News

POST TYPE

EDUCATION

နိုင်ငံတကာကျောင်းသားများအတွက် Open to All တက္ကသိုလ်ပညာသင်ဆုများ
08-Oct-2017 tagged as Scholarships


ပညာသင်ဆုတိုင်းကို လူတိုင်း မရနိုင်ပါ။ ပညာသင်ဆုတိုင်းတွင် သတ်မှတ်ပြဋ္ဌာန်းချက်ကို ကျော်ဖြတ်ကြရပါသည်။ ကျော်ဖြတ်ရသည့် အခက်အခဲများတွင် လူမျိုး၊ နိုင်ငံသား (Nationality) သည် အခက်အခဲတစ်ခုအနေနှင့် ပါဝင်နေတတ်သည်။ ယခုဖော်ပြမည့် ပညာသင်ဆုသည် နိုင်ငံတကာ ကျောင်းသား အားလုံးအတွက် မည်သည့် နိုင်ငံသားမဆို လျှောက်ထားနိုင်သည့် (Open to All) ပညာသင်ဆု အမျိုးအစားများ ဖြစ်ပါသည်။

International Bachelors Scholarships
ICSP Tuition Scholarships at University of Oregon (USA)

ICSP (International Cultural Service Program) သည် ငွေကြေး အခက်အခဲကြောင့် ပညာဆက်မသင်နိုင်သည့် ထူးချွန်သော ကျောင်းသားများအတွက် ရည်ရွယ်ကာ ပေးအပ်သည့် ပညာသင်ဆု ဖြစ်သည်။ အမေရိကန် ပြည်ထောင်စု University of Oregon တွင် တက်ရောက် ပညာသင်ကြားခွင့်ရမည်ဖြစ်သည်။ ထောက်ပံ့ကြေးအဖြစ် ဒေါ်လာ ၇၅၀ဝ မှ ၃၀,ဝ၀ဝ အထိရနိုင်ပါသည်။ ICPS ကျောင်းသားများသည် တစ်နှစ်လျှင် နာရီ ၈၀ (Cultural Service) ဆိုသည့် ဝန်ဆောင်မှုလုပ်ငန်းများကို လိုက်လံ လုပ်ဆောင်ပေးရပါသည်။ အသေးစိတ်ကို  http://www.scholars4dev.com/13921/icsp-tuition-scholarships-at-university-of-oregon-usa/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Clark University Global Scholars Program (USA)

အမေရိကန် ပြည်ထောင်စုတွင် အမြဲတမ်း နေထိုင်ခွင့် မရထားသူများနှင့် အမေရိကန် နိုင်ငံသား မဟုတ်သူများအတွက် ပေးအပ်ချီးမြှင့်သည့် ပညာသင်ဆုဖြစ်သည်။ အမေရိကန်နိုင်ငံသား ဖြစ်သော်လည်း အခြားနိုင်ငံများတွင် အထက်တန်းအဆင့် ပညာများကို သွားရောက် သင်ကြားနေပြီး အမေရိကတွင် ကျောင်းပြန်တက်မည့်သူများကိုလည်း လက်မခံပါ။ နိုင်ငံတကာမှ အထက်တန်းအဆင့်အောင် ကျောင်းသားများ လျှောက်ထားနိုင်ပါသည်။ ပညာသင် ထောက်ပံ့ကြေးအဖြစ် ဒေါ်လာ ၅၀ဝ၀ မှ ၂၅,ဝ၀ဝ ခန့်အထိ တစ်နှစ်လျှင် ရရှိနိုင်ပါသည်။ ဘာသာရပ်အလိုက် ထောက်ပံ့ကြေးကွာခြားသည်။ အသေးစိတ်ကို http://www.clarku.edu/undergraduate-admissions/financial-aid/international/global-scholars-program.cfm တွင် ကြည့်ရှု နိုင်ပါသည်။

International Leader of Tomorrow Award at University of British Columbia (Canada)

UBC (University of British Columbia) က ပေးအပ်သည့် ပညာသင်ဆုဖြစ်သည်။ ကမ္ဘာတစ်ဝန်းလုံးရှိ တက္ကသိုလ်ဝင်တန်းအဆင့် အောင်မြင်ပြီးသူများကို ဘွဲ့တစ်ခုခု ဆက်ယူနိုင်ရန်အတွက် အထောက်အပံ့ ပေးနေခြင်းဖြစ်သည်။ ပေးအပ်ထောက်ပံ့သည့် ပညာသင်ဆုကြေးမှာ သင်ယူသည့် ဘာသာရပ်အလိုက် မတူကွဲပြားသည်။ သို့သော် မည်သည့် ဘာသာရပ်အတွက်မဆို ကျူရှင်ကြေးနှင့် နေထိုင်စရိတ်ကို အလုံအလောက် ပေးသည်။ အသေးစိတ်ကို http://www.scholars4dev.com/2333/ilot-scholarships-at-university-of-british-columbia/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Humber College International Entrance Scholarships (Canada)

ကနေဒါနိုင်ငံက နိုင်ငံတကာ ကျောင်းသားများအတွက် စီစဉ်ပေးသည့် ဘွဲ့ယူပညာသင်ဆု ဖြစ်သည်။ ပညာသင်စရိတ်ကို တစ်စိတ်တစ်ပိုင်း ထောက်ပံ့ကြေးနှင့် အပြည့်အဝ ထောက်ပံ့ကြေး နှစ်မျိုး ခွဲပေးထားသည်။ နှစ်စဉ် စက်တင်ဘာလနှင့် ဇန်နဝါရီလများတွင် အတန်းသစ်များကို စတင်လေ့ရှိသည်။ အသေးစိတ်ကို http://www.scholars4dev.com/3482/international-undergraduate-scholarships-at-humber-college-canada/ တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

York University International Student Scholarship Program (Canada)

ကနေဒါနိုင်ငံ York University က ပေးအပ်သည့် ပညာသင်ဆုဖြစ်သည်။ York University တွင် ပညာသင်ဆု သုံးမျိုးရှိသည်။ (Global Leader of Tomorrow Scholarships, United World College Scholarships, International Entrance Scholarships) များဖြစ်သည်။ ထိုတက္ကသိုလ်တွင် အချိန်ပြည့် တက်ရောက်ပြီး ပညာသင်ယူနိုင်ရန် နိုင်ငံတကာ ကျောင်းသားများအတွက် စီစဉ်ပေးနေခြင်းဖြစ်သည်။ ပညာသင်ဆုကြေးအဖြစ် ဒေါ်လာ ၆၀,ဝ၀ဝ မှ ၁၀ဝ,ဝ၀ဝ အထိ ပေးသည်။ လေးနှစ် တက်ရမည့် ဘွဲ့ယူတန်းအတွက်ဖြစ်သည်။ အသေးစိတ်ကို http://www.scholars4dev.com/3410/international-undergraduate-scholarships-at-york-university/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Melbourne International Undergraduate Scholarships (Australia)

ဩစတြေးလျနိုင်ငံမှ နိုင်ငံတကာ ကျောင်းသားများအတွက် လမ်းဖွင့်ပေးထားသည့် ပညာသင်ဆုဖြစ်သည်။ Melbourne တက္ကသိုလ်က ပေးအပ်ချီးမြှင့်သည့် ပညာသင်ဆုဖြစ်ပြီး ကုန်ကျမည့် ကျူရှင်စရိတ်ကို တစ်စိတ်တစ်ပိုင်း ကျခံပေးသည့် အစီအစဉ်ဖြစ်သည်။ အသေးစိတ်ကို http://www.scholars 4dev.com/16130/melbourne-international-undergraduate-scholarships/ တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

Denys Holland Scholarship at University College London (UK)

ဗြိတိန်နိုင်ငံတွင် တက်ရောက် ပညာသင်ကြားခွင့်ရမည့် အခွင့်အရေးတစ်ခုဖြစ်သည်။ Denys Holland Scholarship သည် မည်သည့်နိုင်ငံက ကျောင်းသားမဆို လက်ခံပြီး UCL (University College London) နှင့် ကျောင်းသားသမဂ္ဂတို့၏ လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရမည် ဖြစ်သည်။ စတာလင်ပေါင် ၉၀ဝ၀ ခန့် ထောက်ပံ့ထားသည်။ အသေးစိတ်ကို http://www.scholars 4dev.com/15836/the-denys-holland-scholarship-at-university-college-london/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Bologna University Study Grants for International Students (Italy)

University of Bologna တွင် တက်ရောက် ပညာသင်ကြားရမည့် အခွင့်အရေး ဖြစ်သည်။ နိုင်ငံတကာမှ ပညာလိုလားသည့် ကျောင်းသားများအတွက် ဘွဲ့သုံးမျိုး စီစဉ်ပေးသည်။ မိမိတို့ဆန္ဒရှိရာကို လျှောက်ထားနိုင်သည်။ First Cycle (Bachelors), Second Cycle (Masters) or Single Cycle Degree Programmes များဖြစ်သည်။ ပညာသင်စရိတ်အတွက် ထောက်ပံ့ကြေးမှာ ယူရို ၁၁,ဝ၅၉ ဖြစ်သည်။ အလုံအလောက် ထောက်ပံ့ပေးထားခြင်းဖြစ်သည်။ အသေးစိတ်ကို http://www.scholars 4dev.com/11698/university-of-bologna-study-grants-for-international-students/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

École Normale Supérieure International Selection (France)

ENS (École Normale Supérieure) အဖွဲ့အစည်းအနေနှင့် နိုင်ငံတကာ ကျောင်းသားများအတွက် အထောက်အပံ့ ပေးနေသည့် ပညာသင်ဆု ဖြစ်သည်။ တစ်နှစ်လျှင် နိုင်ငံတကာမှ ကျောင်းသား ၃၀ ခန့် လက်ခံနေကြောင်း သိရသည်။ သိပ္ပံသို့မဟုတ် လူမှုရေး ဘာသာရပ်များကို သင်ယူရမည်ဖြစ်သည်။ ၂ နှစ်မှ ၃ နှစ်အထိ တက်ရောက်ခွင့်ရမည့် ဘွဲ့အမျိုးအစားဖြစ်သည်။ လစဉ် ပညာသင် ထောက်ပံ့ကြေးငွေ ယူရို ၁၀ဝ၀ ရရှိမည် ဖြစ်သည်။ ENS ကျောင်းဝင်းအတွင်း နေထိုင်ခွင့်လည်း ရရှိမည်။ အသေးစိတ်ကို http://www.scholars4dev.com/10324/ens-international-selection-scholarships/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

E-01