News

POST SECTION

EDITORIAL

21-Sep-2016
၂ဝ၁၅ ရွေးကောက်ပွဲအပြီး အာဏာ သုံးရပ်တွင် အသစ်နေရာ ယူလာကြသူများအပေါ် ဝေဖန် ပြောဆိုမှုများကို အသစ် ပြန်စနေရသည့် သဘော ဖြစ်သောကြောင့် စောင့်ကြည့် သင့်သေးကြောင်း ဝိုင်းဝန်း ကာကွယ် တုံ့ပြန်ကြခြင်းမှာ ချစ်စိတ်ဖြင့် ကြည့်ပါက နားလည် လက်ခံ ပေးနိုင်ပေသည်။
19-Sep-2016
တပ်မတော် စစ်သေနာပတိ တာဝန် ထမ်းဆောင်စဉ် ဗိုလ်ချုပ်သည် သူ့ရဲဘော်များကို ပြောလေ့ ရှိသော စကားမှာ “ဟေ့ကောင်တွေ မင်းတို့ကို ငါပြောနေသလို ငါကိုယ်တိုင်လည်း လုပ်တယ်ကွ”ဟူသော စကား ဖြစ်သည်။
18-Sep-2016
၁၉၁၉ ခုနှစ်က ဖွဲ့စည်းထားသော အသင်းကြီးကို ၁၉၉၉ ခုနှစ်တွင် ဈေးကွက်စီးပွားရေးပုံစံနှင့်အညီ ပြောင်းလဲဖွဲ့စည်းခဲ့သည့် ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) ၏ အမှုဆောင်အဖွဲ့ ရွေးကောက်ပွဲကို ယမန်နေ့က ကျင်းပခဲ့ခြင်းသည် ပြောင်းလဲသင့်၍ ပြောင်းလဲလာပြီလော သို့တည်းမဟုတ် ယခင်ပုံစံမျိုးအတိုင်း ရှိနေဆဲပင်လော မေးခွန်းထုတ်စရာ ဖြစ်လာသည်။
17-Sep-2016
မြင်သာထင်သာ ရှိတာကတော့ အမှိုက်ပြဿနာပေါ့။ မြန်မာပြည်မှာ အပေါဆုံးက အမှိုက်လို့ ပြောရလောက်အောင် နေရာတိုင်း၊ အချိန်တိုင်းမှာ တွေ့နေရတာ အမှိုက်စည်းကမ်းမဲ့ ပစ်တဲ့သူနဲ့ အမှိုက်တွေ ပွထနေတဲ့ နေရာတွေ။
17-Sep-2016
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်တွင် ကိုဖီအာနန်နှင့် နိုင်ငံခြားသား သုံးဦး ထည့်သွင်းထားခြင်းကို ရခိုင်အမျိုးသား ပါတီ ANP က ကန့်ကွက်ခြင်းမှာ သာမန်ကြည့်ပါက မျှော်လင့်ထားသည့် ပြဿနာ တစ်ရပ်ဟု ဆိုနိုင်ပြီး စိုးရိမ်စိတ်ဖြင့် ကြည့်ပါက ထုထည်ကြီးကြီး ပြဿနာ တစ်ရပ်ဟုလည်း ယူဆနိုင်သည်
15-Sep-2016
ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ပြည်ထောင်စု ခရီးစဉ်အတွင်း အများ မျှော်လင့်ထားသည့်အတိုင်း မြန်မာနိုင်ငံအပေါ် အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှု အားလုံးကို ရုပ်သိမ်းရန် အိုဘားမား အစိုးရက စတင်ကြိုးပမ်း လိုက်ခြင်းမှာ မင်္ဂလာရှိသော သတင်း
14-Sep-2016
ရုပ်ရှင်ဂီတ လောက အတွင်းမှ ငွေကြေး အလွဲသုံးစားမှု၊ ယုံကြည် အပ်နှံခြင်းကို ဖောက်ဖျက်မှု၊ လိမ်ညာ ဟန်ဆောင်မှု၊ တာဝန် လစ်ဟင်းမှု၊ မူးယစ် ဆေးဝါး လက်ဝယ် တွေ့ရှိမှု စသည်တို့နှင့်ဆိုင်သော သတင်းစာ ရှင်းလင်းပွဲများ၊ တွေ့ဆုံ မေးမြန်းချက်များ၊ ရင်ဖွင့် ခံစားမှုများ၊ ထုတ်ပြန် ကြေညာချက်များမှာ ယခုရက်ပိုင်းအတွင်း ထိပ်တန်း ဦးစားပေး သတင်းများအဖြစ် တွေ့မြင်ရသည်
14-Sep-2016
မိမိကိုယ်ကိုနှင့် တစ်ပါး သူတို့အပေါ် ချစ်ခြင်း၊ မုန်းခြင်း ခံစားချက်တို့ကို မိမိကိုယ်ပိုင် အသိဉာဏ်ဖြင့် ပိုင်းခြား ဆုံးဖြတ်ခြင်းမှာ လူ့သဘာဝ ဖြစ်သည်။
12-Sep-2016
လူမှုကွန်ရက်ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း ခေါ် ကင်မ်အဲရစ်စ် လန်ဒန်တွင် ဘတ်စ်ကား စီးနေခြင်းကို ဘီဘီစီ မြန်မာပိုင်း အစီအစဉ်မှ သတင်းထောက် တစ်ဦးက တွေ့ဆုံ မှတ်တမ်း ဓာတ်ပုံရိုက်ကာ ၎င်း၏ လူမှုကွန်ရက်ပေါ်တွင် တင်လိုက်သည့် သတင်းမှာ ယခု ရက်ပိုင်းအတွင်း အထူး ရေပန်းစား
11-Sep-2016
မြန်မာနိုင်ငံတွင် နှစ်ပေါင်း များစွာ အုပ်ချုပ် ကျင့်သုံးလာခဲ့သော စနစ်ဆိုးများကြောင့် မြန်မာလူမျိုး အများစုသည် ပြဿနာများကို ချစ်စိတ်၊ မုန်းစိတ် ခံစားချက်ဖြင့် ကြည့်လေ့၊ မြင်လေ့ ရှိတတ်ခြင်းမှာ အများသိနေသော ကိစ္စဖြစ်သည်
10-Sep-2016
ကျွန်တော်တို့ မြန်မာ လူ့အဖွဲ့အစည်းမှာ မကြာခဏ ဆိုသလို မှားယွင်း လွဲချော်မှု၊ တိမ်းစောင်း အံချော်မှုတွေနဲ့ ကြုံရတဲ့အခါ အများအားဖြင့်တော့ သက်ဆိုင်တဲ့ တာဝန်ရှိတဲ့သူတွေက တောင်းပန်တဲ့ အလေ့အထ သိပ်နည်းသလားလို့။
10-Sep-2016
ရန်ကုန်မြို့တော်အပါအဝင် တစ်နိုင်ငံလုံးတွင် ယခုနောက်ပိုင်း အမှုအခင်း ဖြစ်ပွားသည့်သတင်းများ ယခင့် ယခင်ကာလများ ထက်စာလျှင် ပိုမိုများပြား လာခြင်းကြောင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ် လုံခြုံစိတ်ချရေးတို့ကို ခြိမ်းခြောက် လာသည့် အန္တရာယ် အခြေအနေသို့ ရောက်ရှိနေပြီလော
08-Sep-2016
မြန်မာနိုင်ငံ၏ ခေတ်အမီဆုံး၊ အဖွံ့ဖြိုးဆုံး၊ အကြီးဆုံး ရန်ကုန်မြို့တော်ရှိ ပုဂ္ဂလိက အထူးကု ဆေးရုံကြီး တစ်ခုတွင် လျှပ်စစ်မီး ပြတ်တောက် သွားချိန်တွင် ဆေးရုံရှိ မီးစက် နှစ်လုံးမှာလည်း ချို့ယွင်း နေသောကြောင့် မီးပျက်နေစဉ် လုပ်ငန်း အားလုံးနီးပါး ရပ်တန့်သွားသည်ဟု ဆိုလျှင် ယုံကြပါသလော
07-Sep-2016
ပြည်သူ့ရေးရာ မူဝါဒ ဆိုသည်မှာ နိုင်ငံ၏ အုပ်ချုပ်ရေး ယန္တရား အနေနှင့် အများနှင့် ပတ်သက်သော အမှုကိစ္စများကို ဆောင်ရွက်ရာတွင် လူ့အဖွဲ့အစည်း၏ ဓလေ့ထုံးတမ်း ဥပဒေများနှင့်အညီ အကြောင်းအရာအပေါ် မူတည်၍ အကောင်အထည် ဖော်ခြင်း
06-Sep-2016
မည်မျှ စေတနာ မှန်ကာ ရှေ့ရေးအမြင်၊ နိုင်ငံတကာ အမြင်၊ ကျယ်ပြန့် နက်နဲသော ရှုထောင့်အမြင်များဖြင့် စီစဉ်သော အရေးကိစ္စ ဖြစ်စေကာမူ ပြည်တွင်းနှင့် ဒေသခံများ လက်ခံ နားလည်ခြင်း၊ သဘောတူ ထောက်ခံခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်း မရှိပါက အောင်မြင်နိုင်ခြေ ရာခိုင်နှုန်းလည်း နည်းပါး နိုင်