30-Jan-2020
ရာနှုန်းပြည့်နီးနီး အခြေခံပညာအဆင့် ကလေးငယ်များစွာတို့ဟာ သူတို့အချိန်များစွာကို ဖုန်းပွတ်ပြီးကုန်ဆုံးလေ့ရှိပါတယ်။အရက်စွဲ၊ ဘိန်းစွဲသလို ဖုန်းစွဲအကျင့်ဟာ စိတ်ရောဂါရနေပြီလား ထင်ရလောက်အောင် အခြေအနေဆိုးပါတယ်။ဖုန်းကို ထိန်းသိမ်းဖို့၊ အကန့်အသတ်နဲ့သုံးဖို့ ကြိုးစားတဲ့မိဘကို ရန်ပြုလာပါတယ်။ မိသားစုပြဿနာဟာ ဖြေရှင်းမရနိုင်ဘဲ လွန်စွာခက်ခဲလာပါတယ်။ အင်တာနက်ကြည့်၊ ဂိမ်းဆော့ စတာတွေဟာ ကမ္ဘာတစ်ဝန်းဖြစ်နေကြပေမယ့် မြန်မာပြည်မှာက ပိုဆိုးပါတယ်။ တိုးတက်ဖွံ့ဖြိုးတဲ့တိုင်းပြည်တွေမှာ အားကစား၊ ဂီတအနုပညာ၊ စာကြည့်တိုက် ဝါသနာပါရာ အုပ်စုလိုက်လှုပ်ရှားမှု စသည်တို့နဲ့ မူလယ်ထက် ကလေးများကို ပြုပြင်ထိန်းသိမ်းနိုင်ပါသေးတယ်။ မြန်မာပြည်မှာ လုပ်ဖို့ခက်ခဲပါတယ်။