News

POST SECTION

EDITORIAL

19-Dec-2017
အစိုးရအရာရှိတစ်ဦး မိသားစုဝင်ငွေ မလောက်၍ လာဘ်ယူသည်၊ အလွဲသုံးစား လုပ်လိုက်မိသည်ဟူသည်မှာ သနားစရာဇာတ်လမ်းတစ်ပုဒ်ဖြစ်နိုင်ကောင်းသော်လည်း အစိုးရအရာရှိအားလုံးနီးပါး မိသားစုဝင်ငွေ မလောက်ငလျှင်မူ အစိုးရအဖွဲ့ ပျက်ကိန်းဆိုက်ဖို့ရာသာ ရှိတော့သည်
18-Dec-2017
သတင်းမီဒီယာများ ရေးသားဖော်ပြချက် မှားယွင်းလျှင် အစိုးရကရှိထားသော မီဒီယာ ဥပဒေကြောင်းများအရ ဖြေရှင်းနိုင်ပြီး အစိုးရလမ်းမှားလျှင်လည်း သတင်းမီဒီယာများက ပွင့်ပွင့်လင်းလင်း ဝေဖန်ထောက်ပြကြစမြဲဖြစ်ပေသည်။
17-Dec-2017
Virtual ကမ္ဘာကြီးထဲမှာ ငိုသံတွေ၊ ရယ်သံတွေ၊ ကခုန်သံတွေ၊ ကောင်းချီးပေးသံတွေ ဘယ်အချိန်အထိ ဆက်ကြားခွင့်၊ မြင်ခွင့်ရှိမလဲဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်သေးပေမယ့် Virtual ကမ္ဘာဖြစ်စေ၊ Real World ဖြစ်စေ ကြိုက်ခြင်း၊ မကြိုက်ခြင်း(ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း)နဲ့ပဲ အရာအားလုံး ရှေ့ဆက်သွားကြရမှာပါပဲ။
15-Dec-2017
ယနေ့မြန်မာတို့ အသုံးပြုနေသည့် လူမှုကွန်ရက်များပေါ်တွင် လူအများစု၏ ဆန္ဒ၊ တစ်နည်းအားဖြင့် ပြည်သူ့ ဆန္ဒအစစ် မဟုတ်ဘဲ လူနည်းစုက လူများစု အယောင်ဆောင်ကာ ပြည်သူ့ဆန္ဒကို ပုံဖော်ယူနိုင်သည့် အနေအထား ရှိနေသည်ကိ ုလူမှုကွန်ရက်သုံးသူများက ကောင်းစွာ နားလည် သဘောပေါက်ထားရမည်ဖြစ်ကြောင်းနှင့် ပြည်သူ့ဆန္ဒ အတုကို အစစ်ထင်အောင် လုပ်ဆောင်နေသည့် ဆိုက်ဘာ မသမာမှုများ နှိမ်နင်းရေးအတွက် သက်ဆိုင်သူများက ယခုကတည်းက အလေးအနက်ထား စဉ်းစားရတော့မည်
14-Dec-2017
ယင်းပြဿနာနှင့်အတူ အနာဂတ်တွင် မြန်မာနိုင်ငံနှင့် နိုင်ငံသားများအပေါ် အထင်အမြင်သေးခြင်း၊ အထက်စီးမှနေကာ နှိမ်ချဆက်ဆံခြင်းမျိုး မရှိအောင် မည်သို့ပြင်ဆင်ဖြည့်ဆည်း ထားရမည်ဟူသောကိစ္စနှင့်ပတ်သက်၍ တတ်စွမ်းသူ အားလုံးက စစ်မှန်သော နိုင်ငံချစ်စိတ်၊ အမျိုးသားရေးစိတ်ဖြင့် ယခုအချိန်က စတင်ကာ ဝိုင်းဝန်း အဖြေရှာကြရတော့မည်ဖြစ်ကြောင်း ဖော်ပြလိုရင်း ဖြစ်ပေသည်။
13-Dec-2017
မည်သို့ပင်ဖြစ်စေ လက်ရှိ မြန်မာ့စီးပွားရေး အခြေအနေနှင့် ယခု ထွက်လာသည့် စစ်တမ်းကိုကြည့်မည်ဆိုလျှင် ဒီမိုကရေစီအစိုးရတွင် စီးပွားရေး စွမ်းဆောင်ရည်နှင့်ပတ်သက်၍ အားနည်းချက် အတော်များများ ရှိနေသည်ဟူသောအချက်ကို လက်သင့်ခံရမည်ဖြစ်ပြီး ယင်းအားနည်းချက်များကို အမြန်ဆုံး ပြုပြင်ကုစားပစ်ရမည်ဖြစ်ကြောင်း မေတ္တာရပ်ခံဖော်ပြလိုရင်း ဖြစ်ပေသည်။
12-Dec-2017
“မြန်မာ့စီးပွားရေး စစ်တမ်း ၂၀၁၇”ဟူသော ခေါင်းစဉ်ဖြင့် UMFCCI နှင့် ဂျာမနီ (ဥရောပ) အခြေစိုက် စီးပွားရေးအကြံပေး အဖွဲ့တစ်ခုတို့ ပူးပေါင်း လုပ်ဆောင်သည့် စစ်တမ်း ယနေ့ (ဒီဇင်ဘာ ၁၂ ရက်)တွင် ထုတ်ပြန်မည်ဟု သိရပေရာ ယင်းစစ်တမ်း ထွက်လာချိန်တွင် အားရစရာ ကောင်းသည့် ကိန်းဂဏန်းများကို တွေ့ရမည်လော၊ သို့မဟုတ် စိတ်ပျက်စရာ ကောင်းလှသည့် ကိန်းဂဏန်းနှင့် အချက်အလက်များက လွှမ်းမိုးနေမည်လော ဟူသည်မှာ အထူးပင် စိတ်ဝင်စားစရာ ဖြစ်သည်။
11-Dec-2017
တရားမျှတမှုဟူသည့် အကြောင်းကိစ္စကို အင်အားကြီးနိုင်ငံ ခေါင်းဆောင်များ မည်သို့ပင် ရေရွတ်ပြနေစေကာမူ အမှန်စင်စစ် နောက်ဆုံးတွင် မိမိအကျိုးစီးပွား၊ မိမိရလိုပိုင်လိုသော နယ်မြေအတွက်သာ အာရုံစိုက်ကြ သည်ကို တွေ့ပါလိမ့်မည်။
11-Dec-2017
လူကြီးမိဘကို အားကိုးလွန်း၊ တွယ်ကပ်လွန်းတယ်ဆိုတာဟာ မိဘတွေ၊ လူကြီးတွေအတွက်တော့ စိတ်ပျော်ရွှင်ကျေနပ်မှုတစ်စုံတစ်ရာ ပေးနိုင်ပေမယ့် လူငယ်တွေအတွက် မိမိကိုယ်ကိုယ် ယုံကြည်မှုအပိုင်းမှာသာမကဘဲ ဘဝ တိုးတက်မှုပိုင်းမှာပါ ထင်သလောက် ခရီးမပေါက်နိုင်ဘူးဆိုတာကို သိထားဖို့ လိုပါတယ်။
08-Dec-2017
အစိုးရတို့ဟူသည် မိမိတာဝန်ယူစဉ် လက်ထက်အတွင်း စီမံကိန်း အသစ်အဆန်းများ၊ မူဝါဒအသစ်များ ချမှတ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နိုင်ခဲ့ပါသည် ဟူသောဂုဏ်ပုဒ်ကို ရယူလိုကြသည်ချည်းသာပင် ဖြစ်သော်လည်း အဂတိ လိုက်စားမှု၊ စည်းကမ်းမဲ့မှု၊ ခိုင်မာသည့်စနစ် မရှိမှု စသည်တို့ အပါအဝင် ပြဿနာပေါင်း သောင်းခြောက်ထောင်မကဖြင့် ကြုံတွေ့ခဲ့ရသော မြန်မာနိုင်ငံအတွက်မူ ပျက်ယွင်းနေသည့် အရာများနှင့် လိုအပ်နေသည့်အရာများ ပြုပြင် ဖြည့်ဆည်းသည့်ကိစ္စကို ပထမဦးစားပေး လုပ်ဆောင်ရန်သာ အရေးကြီးကြောင်း ဖော်ပြလိုရင်း
08-Dec-2017
ကုလသမဂ္ဂနှင့် ရင်ဆိုင်ရသည်ဖြစ်စေ၊ ဆူပါပါဝါနိုင်ငံများ၏ ဖိအားပေးခံရသည်ဖြစ်စေ မိမိ၏ အမှန်တရားနှင့် မိမိ၏ အခွင့်အရေးကို ကောင်းစွာ လက်ကိုင်ထားရန်လိုအပ်ကြောင်းနှင့် ညီညွတ်မှု၊ စည်းလုံးမှု မရှိခဲ့ခြင်းကြောင့် အမှိုက်ကစ ပြာသာဒ်မီးလောင်သလိုဖြစ်ကာ ကမ္ဘာ့ဇာတ်ခုံပေါ်ထိ ရောက်သွားသော ပြဿနာများကို ကောင်းစွာ သင်ခန်းစာ ယူကြရမည့်အကြောင်း
06-Dec-2017
မည်သည့်နိုင်ငံ၊ မည်သည့်လူ့အဖွဲ့အစည်းတွင်မဆို နိုင်ငံနှင့် လူမျိုးတို့ ကောင်းစားရေး၊ နိုင်ငံနှင့် လူမျိုးတို့ အလေးပေး တန်ဖိုးထားသော အရာများ မပျောက်ပျက်ရေးကို လိုလားကြသည့် နိုင်ငံရေး ခေါင်းဆောင်များနှင့် ပါတီအဖွဲ့အစည်းများ ရှိကြစမြဲဖြစ်ပါသည်။ နိုင်ငံနှင့် လူမျိုး (နိုင်ငံသားများ) အပေါ် ချစ်ကြသည့် စိတ်တူညီသော်လည်း လုပ်နည်းလုပ်ဟန်နှင့် လက်ကိုင်ကျင့်သုံးသည့် မူဝါဒများအပေါ် မူတည်ပြီး နောက်လိုက် အနည်း အများ ကွာခြားနေခြင်း ဖြစ်ပါသည်။
05-Dec-2017
ည်သို့ပင် မတူညီသည့် မှတ်ချက်များ ရှိသည်ဖြစ်စေ၊ မတူညီသည့် နိုင်ငံရေး အရောင်အသွေးများ ရှိသည်ဖြစ်စေ သမိုင်းပညာရှင်များ သမိုင်းစိတ်ဝင်စားသူများအနေနှင့် မိမိတို့နိုင်ငံ၊ လူ့အဖွဲ့အစည်းတွင်း အမှန်တကယ် တွေ့ကြုံခဲ့ရသည့် ဖြစ်ရပ်များနှင့် အတွေ့အကြုံများကို ရာစုနှစ်ပေါင်း များစွာတိုင်အောင် ကမ္ပည်းထိုးနိုင်ရေးအတွက် ဘက်လိုက်မှုကင်းစွာ ရေးသားပြုစုကြရမည်သာ ဖြစ်ကြောင်း
04-Dec-2017
အသိဉာဏ် ကြီးရင့်သူတို့သည် နောက်လိုက် ပရိသတ်တို့၏ စစ်မှန်သော အကျိုးကိုသာ အစဉ် ရှေးရှုလေ့ရှိပြီး ယင်းပရိသတ်၏ အကျိုးစီးပွားကို ငွေကြေးအမြတ်အစွန်းထက် ပို၍တန်ဖိုးထားသူများဖြစ်သည်ကို ဖော်ပြလိုရင်း ဖြစ်ပေသည်။
04-Dec-2017
ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေကို လိမ္မာရေးခြားကိစ္စထက် ကိုယ်ကျင့်တရားကောင်းမွန်ပြီး အတွေးအခေါ်လွတ်လပ်တဲ့ မျိုးဆက်တွေဖြစ်လာအောင် ကိုယ့်အတ္တအတွက် ဘာမှ မမျှော်လင့်ဘဲ လိမ္မာပါးနပ်စွာ သွန်သင် ဆုံးမတတ်ကြရမယ်ဆိုတာကို ပြောလိုတာပဲ ဖြစ်ပါတယ်။