News

POST TYPE

EDUCATION

ဆန္ဒပြကျောင်းသားများကို ဝန်ကြီးကိုယ်စားလှယ်အဖွဲ့ မနက်ဖြန်တွေ့မည်

ရန်ကုန်၊ သြဂုတ် ၆

ဆရာခန့်ထားရေးစနစ် ပွင့်လင်းမြင်သာရန်နှင့် ဆရာအတတ်ပညာဘွဲ့ရ ကျောင်းသားများ အမြန်ဆုံး အလုပ်ခန့်ထားရေး တောင်းဆိုချက်များနှင့် ပတ်သက်၍ ဝန်ကြီးဌာနအနေနှင့် တစ်စုံတစ်ရာ တုံ့ပြန်မည် မဟုတ်ကြောင်း ယနေ့( သြဂုတ်လ ၆ ရက်) နေ့လယ်ပိုင်းအထိ The Voice ကို ပြောဆိုခဲ့သော်လည်း ညနေပိုင်းတွင် ကျောင်းသားကိုယ်စားလှယ်များနှင့် တွေ့ဆုံမည်ဟု အကြောင်း ပြန်ကြားခဲ့သည်။

ထို့ကြောင့် တောင်းဆိုချက်သုံးချက်အပါအဝင် အခြေခံပညာဆရာ ခန့်ထားရေးစနစ်နှင့်ပက်သက်၍ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ဆရာအတတ်သင်ကျောင်းသားကိုယ်စားလှယ်များ မနက်ဖြန် (သြဂုတ်လ ၇ ရက်) နံနက်ပိုင်းတွင် စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ဆွေးနွေးကြမည်ဖြစ်ကြောင်း ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများ သမဂ္ဂထံမှ သိရှိရသည်။

ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ပုသိမ်ပညာရေးကောလိပ်၊ မန္တလေးပညာရေးကောလိပ်မှ ဆရာအတတ်သင် ကျောင်းသားများက ယနေ့ (သြဂုတ်လ ၆ ရက်) နံနက်ပိုင်းက ရန်ကုန်နှင့်မန္တလေးတွင် ဆန္ဒပြခဲ့ကြသည်။