News

POST TYPE

EDUCATION

“ကမ္ဘာသုံး အင်္ဂလိပ်စာသင်တန်း” ဖွင့်မည်
21-Dec-2017 tagged as ပညာရေး

ရန်ကုန်၊ ဒီဇင်ဘာ ၂၀  

ဘွဲ့ရရှိထားသူအားလုံး တက်ရောက်နိုင်မည့် Global English Course (ကမ္ဘာသုံး အင်္ဂလိပ်စာသင်တန်း) ကို ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်ထံမှ သိရသည်။

အဆိုပါ သင်တန်းများကို လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုအစီအစဉ်ဖြင့် အင်္ဂလိပ်ဘာသာစကား အမျိုးသားဗဟိုဌာနနှင့် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနတို့က ပူးပေါင်းဖွင့်လှစ်ခြင်း ဖြစ်သည်။

လျှောက်ထားသူသည် ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြု ဘွဲ့တစ်ခုရရှိထားရမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ ကျောင်း၊ ရုံးဌာနအကြီးအကဲ၏ သင်တန်းတက်ရောက် ခွင့်ပြုစာပါရှိရမည် ဖြစ်သည်။

သင်တန်းအမျိုးအစားများကို Advanced Level၊ Upper-Inter- mediate Level၊ Intermediate Level နှင့် Basic Level များ ဖွင့်မည်ဖြစ်ပြီး သင်တန်း စတင်တက်ရောက်သူများသည် အခြေခံအဆင့်မှ စတင်တက်ရောက်ရမည် ဖြစ်သည်။

Basic Level အတွက် သင်တန်းသား ဦးရေ ၆၀ဝ သတ်မှတ်ထားပြီး သင်တန်းကာလမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၆ ရက်မှ မတ်လ ၃၀ ရက်ထိ ၃ လခန့် ကြာမြင့်မည် ဖြစ်သည်။

သင်တန်းများကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် နံနက် ၇ နာရီမှ ၉ နာရီနှင့် စနေနှင့် တနင်္ဂနွေနေ့များတွင် နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီထိ တစ်ကြိမ်၊ မွန်းလွဲ ၁နာရီမှ ၄ နာရီထိ တစ်ကြိမ် တက်ရောက်နိုင်မည် ဖြစ်သည်။

ကျန်အဆင့်မြင့် သင်တန်းများအတွက် ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနတွင် လူကိုယ်တိုင် လာရောက်လျှောက်ထားရမည် ဖြစ်သည်။

Basic Levelအတွက် လျှောက်ထားလိုသူများသည် ဒီဇင်ဘာလ ၂၂ ရက် နံနက် ၉ နာရီတွင် ttp://ncel.edu.mm မှတစ်ဆင့် ဝင်ခွင့်လျှောက်ထားရမည်ဖြစ်ပြီး ဝင်ခွင့်ရရှိသူစာရင်းကို ဒီဇင်ဘာ ၂၇ ရက်တွင် အဆိုပါဝက်ဘ်ဆိုက်၌ ကြည့်ရှုနိုင်မည် ဖြစ်သည်။

သင်တန်းတက်ရောက်ခွင့် ရသူများသည် ဒီဇင်ဘာ ၂၉ ရက်နှင့် ၃၀ ရက်များတွင် ရန်ကုန်တက္ကသိုလ် ပင်လုံဆောင်၌ သင်တန်းကြေးပေးသွင်းရမည် ဖြစ်သည်။ အသေးစိတ်ကို ဝ၁-၅၁၂၆၂၇၊ ဝ၁-၅၃၇၃၆၀၊ ဝ၁-၅၀၁၅၄၇ သို့ ဆက်သွယ်စုံစမ်းနိုင်မည် ဖြစ်သည်။

 မြဇာခြည်သင်း

  • VIA