POST SECTION

EDUCATION-GUIDE

22-Feb-2018
ထူးချွန်သည့် မြန်မာလူငယ်များနှင့် နယ်ပယ် အသီးသီးများမှ ကျွမ်းကျင်သူများ မိမိအရည်အချင်းကို ထပ်မံ ဖြည့်ဆည်းနိုင်မည့် အခွင့်အရေးရရှိစေရန် အမေရိကန် ပြည်ထောင်စု ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ဗျူရိုက အသိအမှတ်ပြုပေးအပ်သည့် ပညာသင်ဆုများအကြောင်း မိတ်ဆက်ပေးလိုပါသည်။
12-Nov-2017
နယ်သာလန်နိုင်ငံမှာ သွားရောက် ပညာသင်ကြားခွင့်ရမယ့် အခွင့်အရေး တစ်ခုဖြစ်ပါတယ်။ University of Amsterdam မှာ တက်ရောက် ပညာသင်ကြားရမှာပါ။ ပေးအပ်မယ့် ဘွဲ့အမျိုးအစားကတော့ Master Degree ဖြစ်ပါတယ်။ လျှောက်လွှာကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ နဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့တွေမှာ ပိတ်မယ်လို့ သိရပါတယ်။ သင်တန်း စတင်မယ့်ရက် ကတော့ ၂၀၁၈ ခုနှစ် စက်တင်ဘာမှ ဖြစ်ပါတယ်။
04-Mar-2017
တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဘောဂဗေဒ ဘာသာတွဲနဲ့ ဖြေဆိုကြမယ့် ကျောင်းသူ၊ ကျောင်းသားတွေ အားလုံး ဘောဂဗေဒ ဘာသာရပ်ရဲ့ အခြေခံ သဘောတရားကို အရင်ဆုံး သိထားဖို့ လိုပါမယ်။ အဲဒီလို သိထားမှသာ ဒီဘာသာရပ်ကို လေ့လာခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရမလဲ၊ ကိုယ့်မိသားစုရဲ့ နေ့စဉ်ဘဝနဲ့ ဘယ်လိုဆက်စပ်နေသလဲ၊ ဒီပညာရပ်ကို ဘယ်လိုအကျိုးရှိရှိ ပြန်လည်အသုံးချနိုင်သလဲ၊ ကိုယ့်ရည်မှန်းချက်ကို ရောက်ဖို့ အချိန်နဲ့ဘဝကို ဘယ်လိုစီမံခန့်ခွဲရမလဲ အစရှိတဲ့ ဘောဂဗေဒ ဘာသာရပ်ရဲ့ အနှစ်သာရကို နားလည်သဘောပေါက်မှာပါ။ တကယ်တော့ ဘာသာရပ်တစ်ခုကို လေ့လာတာဟာ စာမေးပွဲအောင်ဖို့ သက်သက်တစ်ခုတည်းအတွက် မဟုတ်ဘဲ ကိုယ့်ကိုယ်ကို မြှင့်တင်ပြောင်းလဲနိုင်ဖို့ဆိုတဲ့ လေးနက်တဲ့ ရည်ရွယ်ချက်တွေ၊ ခံယူချက်တွေရှိဖို့ လိုအပ်ပါတယ်။
25-Feb-2017
လာမယ့် ၂၀၁၇ ခုနှစ် မတ်လမှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူတွေကို သတိပြု ဖြေဆိုရမယ့် အချက်တွေနဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။
19-Feb-2017
တက္ကသိုလ်ဝင်တန်း ပထဝီဝင် ဘာသာရပ် မေးခွန်းလွှာတွင် အပိုင်း (က) မှ အပိုင်း (စ) အထိ အပိုင်းခြောက်ခု ပါဝင်သည်။ အပိုင်း (က) သည် ဓမ္မဓိဋ္ဌာန်မေးခွန်း ဖြစ်ပြီး မေးခွန်းနံပါတ် (၁) တွင် (က) မှား/မှန်၊ (ခ) ကွက်လပ်ဖြည့်၊ (ဂ) အဖြေမှန်ရွှေး (၅) မှတ်စီဖြင့် စုစုပေါင်း ၁၅ ခု ၁၅ မှတ်ပေးထားသည်။ သဘာဝပထဝီဝင်၊ စီးပွားရေး ပထဝီဝင်၊ မြန်မာနိုင်ငံ ပထဝီဝင်၊ ကမ္ဘာ့ပထဝီဝင်နှင့် လက်တွေ့ပထဝီဝင် အခန်းများမှ အစဉ်အတိုင်း တစ်ခုစီ မေးထားခြင်း ဖြစ်သည်။
18-Feb-2017
၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအတွက် ရူပဗေဒ ဘာသာရပ်ဆိုင်ရာ မေးခွန်းပုံစံကို အားလုံးသိပြီးပြီ ဖြစ်သောကြောင့် မေးခွန်းပုံစံကို မဖော်ပြတော့ပါ။ သို့သော်လည်း မေးခွန်းပုံစံနှင့် ပတ်သက်၍ ပြောရမည်ဆိုလျှင် ရူပဗေဒ ဘာသာရပ် မေးခွန်းတွင် ပေးထားသော အမှတ်ပေါင်းသည် စုစုပေါင်း ၁၅၂ မှတ် ရှိပါသည်။
11-Feb-2017
တက္ကသိုလ်ဝင်တန်း ဇီဝဗေဒ ဖြေဆိုကြမယ့် ကျောင်းသား/ကျောင်းသူများအတွက် ဇီဝဗေဒ ဘာသာရပ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အခန်းအလိုက် မေးခွန်းလွှာမှ ရရှိနိုင်မည့် အမှတ်များကို ဆရာ့အနေနဲ့ ဦးစွာဆွေးနွေးပြမှာ ဖြစ်ပါတယ်။ ဒါကိုလေ့လာပြီးမှ မိမိအနေနဲ့ ဘယ်အခန်းတွေကို ဦးစားပေး ကျက်မှတ်သင့်တယ်၊ နောက်ထပ် အောင်မှတ်လွန် အမှတ်တွေ ဘယ်လိုရှာဖွေရမယ်၊ ဒီထက်ပိုပြီး ဂုဏ်ထူးရအောင် ဘယ်လိုဖြေဆိုရမယ်၊ ဘယ်လိုကျက်မှတ်သင့်တယ် ဆိုတာကို ပိုမိုသဘောပေါက် လွယ်ကူအောင် ရှင်းပြချင်ပါတယ်။
09-Feb-2017
၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုကြမယ့် ကျောင်းသူ၊ ကျောင်းသားများအတွက် မြန်မာစာဘာသာရပ် မေးခွန်းလွှာနဲ့ ပတ်သက်ပြီး မှတ်သားဖွယ်ရာ၊ ဂရုပြုဖွယ်ရာများကို ပြောပြချင်ပါတယ်။