News

POST TYPE

EDUCATION GUIDE

British Chevening Scholarships, Oxford Pershing Square Graduate Scholarships, Humber International Entrance Scholarships

British Chevening Scholarships

ဗြိတိန်နိုင်ငံ အစိုးရကပေးအပ်သည့် ပညာ သင်ဆု အမျိုးအစားဖြစ်သည်။ Foreign and Commonwealth Office (FCO) နှင့် အဖွဲ့အစည်းများ ပူးပေါင်းပြီး ရန်ပုံငွေအဖြစ် အထောက်အပံ့ ပေးထားသည်။ ဗြိတိန်နိုင်ငံ အတွင်းရှိ တက္ကသိုလ်များတွင် Master Degree ကို ရယူနိုင်မည့် နိုင်ငံတကာ ကျောင်းသားများအတွက် လမ်းဖွင့်ပေးထားသော ပရိုဂရမ်လည်းဖြစ်သည်။
 
ပေးအပ်မည့် ဘွဲ့အမျိုးအစားမှာ Master Degree ဖြစ်ပြီး ဗြိတိန်နိုင်ငံအတွင်း တက္ကသိုလ်များတွင် တက်ရောက် သင်ကြားခွင့်ရမည်ဖြစ်သည်။ အချိန်ပြည့် ကျောင်းတက်ရမည့် (Master Degree Program) လည်း ဖြစ်သည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာတွင် သင်တန်း စတက်ရမည်ဖြစ်သည်။

ခေါ်ယူမည့်အရေအတွက်မှာ တစ်ကမ္ဘာလုံး ၁၅၀ဝ ဦးခန့်ဟု သိရသည်။ 

Chevening ပညာသင်ဆုအတွက် သတ်မှတ်ပေးထားသောနိုင်ငံများမှ နိုင်ငံသားများ လျှောက်ထားနိုင်ပါသည်။ သက်ဆိုင်ရာ Website အတွင်း နိုင်ငံစာရင်းကို ကြည့်ရှုနိုင်ပါသည်။

ပညာသင်ဆု ရရှိသူများသည် လစဉ် ထောက်ပံ့ကြေးများကို အလုံအလောက် ခံစားခွင့် ရှိပါသည်။ ဗြိတိန်သို့ လာစရိတ် ပြန်စရိတ်များလည်း ခံစားခွင့် ရှိသည်။ 
လျှောက်ထားသူများသည် -

- Chevening Scholarship အဖွဲ့က သတ်မှတ်ထားသည့် နိုင်ငံများမှ နိုင်ငံသားများဖြစ်ရမည်။

- ပညာသင်နှစ် ၂ နှစ်ပြီးဆုံးပါက မိမိတို့ တိုင်းပြည်များသို့ ပြန်ရမည်။

- ဗြိတိန်နိုင်ငံ ဘွဲ့လွန်သင်တန်းများကို ဆက်လက် တက်ရောက်ရန်အတွက် ဘွဲ့တစ်ခုခုရရှိလာပြီးသူများ ဖြစ်ရမည်။ ရရှိလာသည့် ဘွဲ့အဆင့်များသည် ဗြိတိန်မှ (Upper second-class 2:1 honours degree) နှင့် ညီမျှသည့်အဆင့်ဖြင့် အောင်မြင်လာသူများဖြစ်ရမည်။

- အနည်းဆုံး လုပ်ငန်းခွင် အတွေ့အကြုံ ၂ နှစ်ရှိလာသူများ ဖြစ်ရမည်။

- ၂၀၁၈ ခုနှစ် ဇူလိုင် ၁၂ ရက်နေ့တွင် သတ်မှတ်ပေးထားသည့် ဗြိတိန် တက္ကသိုလ်များမှ ဘာသာရပ် သုံးခုအနက် တစ်ခုခုကို ရွေးချယ် တက်ရောက်နိုင်သူများဖြစ်ရမည်။

- Chevening မှ စစ်ဆေးမည့် အင်္ဂလိပ်ဘာသာ စစ်ဆေးမှုကို ၂၀၁၈ ခုနှစ် ဇူလိုင် ၁၂ တွင် ဖြေဆိုရမည် (http://www.chevening.org/apply/english-language-requirement)
 
လျှောက်လွှာများကို အွန်လိုင်းကတစ်ဆင့်သာ လျှောက်ထားရမည် ဖြစ်ပါသည်။ လျှောက်လွှာ နောက်ဆုံးပိတ်ရက်မှာ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့ဖြစ်ပြီး ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီထက် နောက်မကျဘဲ လျှောက်ထားကြရမည်။

အသေးစိတ်ကို အောက်ပါ Website များတွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

http://www.chevening.org/ ; http://www.scholars4dev.com/category/country/europe-scholarships/uk-scholarships/


Oxford Pershing Square Graduate Scholarships

Pershing Square Foundation က ပေးအပ်ချီးမြှင့်သည့် ပညာသင်ဆု ဖြစ်သည်။ ပေးအပ်မည့် ဘွဲ့အမျိုးအစားမှာ MBA/ Master Degree ဖြစ်သည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလတွင် သင်တန်း စဖွင့်မည်ဖြစ်ပြီး ဗြိတိန်နိုင်ငံတွင် တက်ရောက် ပညာသင်ကြားခွင့်ရမည့် အခွင့်အရေးဖြစ်သည်။
 
Pershing Square Foundation အနေနှင့် နှစ်စဉ် ကျောင်းသား ၅ ဦးကို ပညာသင်ဆု ပေးအပ်ချီးမြှင့်လျက် ရှိပါသည်။ 1+1 MBA ဘွဲ့ အစီအစဉ်ဖြစ်သဖြင့် MBA နှင့် Master Degree ကို ပူးတွဲရယူနိုင်မည့် အစီအစဉ်လည်း ဖြစ်သည်။ ဗြိတိန်နိုင်ငံ University of Oxford လက်အောက်ရှိ Business School ကျောင်းများတွင် ပညာသင်ယူခွင့်ရမည့် အစီအစဉ်လည်း ဖြစ်သည်။

မည်သည့်နိုင်ငံမှ နိုင်ငံသားမဆို လက်ခံမည်ဖြစ်သည်။ တစ်နှစ် ၅ ဦးသာ လက်ခံသည်။

ပညာသင်နှစ်အတွင်း လိုအပ်သည့် ကျောင်း ကျူရှင်စရိတ်များ၊ နေထိုင် စားသောက်စရိတ်များကို အလုံအလောက် ခံစားခွင့်ရရှိမည်လည်း ဖြစ်သည်။

လျှောက်ထားသူများသည်

- ပညာရေး ထူးချွန်သူများ ဖြစ်ရမည်။

- ခေါင်းဆောင်နိုင်စွမ်း ရှိသူများနှင့် လုပ်ငန်း အတွေ့အကြုံရှိသူများ၊ မိမိတို့ အရည်အချင်းကို အကောင်းဆုံး ထုတ်ဖော်ပြသနိုင်သူများဖြစ်ရန် လိုသည်။

- အကျင့်စာရိတ္တ ကောင်းခြင်း၊ စိတ်ဓာတ်ထက်သန်ခြင်း၊ တည်ကြည် လေးနက်စွာဖြင့် ပညာကို ကြိုးစားရှာမှီးလိုသူများ ဖြစ်ရမည်။

- လူ့ဘောင်ကောင်းကျိုး လူမှုရေး လုပ်ငန်းများတွင် ဖွံ့ဖြိုးတိုးတက်စေရန် စွမ်းဆောင်လိုစိတ် ရှိရမည်။

- Oxford MBA ဘွဲ့အတွက်လည်းကောင်း၊ Master ပရိုဂရမ်အတွက်လည်းကောင်း ဝင်ခွင့်စာမေးပွဲများကို ဖြေဆိုရမည် ဖြစ်ပါသည်။

လျှောက်လွှာ နောက်ဆုံးပိတ်ရက်မှာ 1+1 MBA အတွက် ၂၀၁၈ မတ်လ ဖြစ်သည်။ Master ဘွဲ့တန်းအတွက် ၂၀၁၈ ခုနှစ် ဇန်နဝါရီ နောက်ဆုံးထားပြီး လျှောက်လွှာများကို တင်သွင်းရန် ဖြစ်သည်။
 
Master နှင့် MBA လျှောက်လွှာများအတွက် စာလုံးရေ ၅၀ဝ ထက်မပိုသော အက်ဆေးတစ်ပုဒ်ကို ရေးသားတင်သွင်းရမည်ဖြစ်ပါသည်။ ရေးသားရမည့် အကြောင်းအရာမှာ

“How do you intend to change the world? What does this tell us about you as a person?” မေးခွန်းများကို ပြန်လည် ဖြေဆိုပြီး ရေးသားရမည်ဖြစ်သည်။

လျှောက်လွှာတင်သွင်းရန်အတွက် http://www.sbs.ox.ac.uk/programmes/degrees/ 1plus1/how-to-apply တွင် သေချာစွာ ဝင်ရောက်ပြီး ဖတ်ရှုရန် လိုပါသည်။

အသေးစိတ်ကို အောက်ပါ Website တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
http://www.sbs.ox.ac.uk/programmes/degrees/1plus1/pershing-square-scholarship


Humber International Entrance Scholarships

ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့၊ Humber College တွင် တက်ရောက် ပညာသင်ကြားခွင့်ရမည့် အခွင့်အရေးဖြစ်သည်။ ပေးအပ်မည့်ဘွဲ့ အမျိုးအစားမှာ Underg-raduate Degree ဖြစ်သည်။လျှောက်လွှာများကို နှစ်စဉ် မေလ ၁၉ နှင့် စက်တင်ဘာ ၂၉ တို့တွင် ပိတ်ပါသည်။ သင်တန်းစတင်မည့် ကာလမှာ ၂၀၁၇ ခုနှစ် စက်တင်ဘာနှင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလများဖြစ်သည်။

နိုင်ငံတကာမှ ပညာလိုလားသည့်သူများအား တက္ကသိုလ်ဘွဲ့တစ်ခုခုအတွက် အထက်တန်းအဆင့် ပညာ သင်ကြားအောင်မြင်လာပြီးသူများကို လမ်းဖွင့်ပေးသည့် အစီအစဉ်လည်းဖြစ်သည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ဖွင့်လှစ်မည့် သင်တန်းများအတွက် ထောက်ပံ့ကြေးအဖြစ် ဒေါ်လာ ၅၀ဝ၀ ရရှိမည်ဖြစ်ပြီး၊ နှစ်စဉ် ပြန်လည် လျှောက်ထားရန်လိုပါသည်။ အောင်မြင်မှုကို ပိုင်းဖြတ်ပြီး ကျေနပ်မှ ဆက်လက် ထောက်ပံ့ပေးပါလိမ့်မည်။ အနိမ့်ဆုံး အားထုတ်မှုရလဒ် ၇၅ ရာခိုင်နှုန်းကျော်မှသာလျှင် ပညာသင်စရိတ်ကို ဆက်လက် ထောက်ပံ့ပေးလိမ့်မည်။

လျှောက်ထားသူများသည် ပညာအရည်အချင်း၊ လူ့အဖွဲ့အစည်းတွင် ပါဝင် လှုပ်ရှားခဲ့မှုများ၊ ထောက်ခံစာများနှင့် ပညာသင်ဆုကို အဘယ်ကြောင့် စိတ်ဝင်စားသည်ဆိုသော အချက်အလက်များကို အပြည့်အစုံရေးသား တင်သွင်းပြီး လျှောက်ထားရန်လိုသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် ဖွင့်လှစ်မည်ဖြစ်သော သင်တန်းအတွက် ၂၀၁၇ ခုနှစ် စက်တင်ဘာ နောက်ဆုံးထားပြီး လျှောက်လွှာများကို သတ်မှတ်ထားသည့်အတိုင်း အရောက်ပေးပို့ရမည်ဖြစ်ပါသည်။

အသေးစိတ်ကို အောက်ပါ Website များတွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

http://international.humber.ca/student-services/managing-your-finances/scholarships-awards.html ; http://www.scholars4dev.com/6179/scholarships-canada-international-students/