News

POST TYPE

EDUCATION

Amsterdam Excellence Scholarships (AES)
12-Nov-2017 tagged as


နယ်သာလန်နိုင်ငံမှာ သွားရောက် ပညာသင်ကြားခွင့်ရမယ့် အခွင့်အရေး တစ်ခုဖြစ်ပါတယ်။ University of Amsterdam မှာ တက်ရောက် ပညာသင်ကြားရမှာပါ။ ပေးအပ်မယ့် ဘွဲ့အမျိုးအစားကတော့ Master Degree ဖြစ်ပါတယ်။ လျှောက်လွှာကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ နဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွေမှာ ပိတ်မယ်လို့ သိရပါတယ်။ သင်တန်း စတင်မယ့်ရက် ကတော့ ၂၀၁၈ ခုနှစ် စက်တင်ဘာမှ ဖြစ်ပါတယ်။

Amsterdam Excellence Scholarships (AES)  ပညာသင်ဆုဟာ ဥရောပပြင်ပနိုင်ငံတွေက ထူးချွန်တဲ့ ကျောင်းသား ကျောင်းသူတွေကို Master ပရိုဂရမ်အတွက် လေ့ကျင့် ပျိုးထောင်ပေးမယ့် အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ပညာသင်ဆုပေးတဲ့ အဖွဲ့ကလည်း University of Amsterdam ကပဲ ဖြစ်ပါတယ်။
သင်ယူလေ့လာ သုတေသနပြုရမယ့် ဘာသာရပ်တွေကတော့ -

- Child Development and Education
- Communication
- Economics and Business
- Humanities
- Law
- Psychology
- Science
- Social Sciences တွေဖြစ်ပါတယ်။

အရေအတွက် ဘယ်လောက် ခေါ်မယ်ဆိုတာ ပြောမထားပါဘူး။ Non-EU/ EEA နိုင်ငံတွေက မည်သည့် ကျောင်းသားမဆို လျှောက်ထားနိုင်ကြောင်း ဖော်ပြထားပါတယ်။

AES အဖွဲ့ဟာ ပညာသင်ဆုအဖြစ် ယူရို ၂၅၀ဝ၀ ထောက်ပံ့ပေးပါတယ်။ အဲဒီ ပမာဏဟာ နေထိုင်စားသောက်စရိတ်၊ ပညာသင် စရိတ်တွေကို လုံလောက်ပါတယ်။ တစ်နှစ်ပြီးလို့ ကျေနပ်သဘောကျမှ နောက်တစ်နှစ်ကို ဆက်လက် ထောက်ပံ့မှာ ဖြစ်ပါတယ်။ ပညာသင်နှစ်ကတော့ ၂ နှစ်လို့ သတ်မှတ်ထားတယ်။

လျှောက်ထားသူတွေဟာ ဥရောပနိုင်ငံအတွင်း နိုင်ငံတွေက မဖြစ်ရပါဘူး။ ပညာရေးထူးချွန်သူ၊ စိတ်ထက်သန်စွာနဲ့ ပညာကို ကြိုးစားသင်ယူလိုသူ၊ ကိုယ် ရွေးချယ်တဲ့ ပညာလမ်းကြောင်းနဲ့ အနာဂတ်မှာ ဆက်လက်ရပ်တည်ပြီး နိုင်ငံလူမျိုး အကျိုးဆောင်လိုသူတွေကို ရွေးချယ်မယ်လို့လည်း သိရတယ်။

လျှောက်လွှာတွေကို Admissions Offices of the Graduate Schools ကနေတစ်ဆင့် လျှောက်ထားကြရမှာ ဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ Graduate School ရဲ့ Website မှာ ပြဋ္ဌာန်းထားပါတယ်။ သတ်မှတ်ထားတဲ့ရက်တွေ မကျော်လွန်မီ လျှောက်ထားဖို့ လိုပါတယ်။ 
အသေးစိတ်ကို - http://www.uva.nl/en/education/master-s/scholarships--tuition/scholarships-and-loans/amsterdam-excellence-scholarship/amsterdam-excellence-scholarship.html မှာဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။ 

E-01

  • TAGS