှ ၁၆ ရက်အတွင်း တစ်ဘာသာ ၄၅ မိနစ်မေးခွန်းကို ဖြေဆိုရမည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၂၀ရက်သည် ချင်းအမျိုးသားနေ့ဖြစ်သဖြင့် ချင်းပြည်နယ်တွင်မူ တိုက်ဆိုင်သော ဘာသာရပ်အတွက် ခရိုင်၊ မြို့နယ်အလိုက် စာမေးပွဲများကို နောက်တစ်ရက်ဆုတ်၍ ပြည်နယ်ပညာရေးမှူးအစီအစဉ်ဖြင့် ပြောင်းရွှေ့နိုင်မည်ဖြစ်သည်။