News

POST SECTION

EDITORIAL

04-Jan-2018
မြန်မာ့လွတ်လပ်ရေး ဋီကာကို မည်သို့ပင် ချဲ့ကားနိုင်သည်ဖြစ်စေ မြန်မာနိုင်ငံတွင်ရှိသူ တိုင်းရင်းသား ညီအစ်ကို မောင်နှမ အားလုံး စည်းလုံးညီညွတ်မှု မရှိသေးသရွေ့၊ တစ်နည်းအားဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို အယုံအကြည်မရှိသေးသရွေ့ အတောင် မစုံသေးသည့် ချိုးဖြူငှက်ကို အပျံသင် ခိုင်းနေသကဲ့သို့ပင် ရှိနေမည်ဖြစ်ကြောင်း ဖော်ပြလိုရင်း
03-Jan-2018
ဗုဒ္ဓဘာသာ အများစုရှိရာ မြန်မာနိုင်ငံမှ သံဃာတော်များသည် စစ်မှန်သည့် ငြိမ်းအေးမှုကို ရနိုင်သည့် မြတ်ဗုဒ္ဓ၏ အဆုံးအမများကို လူသားအားလုံး နားလည်သဘောပေါက်စေရန် နည်းမှန် လမ်းမှန်ဖြင့် ကြိုးပမ်း နေသူများသာ ဖြစ်ကြောင်းနှင့် ယင်းအချက်ကို ကမ္ဘာ့နိုင်ငံများ လက်ခံယုံကြည်လာစေရန် ဗုဒ္ဓဘာသာဝင်မြန်မာနိုင်ငံသား အားလုံးက သက်သေပြကြရမည် ဖြစ်ကြောင်း ဖော်ပြလိုရင်း ဖြစ်ပေသည်။
01-Jan-2018
ကြာလာသည်နှင့်အမျှ ရှင်းရှင်းလင်းလင်း ဖြစ်လာသည်မှာ အပြန်အလှန် ယုံကြည်စိတ်ချမှု ကင်းမဲ့နေသေးသရွေ့၊ စစ်ပွဲစီးပွားရေး (War Economy)မှ အကျိုးအမြတ်များ ရနေသေးသရွေ့၊ ကိုယ့်တိုင်းရင်းသားများ၏ အကျိုးကို ဗန်းပြပြီး ကိုယ့်အဖွဲ့အစည်း၏ အကျိုးကို ဦးစားပေးနေသေးသရွေ့ ပြည်တွင်းစစ်မက ပဋိပက္ခများ ပြီးဆုံးမည့် အရိပ်အယောင် မရှိပေ။
01-Jan-2018
နိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား၊ တစ်နည်းအားဖြင့် အမျိုးသားအကျိုးစီးပွားကို အမှန်တကယ် လိုလားသူများက အသိဉာဏ် အမြော်အမြင်ကြီးစွာဖြင့် ရခိုင်ကိစ္စနှင့် ပြည်တွင်း ငြိမ်းချမ်းရေး အပါအဝင် မြန်မာ့ပြဿနာများကို ပူးပေါင်းဖြေရှင်းကြရမည်ဆိုပါက ယခုနှစ်တွင် ယခင် ၂၀၁၇ အပါအဝင် အတိတ်ကာလများကလို ကမ္ဘာ့အလယ်၌ နွံနစ်ခဲ့ရသည့် အခြေအနေမျိုးမှ မုချလွတ်မြောက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြလိုရင်း ဖြစ်ပေသည်
01-Jan-2018
လူသစ် စိတ်သစ် နှစ်ခါဖြစ်ခွင့်ရကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ၂၀၁၈ နှစ်သစ်ကစပြီး ပြင်သင့်တာတွေကိုပြင်၊ ဖြည့်သင့်တာတွေကိုဖြည့်ပြီး ကိုယ့်ပတ်ဝန်းကျင်အပေါ် ထားတဲ့ စစ်မှန်တဲ့ မေတ္တာစိတ် မပျက်စီးအောင် ထိန်းသိမ်းနိုင်မယ်လို့ The Voice Daily အနေနဲ့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ မျှော်လင့်မိနေကြောင်းပါ။
29-Dec-2017
လူ့ဘဝဟူသည် ရေပွက်ပမာ တစ်ခဏတာဖြစ်ရာ ယင်းတစ်ခဏတာအချိန်တွင် မိမိနှင့် မိမိပတ်ဝန်းကျင် ကောင်းကျိုးအတွက် လုပ်ပေးနိုင်သမျှ လုပ်ပေးကြရမည်ဟု ပညာရှိတို့က သတိပေးကြသည်။ တည်ဆောက်ရေး စကားနှင့်ဆိုရလျှင် အနည်းဆုံး အုတ်တစ်ချပ် သဲတစ်ပွင့်တော့ ဖြစ်ရမည်ဟု ဆိုလိုရင်းဖြစ်ပေသည်။
28-Dec-2017
မြန်မာ့ပညာရေး လောကတွင် တော်သည့် ဆရာ၊ ထူးချွန်သည့်ဆရာနှင့် ဂရုအဆင့်ရှိသည့် ဆရာ ဆရာမများ တိုးပွားလာပြီး အကျင့်ဆိုး၊ စရိုက်ဆိုးရှိသည့် ဆရာ ဆရာမဦးရေ လျော့နည်းလာလေ နိုင်ငံတည်ဆောက်ရေးအတွက် ကြီးမားသော အထောက်အကူရလေသာဖြစ်ကြောင်းနှင့် ဆရာဆိုးများကိစ္စကို အမျိုးသားရေး တာဝန်ဖြင့် မဖြစ်မနေ ဖြေရှင်းကြရမည်
27-Dec-2017
မြန်မာ့နိုင်ငံရေးတွင် အောင်မြင်သော နိုင်ငံရေးသမားကြီးများ ဖြစ်လိုသည် ဆိုပါက တိုင်းပြည်စီးပွားရေး တိုးတက်ရေး တစ်ခုတည်းသာမက စီးပွားရေးဟူသည် ကျင့်ဝတ်သိက္ခာနှင့် တရားမျှတမှုရှိလျှင် ချီးမြှောက်ခြင်း ခံရမည်ဖြစ်ပြီး ဒုစရိုက်မှုနှင့် တရား မမျှတမှုတို့လုပ်လျှင် ပြစ်ဒဏ်ပေးခံရသည့်ကိစ္စ ဖြစ်သည်ဆိုသော သဘောတရားမျိုး ထွန်းကားအောင် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ဖော်ပြလိုရင်း ဖြစ်ပေသည်။
26-Dec-2017
တပ်မတော်သားတိုင်း ဝက်စ်ပွိုင့်နှင့် ပင်တဂွန်သို့ ရောက်ဖူးရန်၊ ယင်းတို့အကြောင်း သိထားရန် မလိုသော်လည်း တပ်မတော်ခေါင်းဆောင်များအနေနှင့် စစ်အင်အား ကြီးမားသည့် နိုင်ငံများနှင့် ရင်းနှီးချစ်ကြည်ထားရန် လိုအပ်သလို ၎င်းတို့၏ ဘာလုပ်နေသည်၊ ဘာတွေ တီထွင်ကြံဆနေသည်ကို မဖြစ်မနေ သိရှိထားရန် လိုအပ်မည်ဖြစ်သည်။
25-Dec-2017
တစ်ချိန်က ကိုယ့်နိုင်ငံထဲသို့ ရောက်လာသည့် ပြည်ပခရီးသွားဧည့်သည့်များကို ကြည့်ပြီး ကမ္ဘာလှည့်တိုးရစ်ဆိုတာ သူတို့ပါလားဟု ငေးကြည့်ခဲ့သည့် အနေအထားမှ ယခုအခါ ကိုယ်ကိုယ်တိုင် ကမ္ဘာပတ်ခရီး မသွားနိုင်လျှင်သော်လည်း ဒေသတွင်း နိုင်ငံများဆီသို့ တိုးရစ်အဖြစ် သွားနိုင်သည့် အခြေအနေဖြစ်လာခြင်းပင်။
25-Dec-2017
မန်မာတွေအနေနဲ့ ကိုယ့်ရဲ့ အားသာချက်တွေ၊ သဘာဝက ဖန်တီးပေးထားလို့ ရထားတဲ့အရာတွေ စတာတွေနဲ့ တခြား ကမ္ဘာ့နိုင်ငံကြီးတွေက စက်မှု၊ လက်မှု၊ နည်းပညာ၊ သိပ္ပံပညာရှင်တွေရဲ့ ဖန်တီးမှုကြောင့် ဖြစ်လာတဲ့ ဂယက်တွေကို ဘယ်လိုအန်တုပြီး တော်လှန်ရေးကောင်းတွေ လုပ်နိုင်မလဲဆိုတာ အမြဲ စဉ်းစားနေရမှာ ဖြစ်ပါတယ်။
22-Dec-2017
ကမ္ဘာပေါ်တွင် ဒီမိုကရေစီနောက်ပြန် လျှောကျသည်ဖြစ်စေ၊ ဒီမိုကရေစီအပေါ် သံသယများ ဝင်နေကြသည်ဖြစ်စေ မြန်မာနိုင်ငံအနေနှင့် လွတ်လပ်မျှတမှုရှိသော နိုင်ငံရေးစနစ် ကျင့်သုံးလျက်ရှိကြောင်း၊ မိမိနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် အမျိုးသားအကျိုးစီးပွားကို မထိခိုက် သေးသရွေ့ မည်သူနှင့် မည်သည့် နယ်ပယ်တွင်မဆို လက်တွဲနိုင်ကြောင်း အချက်ပြထားမည်ဆိုပါက နိုင်ငံဖွံ့ဖြိုးရေးအတွက် များစွာ အထောက်အပံ့ ဖြစ်ထွန်းစေမည်ဟု ဖော်ပြလိုရင်း
21-Dec-2017
မြန်မာတို့တွင် ခပ်ပေါ့ပေါ့ ပြောလေ့ရှိသော “ဘာမှ မဖြစ်လျှင် ဘာမှမဖြစ်ဘူး”ဟူသည့် ဆင်ခြင်တုံတရား မဲ့လွန်းသောစကားသည် လွန်စွာ အန္တရာယ်ရှိလှသည့် စကားရပ်ဖြစ်သည်ဟုပင် ဆိုရပေမည်
20-Dec-2017
လာမည့် ဇန်နဝါရီလတွင် ၂၁ ရာစု ပင်လုံညီလာခံ တတိယအကြိမ် ဆွေးနွေးပွဲ စတင်တော့မည်ဖြစ်ရာ ယင်းဆွေးနွေးပွဲနှင့် ဆက်စပ် ပေါ်ပေါက်လာမည့် စကားဝိုင်းများ၌ ဆန့်ကျင်ဘက်အုပ်စုများက အသာစီးရလိုမှုထက် အကျိုးစီးပွားကိစ္စကို အလေးပေး ဆွေးနွေးသင့်ကြောင်းနှင့် အသိဉာဏ် ဦးစီးသော ဖြေရှင်းမှုဟူသည် အသာစီးရလိုမှုထက် အကျိုးစီးပွားကိုသာ ရှေးရှုရမည်ဟု The Voice က အထူးပင် ယုံကြည်ထားကြောင်း
19-Dec-2017
အစိုးရအရာရှိတစ်ဦး မိသားစုဝင်ငွေ မလောက်၍ လာဘ်ယူသည်၊ အလွဲသုံးစား လုပ်လိုက်မိသည်ဟူသည်မှာ သနားစရာဇာတ်လမ်းတစ်ပုဒ်ဖြစ်နိုင်ကောင်းသော်လည်း အစိုးရအရာရှိအားလုံးနီးပါး မိသားစုဝင်ငွေ မလောက်ငလျှင်မူ အစိုးရအဖွဲ့ ပျက်ကိန်းဆိုက်ဖို့ရာသာ ရှိတော့သည်