News

POST SECTION

EDITORIAL

15-Nov-2017
အမေရိကန်နှင့် အနောက်နိုင်ငံများသည် ဘင်္ဂါလီကိစ္စပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မြန်မာနိုင်ငံအပေါ် လက်တွေ့ကျသော မူဝါဒများနှင့် ဆက်လက် ချဉ်းကပ်လာမည့် သဘောဖြစ်ရာ မြန်မာအစိုးရနှင့် တပ်မတော်တို့ အနေနှင့်လည်း မိမိ၏ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ပေးနိုင်မည့် အမြင်များဖြင့် အင်အားကြီး နိုင်ငံကြီးများ၏ ခြေလှမ်းတိုင်းကို ဟန်ချက်ညီညီ သတိကြီးစွာ တုံ့ပြန်နိုင်ရမည်
14-Nov-2017
အချက်ပြစနစ်ဆိုင်ရာ ပညာပေးသည့် လုပ်ငန်းကို ပေါ့ပေါ့တန်တန် သဘောမျိုး မထားဘဲ အထူး အလေးအနက် ထားကာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရမည်ဖြစ်သလို တစ်ဖက်တွင် လမ်းကျဉ်းနေသည့် ကိစ္စများကိုလည်း နည်းပါးသွားအောင် တဖြည်းဖြည်းချင်း လုပ်ယူသွားရမည်ဖြစ်သည်
13-Nov-2017
ည်သို့ပင်ဖြစ်စေ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ဧရာမ ကြီးမားသော အရင်းအနှီးမျိုး မလိုအပ်ဘဲ ကုန်ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးနိုင်မှုတို့ဖြင့် များစွာ အထောက်အပံ့ ပေးနိုင်သော SME များ ဆက်လက် အားကောင်းလာနိုင်ရေးအတွက် အတိုးနှုန်းကိစ္စကို သက်ဆိုင်သူများက အကောင်းဆုံးဖြစ်အောင် ပံ့ပိုးကူညီပေးကြရမည်
12-Nov-2017
လက်ဝဲ အယူဝါဒဖြစ်စေ၊ လက်ယာ အယူအဆဖြစ်စေ ကောင်းကွက်နှင့် ဆိုးကွက်ဟူသည် ဒွန်တွဲနေစမြဲဖြစ်ရာ အသိဉာဏ် အမြော်အမြင် ကြီးမားသည့် လက်ရှိ ခေါင်းဆောင်များနှင့် နောင်အခါ ခေါင်းဆောင် ဖြစ်လာမည့်သူများအနေနှင့် မြန်မာဟူသည့် Nation State တစ်ခုအနေနှင့် ကမ္ဘာတွင် ပေါ်ပေါက်လာစရာရှိသည့် အယူဝါဒ မုန်တိုင်းကြီးများကြား၌ ကြံ့ကြံ့ခံနိုင်ရေးအတွက် အယူဝါဒများ၏ ကောင်းကွက်များကို မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် လေ့လာတွက်ဆ ထားကြရမည်
11-Nov-2017
တကယ်တော့ လူကြီးဆိုတာ လူငယ်တွေထက် ကိုယ့်အတွင်းစိတ်ကို ကိုယ်မြင်အောင် ပိုကြည့်နိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ဆုံးမနိုင်စွမ်း အရှိဆုံး ပုဂ္ဂိုလ်တွေ ဖြစ်ကြရမယ်လို့ ပြောချင်တာပဲဖြစ်ပါတယ်။
11-Nov-2017
မြန်မာနိုင်ငံအနေနှင့် အနောက်နိုင်ငံများနှင့် ပို၍ ခိုင်မာသော ဆက်ဆံရေးကောင်းများ ထူထောင်ရန် ကြိုးပမ်းရာတွင်လည်းကောင်း၊ ကမ္ဘာ့အလယ်၌ မြန်မာနိုင်ငံ ကြီးမားသည့် အကျပ်အတည်း ဖြစ်နေချိန်တွင်လည်းကောင်း အစ္စရေးတို့သည် အမေရိကန်၏ ပြိုင်ဘက်များ ဖြစ်သော တရုတ်နှင့် ရုရှားတို့နှင့် မတူခြားနားသော အကူအညီများနှင့် အသံများ ပေးသည့် မိတ်ဆွေတစ်ဦး ဖြစ်နေလိမ့်မည်ဟူသော အချက်ကို ဖော်ပြလိုရင်း ဖြစ်ပေသည်။
08-Nov-2017
မြန်မာတွေ ဘာလုပ်တတ်သလဲ ဆိုသည့်မေးခွန်းကို ကောင်းစွာ ဖြေဆိုနိုင်ရေးအတွက် မည်သည့်အလုပ်ကိုမဆို အလုပ်ကို အလုပ်နှင့်တူအောင် စည်းစနစ်တကျ လုပ်ကြပြီး အရည်အချင်းရှိသူ၊ ဇရှိသူ၊ ထူးချွန်ထက်မြက်သူများကို ကောင်းစွာ မြေတောင် မြှောက်ပေးရတော့မည်
07-Nov-2017
ယနေ့ ကမ္ဘာကြီးသည် လူ့အဖွဲ့အစည်း တိုင်းအတွက် ဒီမိုကရေစီထက် ပိုကောင်းသော စနစ်တစ်ရပ်ကို ဖန်တီးပေးနိုင်မည့် နိုင်ငံရေး အိုင်ဒီယော်လော်ဂျီ တစ်ရပ်ကို တောင်းဆိုလျက် ရှိသည်ဖြစ်ရာ ဒီမိုကရေစီကို ခဲရာခဲဆစ် ဖော်ဆောင်နေရသည့် အစိုးရနှင့် ပြည်သူများအနေနှင့် မည်သည့် နိုင်ငံရေး အယူဝါဒကိုမျှ တစ်ထစ်ချယုံကြည် တွယ်ဖက် မထားသင့်ဘဲ ပြဿနာများနှင့် စိန်ခေါ်မှုများကို ကြီးမားသည့် အသိဉာဏ်ဖြင့်သာ ရင်ဆိုင်ရမည်ဖြစ်ကြောင်း
07-Nov-2017
ဆရာဝန်ဖြစ်စေ၊ အင်ဂျင်နီယာဖြစ်စေ၊ စစ်ဗိုလ်ဖြစ်စေ၊ သမိုင်းပညာရှင်ဖြစ်စေ၊ ပထဝီပညာရှင် ဖြစ်စေ၊ ဓာတုဗေဒ ပညာရှင်ဖြစ်စေ မိမိထူးချွန်တတ်မြောက်ထားသည့်ပညာဖြင့် မိမိ၏ မိသားစု၊ နိုင်ငံနှင့် လူ့အဖွဲ့အစည်းကို ထိရောက်စွာ အကျိုးပြုနိုင်သည် ဆိုပါက လူရိုသေ ရှင်ရိုသေ ခံရရုံမျှမက တန်ဖိုးဟူသည်မှာလည်း ရှိနေမည်ဖြစ်ကြောင်းနှင့် ထိုသို့ ပညာရပ် အသီးသီးကို မိမိဝါသနာအလိုက် လူမှန်နေရာမှန်ပုံစံမျိုးဖြင့် တန်ဖိုးထား လေ့လာဆည်းပူးသူများ ပေါ်ထွက်ရေးအတွက်မူ သက်ဆိုင်ရာ ပညာရှင်များက တာဝန်သိစွာ မြေတောင် မြှောက်ပေးကြရမည်ဖြစ်ကြောင်း
05-Nov-2017
မည်သည့်လုပ်သားမဆို အနိမ့်ဆုံး လုပ်အားခ တိုးမြှင့်ရယူလိုကြသည်မှာ ဓမ္မတာပင် ဖြစ်သော်လည်း ဖြစ်သင့်သည်မှာ တိုင်းပြည် စီးပွားရေး အလုံးစုံ တိုးတက်ဖြစ်ထွန်းစေမည့် အခြေအနေတစ်ရပ် ဦးစွာဖန်တီးပေးရန်လိုအပ်ရာ စီးပွားရေး လုပ်ငန်းတိုးချဲ့ လုပ်ကိုင်လိုသူများနှင့် ရင်းနှီးမြှုပ်နှံလိုသူများအပေါ် အခွန်နှုန်းထားနှင့် ထိန်းချုပ်မှုများ ပိုမိုဖြေလျှော့ပေးခြင်းဖြင့် စတင်မှသာ အလုပ်အကိုင် အခွင့်အလမ်းများနှင့် လုပ်အားခများလည်း တိုးမြင့်လာပြီး ဆင်းရဲနွမ်းပါးမှုကိုပါ တစ်ပါတည်း လျှော့ချနိုင်မည်
04-Nov-2017
ကိုယ်အမြတ်ရရင်၊ ပိုက်ဆံရရင်ပြီးရော ကျန်တာ ဂရုမစိုက်ဘူး ဆိုတဲ့သဘောနဲ့ စားသောက်ဆိုင်ဖွင့်၊ လက်ဖက်ရည်ဆိုင် ဖွင့်ထားမယ်ဆိုရင် ဆိုင်ထဲမှာ ဘယ်လောက်ပဲ ဟီးနေတဲ့ ဘုရားစင်ကြီး ရှိနေသည်ဖြစ်စေ ကုသိုလ်ဆိုတာ မဖြစ်နိုင်ပါဘူး
02-Nov-2017
မြန်မာနိုင်ငံသား မိသားစုတိုင်း အိမ်ပိုင်သည်၊ မပိုင်သည် ဆိုခြင်းထက် အဆင်ပြေ ချောမွေ့စွာ ဝယ်ယူနိုင်၊ ငှားရမ်းနိုင်သည့် အနေအထားမျိုး ဖြစ်စေမည့် နည်းလမ်းများ ရှာဖွေပေးရေးမှာ အုပ်ချုပ်ရေးယန္တရား၏ တာဝန်ဖြစ်ပြီး အိမ်ခြံမြေ ဈေးကွက်အတွင်း မျှတမှု ရှိ၊ မရှိနှင့် ဈေးကစားသူများ ပပျောက်ခြင်း ရှိ၊ မရှိကို ဈေးကွက်ကသာ အဆုံးအဖြတ် ပေးနိုင်ကြောင်း
01-Nov-2017
အတိတ်တွင် မည်သို့သော အနေအထားမျိုး ရှိခဲ့သည်ဖြစ်စေ၊ ယနေ့အချိန်သည် ပညာရေးကဏ္ဍကို မြေစမ်းခရမ်းပျိုးပုံစံ လျှောက်လုပ်နေရမည့် အချိန်မဟုတ်ဘဲ သေချာသည့်နည်းလမ်း၊ ခိုင်မာသည့် စနစ်များဖြင့် အကောင်းဆုံး ဖြစ်လာအောင် ရင်းနှီးမြှုပ်နှံနိုင်ပါမှ အနာဂတ်နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းစဉ် စိတ်ချရမည် ဆိုသည်ကို ဖော်ပြလိုရင်း
31-Oct-2017
ဘဏ္ဍာနှစ်အပြောင်းအလဲသည် စာရင်းပိတ်ချိန်နှင့် စာရင်းဖွင့်ချိန် အပြောင်းအလဲမျှသာ ဖြစ်သော်လည်း အပြောင်းအလဲ လုပ်သူများ မျှော်လင့်ထားသလို အဆိုပါ ပိတ်ချိန်၊ ဖွင့်ချိန်နှင့် အခြားကဏ္ဍများ ပို၍ Timing ကိုက်ညီစွာ လည်ပတ်နိုင်အောင် အမှန်တကယ် အကောင်အထည်ဖော်နိုင်ခြင်း ရှိ၊ မရှိမှာမူ အချိန်ကပင် အဆုံးအဖြတ်ပေးမည် ဖြစ်ပေသည်။
30-Oct-2017
သမိုင်းကြောင်းနှင့်ချီကာ ရှုပ်ထွေးနက်နဲခဲ့သည့် ပြဿနာတစ်ခုမကနှင့် ရင်ဆိုင်ကြုံတွေ့နေရသော မြန်မာနိုင်ငံ၏ ခေါင်းဆောင်များအတွက်မူ လုံခြုံရေးကိစ္စဟူသည် ပေါ့ပေါ့တွေးကာ ပေါ့ပေါ့တန်တန် သဘောထားရမည့် ကိစ္စလုံးဝ မဟုတ်သည်ကို အထူး သတိပေး ဖော်ပြလိုရင်း