News

POST SECTION

EDITORIAL

01-Oct-2016
ဖက်ဒရယ် ပြည်ထောင်စု စနစ်၏ အခြေခံ သဘောတရားမှာ နိုင်ငံရေး အာဏာနှင့် အုပ်ချုပ်ရေး အာဏာတို့ကို ပြည်နယ်၊ ဒေသ အသီးသီးသို့ ခွဲဝေ အပ်နှင်းခြင်း သို့မဟုတ် ဗဟို ချုပ်ကိုင်မများ လျှော့ချခြင်း ဖြစ်သည်။
29-Sep-2016
သတင်း လွတ်လပ်ခွင့်သည် သတင်းသမား တစ်ဦးချင်း၊ သတင်းမီဒီယာ တစ်ခုချင်းစီ၏ အခွင့်အရေး မဟုတ်ဘဲ သတင်းသိခွင့် ရှိသော ပြည်သူလူထု တစ်ရပ်လုံး၏ အခြေခံ အခွင့်အရေး ဖြစ်သည်ဆိုသော အချက်နှင့် ယင်းအခွင့်အရေးကို သတင်း မီဒီယာများက ဖြည့်ဆည်းပေးနေခြင်းသာ ဖြစ်ကြောင်း သိထားသင့်ပေသည်။
28-Sep-2016
နာမည်ကျော် စစ်ကိုင်း ပြတ်ရွေ့ကြောကြောင့် နှစ်ပေါင်းလေးဆယ်ကျော်လျှင် ၆.၅ ရစ်ခ်စတာ အထက် ပြင်းအားရှိသော မြေငလျင်များ မြန်မာနိုင်ငံတွင် တစ်ကျော့ပြန် လှုပ်ခတ်နိုင်ခြေ ရှိနေကြောင်း ပညာရှင်များက သတိပေးချက်များ ထုတ်ပြန် ထားခြင်းကြောင့် ပြည်သူအများစု စိုးရိမ်သောကပွားလျက် ရှိကြသည်။
27-Sep-2016
ပြည်ထောင်စု အစိုးရအဆင့်တွင်ပင် ပြည်ထောင်စု ဝန်ကြီးနှင့် ဝန်ကြီးဌာန အများစုမှာ နိုင်ငံတော် သမ္မတရုံးနှင့် နိုင်ငံတော် အတိုင်ပင်ခံရုံးထံ အစီအရင်ခံ တင်ပြရခြင်း၊ ခွင့်ပြုမိန့် စောင့်ဆိုင်းရခြင်းတို့ကြောင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ တုံ့ပြန် ဆောင်ရွက်မှုများ နှေးကွေး လေးလံကြောင်း ဝေဖန်မှုများ ရှိနေပေသည်။
26-Sep-2016
Multi- level Marketing (မာလ်တီလယ်ဗယ် မားကက်တင်း)ဟု ခေါ်သော ကွန်ရက်ချိတ် ဈေးရောင်းသည့် လုပ်ငန်းနှင့် ပတ်သက်၍ ယခု ရက်ပိုင်းအတွင်း ပြောဆို ဝေဖန်မှုများ မြင့်တက်နေသော်လည်း ယင်းလုပ်ငန်းသည် မြန်မာနိုင်ငံ၏ ဥပဒေဆိုင်ရာ အားနည်းချက်များကြောင့် တရားဝင် လိမ်လည် လှည့်ဖြားသည့် ကုမ္ပဏီအဖြစ် ရပ်တည်လျက် ရှိနေသည်ကို တွေ့ရသည်
26-Sep-2016
လူ့အဖွဲ့အစည်း အသီးသီးအလိုက်၊ နိုင်ငံ အသီးသီးအလိုက် ပြဋ္ဌာန်း အတည်ပြု ထားသည့် ဥပဒေတို့ မည်သည် ယေဘုယျအားဖြင့် သက်ဆိုင်ရာ လူ့ အဖွဲ့အစည်းရှိ ဥပဒေနှင့်အညီ နေထိုင်ကြသူ လူသားများ၊ နိုင်ငံသားများကို အကာအကွယ် ပေးရန် ဖြစ်သည်။
24-Sep-2016
ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို မိမိ လုံခြုံရေးနဲ့ ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ စုံစမ်းဖော်ထုတ် တိုင်ကြားပေးတဲ့ သတင်းထောက် ကိုဆွေဝင်းကို နိုင်ငံတော် သမ္မတကြီးက ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်တဲ့သတင်းက တကယ့်ကို မင်္ဂလာရှိတယ်။
23-Sep-2016
အသင်း အဖွဲ့အစည်းများ၏ တာဝန်မှာ သက်ဆိုင်ရာ ကိုယ်စားပြု နယ်ပယ် အကျိုး အလို့ငှာ အုပ်ချုပ်သူ အစိုးရများကို မူဝါဒရေးရာများ အကြံပြု ညှိနှိုင်းခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်း၊ အစိုးရ၏ ပံ့ပိုးကူညီမှုများ ရယူခြင်း၊ နိုင်ငံတကာနှင့် ချိတ်ဆက်ကာ သက်ဆိုင်ရာ နယ်ပယ် ဖွံ့ဖြိုးရေး လုပ်ဆောင်ခြင်းတို့အပြင် လိုအပ်ပါက အစိုးရကို တိုက်တွန်း၊ အရေးဆို၊ ဖိအားပေးသည်မျိုးအထိ ဆောင်ရွက်ရသည်။
23-Sep-2016
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ အမည်နာမ အဓိပ္ပာယ် ဖွင့်ဆိုချက်၊ ကော်မရှင်၏ အဆင့်အတန်း သတ်မှတ်ချက်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်၊ လုပ်ထုံး၊ လုပ်နည်းများကို ဥပဒေဖြင့် အတိအကျ ပြဋ္ဌာန်း ပေးထားသော်လည်း ယခု ကလေးမ နှစ်ဦး နှိပ်စက်ခံရမှုနှင့် ပတ်သက်၍မူ ကော်မရှင်က ဥပဒေပါ လုပ်ထုံး၊ လုပ်နည်းများအတိုင်း လိုက်နာ ဆောင်ရွက်ခြင်း မရှိကြောင်း ၎င်းတို့၏ တရားဝင် ဖြေကြားချက်များတွင်ပင် ပေါ်လွင်ထင်ရှားနေပေသည်။
21-Sep-2016
အနှစ်၇ဝ နီးပါး ပြည်တွင်းစစ် နွံအတွင်း ကျရောက်နေသော နိုင်ငံတစ်ခုတွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို မြန်မာနိုင်ငံ တစ်ဝန်းရှိ မြို့ကြီးအချို့တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပကြခြင်းမှာ အထူး မင်္ဂလာ ရှိလှသည်။
21-Sep-2016
၂ဝ၁၅ ရွေးကောက်ပွဲအပြီး အာဏာ သုံးရပ်တွင် အသစ်နေရာ ယူလာကြသူများအပေါ် ဝေဖန် ပြောဆိုမှုများကို အသစ် ပြန်စနေရသည့် သဘော ဖြစ်သောကြောင့် စောင့်ကြည့် သင့်သေးကြောင်း ဝိုင်းဝန်း ကာကွယ် တုံ့ပြန်ကြခြင်းမှာ ချစ်စိတ်ဖြင့် ကြည့်ပါက နားလည် လက်ခံ ပေးနိုင်ပေသည်။
19-Sep-2016
တပ်မတော် စစ်သေနာပတိ တာဝန် ထမ်းဆောင်စဉ် ဗိုလ်ချုပ်သည် သူ့ရဲဘော်များကို ပြောလေ့ ရှိသော စကားမှာ “ဟေ့ကောင်တွေ မင်းတို့ကို ငါပြောနေသလို ငါကိုယ်တိုင်လည်း လုပ်တယ်ကွ”ဟူသော စကား ဖြစ်သည်။
18-Sep-2016
၁၉၁၉ ခုနှစ်က ဖွဲ့စည်းထားသော အသင်းကြီးကို ၁၉၉၉ ခုနှစ်တွင် ဈေးကွက်စီးပွားရေးပုံစံနှင့်အညီ ပြောင်းလဲဖွဲ့စည်းခဲ့သည့် ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) ၏ အမှုဆောင်အဖွဲ့ ရွေးကောက်ပွဲကို ယမန်နေ့က ကျင်းပခဲ့ခြင်းသည် ပြောင်းလဲသင့်၍ ပြောင်းလဲလာပြီလော သို့တည်းမဟုတ် ယခင်ပုံစံမျိုးအတိုင်း ရှိနေဆဲပင်လော မေးခွန်းထုတ်စရာ ဖြစ်လာသည်။
17-Sep-2016
မြင်သာထင်သာ ရှိတာကတော့ အမှိုက်ပြဿနာပေါ့။ မြန်မာပြည်မှာ အပေါဆုံးက အမှိုက်လို့ ပြောရလောက်အောင် နေရာတိုင်း၊ အချိန်တိုင်းမှာ တွေ့နေရတာ အမှိုက်စည်းကမ်းမဲ့ ပစ်တဲ့သူနဲ့ အမှိုက်တွေ ပွထနေတဲ့ နေရာတွေ။
17-Sep-2016
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တွင် ကိုဖီအာနန်နှင့် နိုင်ငံခြားသား သုံးဦး ထည့်သွင်းထားခြင်းကို ရခိုင်အမျိုးသား ပါတီ ANP က ကန့်ကွက်ခြင်းမှာ သာမန်ကြည့်ပါက မျှော်လင့်ထားသည့် ပြဿနာ တစ်ရပ်ဟု ဆိုနိုင်ပြီး စိုးရိမ်စိတ်ဖြင့် ကြည့်ပါက ထုထည်ကြီးကြီး ပြဿနာ တစ်ရပ်ဟုလည်း ယူဆနိုင်သည်