News

POST SECTION

EDITORIAL

17-Nov-2016
့အခွင့်အရေး နာမည် ခံထားသော အဖွဲ့အစည်းများ၏ ရပ်တည်ချက်၊ ရယူသော သတင်းရင်းမြစ်များ၊ ယင်းအဖွဲ့အစည်းများ ရပ်တည်ရေးအတွက် လှူဒါန်း ထောက်ပံ့သော နိုင်ငံနှင့် အဖွဲ့အစည်းများ၊ ယင်းအဖွဲ့တွင် ပါဝင် ဆောင်ရွက်နေကြသူများ၏ နောက်ကြောင်း ရာဇဝင်၊ ယင်းအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များ အမှီအခို ကင်းမှု၊ ဘက်မလိုက် မျှတမှု၊ ရိုးဖြောင့်မှုတို့ကို ပြန်လည် ဆန်းစစ် သုံးသပ်ရန် အထူး လိုအပ်
16-Nov-2016
ပြည်သူလူထုသည် နိုင်ငံကို ဦးဆောင် စီမံခန့်ခွဲရန် အရည်အချင်း ရှိသူ တစ်ဦးအဖြစ် လက်ခံ ယူဆသောကြောင့် သမ္မတအဖြစ် မဲပေးရွေးချယ် တင်မြှောက်ထားသော ၎င်းတို့၏ သမ္မတ၏ အရည်အချင်းကို ဆက်လက် မယုံကြည်တော့ခြင်းကြောင့် နုတ်ထွက်ပေးရန် တောင်းဆိုကြခြင်းမှာ ပြည်သူ့ထံတွင် အာဏာ တည်နေကြောင်း လက်တွေ့ ပြသလိုက်ခြင်းလည်းဖြစ်သည်။
16-Nov-2016
ယနေ့ ရှှတေိဂုံ စတေီတောသွညလွညွး ကှညညွို သဒဓြါတရား ထကသွနလွေးမှတစွှာ လာရောကကွှသော ဘုရားဖူးမှားထံမှ ရရှိသည့ွ လှူဒါနွးမှုမှားကို အမှားပှညသွူ ဝမွးမှောကပွီတိဖှဈစှာ သာဓု ခေါဆွိုနိုငရွနွ အလို့ငှာ ကှိုကထွီးရိုး စတေီကဲ့သို့ ပှုပှငွ ပှောငွးလဲမှုမှား ပှင့လွငွးမှငသွာစှာ ဆောငရွှကသွင့ပွသညွေ
16-Nov-2016
မည်သည့် အကြောင်းနှင့်မဆို ကူညီ ထောက်ပံ့ရန် အသင့်ရှိသော သန်းပေါင်း များစွာရှိ ထောက်ပံ့ ငွေကြေးများကို အကြောင်းပြုကာ ရခိုင်ပြည်နယ်ရှိ အဆိုပါ ဒေသကို နိုင်ငံရေးအရ၊ လူ့အခွင့်အရေးအရ ဇာတ်လမ်းဆင် ပုံဖော်လာသော ပြဿနာများ ရှုပ်ထွေးကာ ထိုင်း တောင်ပိုင်းကဲ့သို့ ဖြစ်မသွားစေရေးအတွက် အစိုးရ၊ တပ်မတော်တို့ အနေနှင့် သတိကြီးကြီးထားကာ ကိုင်တွယ် ဆောင်ရွက်ရမည်
13-Nov-2016
ငြိမ်းချမ်းသော ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်ဖြင့် နိုင်ငံပြန်လည် တည်ဆောက်ပြုပြင်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော မြန်မာနိုင်ငံ အနေနှင့် ယနေ့ မြန်မာနိုင်ငံသားများ၏ အစားအသောက်အပေါ် အလေးအနက် မထားသော စရိုက် သဘာဝကို အလေးအနက်ထား ပြုပြင်ရမည်ဖြစ်သည်။
12-Nov-2016
မြန်မာပြည်မှာ အွန်လိုင်း လူမှုရေးကွန်ရက် ကျယ်ကျယ်ပြန့်ပြန့် သုံးလာတဲ့အတွက် ကောင်းတာရော၊ ဆိုးတာရော အများကြီး တွေ့ရတယ်ဆိုပေမယ့် နှစ်အများကြီး မြုံထားခဲ့ကြတဲ့ ကျွန်တော်တို့ မြန်မာတွေ ပွင့်ထွက်လာတဲ့အခါ အဆီးအတား မရှိဘဲ ကမ်းပါးယံတွေ တိုက်စား ပစ်လိုက်သလိုပဲ ထိခိုက် သက်ရောက်မှုတွေ များလာတယ်။
11-Nov-2016
မည်သို့ပင်ဖြစ်စေ အမေရိကန် ပြည်သူများသည် လူလိမ်နှင့် လူမိုက် နှစ်ဦး ယှဉ်ပြိုင်သကဲ့သို့ ဖြစ်နေသော သမ္မတ ရွေးချယ်ပွဲတွင် ၎င်းတို့၏ သမ္မတအဖြစ် လူမိုက်ဟုဆိုရမည့် ဒေါ်နယ်ထရမ့်ကို ရွေးချယ် လိုက်ပြီးနောက် မြန်မာနိုင်ငံနှင့် ကမ္ဘာ့ရေးရာများအပေါ် အမေရိကန် ပြည်ထောင်စု၏ ရပ်တည်ချက်၊ အပြောင်းအလဲ မည်သို့ ရှိလာမည်ကို စောင့်ကြည့်ရန်သာ ရှိပေသည်
10-Nov-2016
နှစ်ပေါင်း သုံးဆယ်နီးပါး ပုဂ္ဂလိက ကုမ္ပဏီများကို ထင်သလို သစ်ထုတ်ယူခွင့်ပြုခဲ့ခြင်း၊ အလုံးလိုက် တင်ပို့ ရောင်းချခွင့်ပြုခဲ့ခြင်း တို့ကို စတင် ကန့်သတ်လာခြင်းမှာ အဆိုးထဲက အကောင်းဟု ဆိုရမည်ဖြစ်ကြောင်း
09-Nov-2016
ယခုရက်ပိုင်းအတွင်း Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်တွင် လူပုဂ္ဂိုလ် နာမည် ဖော်ပြ မထားသော်လည်း ဝန်ကြီးချုပ် တစ်ဦးထံ မူးယစ်ဆေးဝါးမှုနှင့် ထောင်ကျရာမှ ပြန်လည် လွတ်မြောက်လာသော လုပ်ငန်းရှင် တစ်ဦးက အမေရိကန် ဒေါ်လာ တစ်သိန်းတန် နာရီ လက်ဆောင်ပေးသည် ဆိုသော ရေးသားမှုနှင့် ပတ်သက်ပြီး လူပြော အများဆုံး၊ ပွဲအဆူဆုံး အကြောင်းအရာ တစ်ခု ဖြစ်သွားခဲ့သည်။
09-Nov-2016
ငယ်ငယ်ကပင် ရိုက်နှက်ဆုံးမခြင်းကို မိရိုးဖလာသဘော ခံယူကျင့်သုံး လာခဲ့သော မြန်မာလူ့အဖွဲ့အစည်းတွင် အငုံ့စိတ်များ၊ အကြောက်တရားများ ကြီးစိုးနေခြင်းမှာ ပညာရေးနယ်ပယ်တွင် ရှိနေသူ ဆရာ၊ ဆရာမများ၏ ခံယူချက် အမှား၊ နားလည်မှု အလွဲများကလည်း အဓိက အကြောင်းအရင်းများတွင် ပါဝင်သည်။
08-Nov-2016
ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများပင်လျှင် လက်သင့်ရာ ခန့်ထား၊ ကူညီခြင်း၊ ဘက်လိုက်ခြင်း၊ ခွဲခြားဆက်ဆံခြင်း ကဲ့သို့ ကိစ္စရပ်များ ဖြစ်ပေါ်နေပေရာ ကုလ အဖွဲ့အစည်း အချို့နှင့် NGO အချို့၏ လုပ်ကိုင် ဆောင်ရွက်ပုံများမှာ နိုင်ငံနှင့် ပြည်သူလူထုအတွက် ထိရောက်မှု အမှန်တကယ် ရှိပါ၏လောဟု မေးခွန်းထုတ်စရာ ဖြစ်လာပေသည်။
06-Nov-2016
လက်ရှိ အစိုးရအပေါ် နိုင်ငံတကာ၏ ယုံကြည်မှုနှင့် မျှော်လင့်ချက် များစွာ မြင့်မားနေသော ယနေ့ ကာလမျိုးတွင် ဂျာမနီ ကဲ့သို့ နိုင်ငံမျိုး၏ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရန် မိမိနိုင်ငံ၏ စီးပွားရေးရေခံ၊ မြေခံများကို အချိန်မဆိုင်း အရည်အချင်း မြှင့်တင် တည်ဆောက် ထားသင့်ကြောင်း
05-Nov-2016
ဆယ်ကျော်သက်တွေ ကျူးလွန်မှု များလာတဲ့ အသေးစား လုယက်မှု၊ ဖောက်ထွင်းမှု၊ အလစ်သုတ်မှု၊ ခိုးမှုတွေက ဒီ ဖုန်းပြောခနဲ့ ဆိုင်ကယ်ဆီဖိုး ဖြည့်ဆည်းဖို့ ရည်ရွယ်ချက်က အခြေခံ သဘောဖြစ်နေတာ တွေ့ရတယ်။
05-Nov-2016
အချိန် ကြာလာသည်နှင့်အမျှ မိုဘိုင်းလ် ဖုန်းများသည် ကိုယ်ပိုင် ဝင်ငွေ မရှာနိုင်သူများ၊ ဝင်ငွေ နည်းပါးသူများ တစ်နည်းအားဖြင့် ဖုန်းဘေလ် ကုန်ကျစရိတ်မှတစ်ဆင့် ဝင်ငွေ မရှာဖွေနိုင်သူများ၏ အိတ်ကပ်အတွင်းမှ ပိုက်ဆံကို တစ်တိတိနှိုက်ယူမှန်း မသိ နှိုက်ယူလာသော အိမ်တွင်း သူခိုးပမာ ဖြစ်လာပေသည်
04-Nov-2016
ယာဉ်ကြော ပိတ်ဆို့မှုကို ဖြေရှင်းရန် ကြိုးစားနေသော်လည်း သာမန်လူတိုင်း စဉ်းစားနိုင်သော ခုံးကျော် တံတားများ တည်ဆောက်ခြင်းနှင့် ဘတ်စ်ကားများ စီးရေတိုးချဲ့ ပြေးဆွဲခြင်းမျှလောက်သာ တွေ့ရပြီး ထိုထက်ပိုပြီး ရင်းမြစ် အကြောင်းအရာ ရှာ၍ ရေရှည်ခံသော ဖြေရှင်းနည်း မတွေ့ရသေးပေ။