News

POST TYPE

EDUCATION

နိုင်ငံတကာသင်္ချာနှင့် သိပ္ပံအိုလံပစ်ပြိုင်ပွဲနှင့် စင်ကာပူအသင်း
09-Dec-2017


စင်ကာပူနိုင်ငံ စိန့်ဟေးဒါးမူလတန်းကျောင်းမှ ဒရူးမိုက်ကယ်တာရန်ရာမီရဇ်သည် အသက် ၁၁ နှစ်သာ ရှိသေးသော်လည်း နိုင်ငံတကာ သင်္ချာပြိုင်ပွဲတွင် Best Overall in Mathematics ဆိုသည့် အကောင်းဆုံးရွှေတံဆိပ်ဆုကို ချီးမြှင့်ခြင်းခံခဲ့ရသည်။ ငါးရက်တာယှဉ်ပြိုင်ခဲ့သည့်  International Mathematics and Science Olympiad (IMSO) ပြိုင်ပွဲတွင် စင်ကာပူနိုင်ငံ၏ဂုဏ်ကို ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ 

International Mathematics and Science Olympiad (IMSO) ပွဲကို စင်ကာပူနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် နိုဝင်ဘာ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိကျင်းပခဲ့သည်။ စင်ကာပူနိုင်ငံအသင်းသည် ကျောင်းသား ၂၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ကြေး ၁ ခု၊ ငွေ ၁၇ ခု၊ ရွှေ ၁၆ ခုရရှိပြီး အကောင်းဆုံးနှင့်အမြင့်ဆုံး ထိပ်တန်းနိုင်ငံအဆင့်တွင် အောင်ပွဲခံနိုင်ခဲ့သည်။

ပြိုင်ပွဲတွင် ဒရူးနှင့်ယုတုန်ဆိုသည့် ကျောင်းသားနှစ်ယောက်သည် အငယ်ဆုံးဖြစ်သည်။ ထိုပြိုင်ပွဲကို နိုင်ငံပေါင်း ၂၁ နိုင်ငံမှ အသက် ၁၀ နှင့် ၁၂ နှစ်အရွယ် ကျောင်းသားပေါင်း ၃၀၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲတွင် သူတို့၏သင်္ချာနှင့်သိပ္ပံစွမ်းရည်များကို မည်မျှထက်ကြောင်း ထုတ်ဖော်ပြသယှဉ်ပြိုင်ကြရသည်။

စင်ကာပူအသင်းသည်  International Mathematics and Science Olympiad (IMSO) ပြိုင်ပွဲစဉ်တစ်လျှောက်လုံးတွင် အကောင်းဆုံးထူးချွန်စွာ စွမ်းရည်များကို ထုတ်ပြနိုင်ခဲ့သည့် အသင်းတစ်သင်းဖြစ်ခဲ့ရသည်။ အသက် ၁၁ နှစ်အရွယ် ဂျေဒန်ဆွန်းချောင်ကိုင်းနှင့် တန်ရှီချွမ်းတို့သည် Best Experiment (Science) ESihf Best in Theory (Science) ဆုများ ဆွတ်ခူးကြသည်။ျသူတို့နှစ်ယောက်စလုံး ရွှေဆုတွေယူပေးနိုင်ခဲ့သည်။ သူတို့အားလုံးကို ပြိုင်ပွဲကြွလာသူအားလုံးက သာမန်ထက်ထူးချွန်သူများအဖြစ် သတ်မှတ်ကြသည်။ 

စင်ကာပူကလေးတွေကို အားလပ်ချိန်များတွင် ဘာတွေလုပ်သနည်းဟုမေးကြသည်။ သူတို့က ကြက်တောင်၊ တင်းနစ်၊ ရေကူး၊ ဂိမ်းကစားသည်၊အင်တာနက်သုံးသည်ဟုဖြေကြသည်။ 

၁၂ နှစ်အရွယ်ဇော်နစ်ဆာသည် ဘူဂေးရီးယားနိုင်ငံကလာပြိုင်သူဖြစ်သည်။ သူက -

“သမီးတို့လည်းသူတို့နဲ့ ဘာမှထူးခြားနေတာမဟုတ်ပါဘူး။ အားလုံးဟာ စာမေးပွဲရောက်ရင် အဖြေထွက်ကြတာပဲ” ဟု မချင့်မရဲနှင့်ပြောသည်။ 

ပြိုင်ပွဲသို့လာသည့် ကလေးအားလုံး စင်ကာပူနိုင်ငံကို လှည့်လည်ကြည့်ရှုခွင့်ရသည်။ အထူးသဖြင့် သူတို့ Science Centre ကို လေ့လာကြရသည်။ တတိယနေ့ပြိုင်ပွဲပြီးချိန်တွင် သူတို့စိတ်ကြိုက် ဖော်ထုတ်လုပ်ဆောင်မှုများကို ပြသကြသည်။ အများစုမှာ ဖုန်းတွေကိုယ်စီနှင့်အလုပ်ရှုပ်နေကြသည်။ 

International Mathematics and Science Olympiad (IMSO) ပြိုင်ပွဲတွင် အခြားစွမ်းရည်ပြနိုင်ခဲ့သည့်နိုင်ငံမှာ ဗီယက်နမ်နိုင်ငံဖြစ်သည်။ ဗီယက်နမ်အသင်းကလည်း ရွှေ ၁ ခု၊ ငွေ ၅ ခုကို သိပ္ပံဘာသာရပ်အတွက် ဆွတ်ခူးပေးနိုင်ခဲ့ပြီး၊ သင်္ချာအတွက် ရွှေ ၂ ခု၊ ငွေ ၃ ခု၊ ကြေး ၁ ခုကို ဆွတ်ခူးနိုင်ခဲ့သောကြောင့် စုစုပေါင်း ၁၂ ခုဖြင့် စံချိန်တင်နိုင်ခဲ့သည်။ International Mathematics and Science Olympiad (IMSO) ပွဲကို လာမည့်နှစ်တွင် တရုတ်နိုင်ငံ၌ကျင်းပမည်ဖြစ်ပြီး၊ ဗီယက်နမ်တွင် ၂၀၁၉ ၌ ကျင်းပရန်စီစဉ်ထားသည်။ အာရှတွင် မြန်မာက မျက်နှာငယ်ရရှာသည်။ 

(Ref: The Straits Times)
 E01

  • VIA