News

POST SECTION

EDITORIAL

12-Sep-2019
မိမိလူမျိုးများကို ကောင်းသည့်အကျင့်စရိုက်နှင့် အလေ့အထများရှိလာအောင် လေ့ကျင့်သင်ကြားပေးနိုင်သည့် ခေါင်းဆောင်ကောင်း (စံပြပုဂ္ဂိုလ်) နှင့် စနစ်ကောင်းများလည်း သေချာပေါက်ရှိခဲ့ကြပေသည်။
11-Sep-2019
အားကစားသမားကောင်းတို့ဟူသည် မိမိအသင်း အနိုင်ရရေးအတွက် ရေကုန်ရေခန်း ကြိုးပမ်းကြရသည်မှာ မှန်သော်လည်း အနိုင်- အရှုံး ဆိုခြင်းထက် သန့်ရှင်းစွာ ယှဉ်ပြိုင်မှုကို ပို၍အလေးထားကြရပေသည်။ အနိုင်ရလိုမှု တစ်ခုအတွက် ပြိုင်ဘက်ကို ခြေထိုးခြင်းကဲ့သို့သော ဥပဒေပြင်ပကစားခြင်းမျိုးသည် အားကစားစိတ် မဟုတ်ပေ။
10-Sep-2019
အဖြူ-အမည်း နိုင်ငံရေးသဘောတရား လွန်စွာကြီးစိုးခဲ့သည့် မြန်မာ့လူ့အဖွဲ့အစည်းတွင် “ငါ့အမြင်၊ ငါ့အယူအဆ၊ ငါ့အဖွဲ့အစည်း၊ ငါ့လူမျိုး၊ ငါ့ဘာသာတရားသာအမှန်”ဆိုသည့် တစ်ဖက်သတ်ဆန်သည့် ရပ်တည်မှုများ အရိုးစွဲနေခဲ့သည်။ သို့အတွက်ကြောင့် ဘက်မတူ၊ အမြင်မတူ၊ အုပ်စုမတူ၊ အယူအဆမတူလျှင် အမြင်ကတ်ပုဒ်မဖြင့် တုံ့ပြန်ရန် အချိန်မရွေး အဆင်သင့်ရှိကြပေသည်။
09-Sep-2019
“လယ်ယာစိုက်ပျိုးရေးကျဆင်းလာပြီး အခြားစီးပွားရေးများ ပြောင်းလဲလုပ်ကိုင်လာခြင်းက စိုက်ပျိုးရေးကဏ္ဍ ရေရှည်တိုးတက်ရေးလမ်းကြောင်းအတွက် ကြီးမားသောစိန်ခေါ်မှုဖြစ်သည်”ဟူ၍ပင်။
08-Sep-2019
ခေတ်အဆက်ဆက် အင်မတန် ဆိုးဝါးလွန်းသည့်စနစ်များက မိုလောင်းပေးလိုက်သည့် အစွဲတွေကို (နာကျင်မှုတွေကို) လူ့အဖွဲ့အစည်း၏ အာရုံထဲကပျောက်အောင် ဒီမိုကရေစီအစိုးရ (လူထုအစိုးရ) အနေနှင့် များစွာ ကြိုးပမ်းရဦးမည်သာပင်။ သို့သော် ပြည်သူလူထုဘက်ကလည်း ဒီမိုကရေစီစနစ်ဟူသည် ကိုယ်တင်မြှောက်ထားသည့် အစိုးရလုပ်သမျှ ထောက်ခံရန်မဟုတ်သလို ကိုယ်မဲမပေးသည့် အစိုးရဖြစ်နေသည့်အတွက် သူဘာလုပ်လုပ် အမြဲတစေ ဆန့်ကျင်ကန့်ကွက်ပြရမည့်သဘောမျိုးအဖြစ် မသတ်မှတ်မိရန် သတိပြုကြရပေမည်။
07-Sep-2019
ဘာရှာချင်သလဲ၊ အဲဒီ Google ရှာစက်ကြီးထဲမှာ အတော်များများ မရှာနိုင်တာဆိုလို့ မရှိသလောက်ပါပဲ။ အောမလက်ကြက်ဥကြော်နည်းကစလို့ ပေါက်ကွဲစေတတ်တဲ့နည်းပညာ (ဗုံးလုပ်နည်း)အထိ ရှာလို့ရပါတယ်။
05-Sep-2019
နိုင်ငံတကာဆက်ဆံရေး မြှင့်တင်ရန်ဟုဆိုရာတွင်လည်း နိုင်ငံခြားရေးဝန်ကြီးဌာန တစ်ခုတည်းကိုသာမဆိုလိုဘဲ အရေးကြီးသော အစိုးရ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ အားလုံးသည် နိုင်ငံတကာ ဆက်ဆံရေးအမြင်ရှိရန်လိုကြောင်း
04-Sep-2019
ကိုယ့်အပေါ်ကျေးဇူးပြုဖူးသူ၊ လူအများနှင့် တိုင်းပြည်၏အကျိုးကိုပြုနေသူများဖြစ်သော်ငြား No One is Perfect ဆိုသည့် သဘောအရ ၎င်းတို့အမှားပြုမိသောအခါ ဝေဖန်မိလျှင်လည်းကောင်း၊ သူတို့၏လွဲမှားမှုအချို့ကို ဝေဖန်ထောက်ပြလျှင်သော်လည်းကောင်း အားနာတတ်သည့် မြန်မာတို့အနေနှင့် Taboo ဖြစ်၊ မဖြစ် လွန်စွာဆန်းစစ်ကြည့်သင့်ပေသည်။
03-Sep-2019
ပြဿနာကို ဗဟိုဘဏ်အပါအဝင် ဘဏ္ဍာရေးအာဏာပိုင်များ မည်သို့ဖြေရှင်းကြမည်နည်း။ အတိုးရော၊ အရင်းပါ ပြန်မဆပ်သည့် (ပြန်မရသည့်) ကြွေးမြီများ များပြားလာမည်ဆိုပါက တိုင်းပြည်စီးပွားရေးတွင် ငွေကြေးလည်ပတ်မှုနှေးသွားနိုင်သလို ဘဏ်အပ်ငွေလည်းကျဆင်းသွားနိုင်ပေသည်။
02-Sep-2019
မည်သည့်နိုင်ငံတွင်မဆို အသွင်ကူးပြောင်းမှု (ပြုပြင်ပြောင်းလဲမှု) လုပ်ငန်းစဉ်များ အကောင်အထည်ဖော်တိုင်း စိန်ခေါ်မှုနှင့် အခွင့်အလမ်းဟူသည် ပေါ်ပေါက်စမြဲပင်။ သို့သော် ပြုပြင်ပြောင်းလဲမှုလုပ်တိုင်း အခက်အခဲနှင့် ကြုံတွေ့ကြရသည်မှာ အခွင့်အလမ်းထက် စိန်ခေါ်မှုများက ပို၍ထင်သာမြင်သာရှိခြင်းကြောင့်ဖြစ်ပေသည်။
01-Sep-2019
လက်ရှိ အရပ်သားများ သေဆုံးမှု၊ အခြေခံအဆောက်အဦများ ဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ အဖွဲ့အစည်းများက ၎င်းတို့ လက်ချက်မဟုတ်ကြောင်း အလွယ်တကူ ငြင်းချက်ထုတ်၍ရနေပေရာ ပြည်တွင်းစစ်ဒဏ်ကို အလူးအလဲခံနေရသည့် ပြည်သူလူထုမှာ ဗြောင်လိမ်ဗြောင်စား လုပ်တာကို သိလျက်နှင့် ငြိမ်ခံနေရသည့် အခြေအနေသို့ သူ့အလိုလို ရောက်ရှိသွားပေသည်။
31-Aug-2019
လူဆိုတဲ့ သဘောသဘာဝကိုယ်တိုင်က တစ်စုံတစ်ခုကို အမြဲမျှော်လင့် တောင့်တလျှင်တောင့်တ၊ ဒါမှမဟုတ် ဖက်တွယ်ထားတတ်တဲ့ စိတ်သဘောထားရှိတယ်မဟုတ်လား။ အဲဒီတော့ စိုးရိမ်ကြောင့်ကြမှုဆိုတဲ့ ဗျာပါရတရားရဲ့ သားကောင်ဘဝကို အလိုလိုရောက်သွားတတ်စမြဲပါပဲ။ အဲဒါကြောင့် အသိဉာဏ်အားကြီးတဲ့သူတွေက ပြီးခဲ့တာတွေအတွက်လည်း ပူဆွေးမနေဖို့၊ မဖြစ်သေးတာတွေအတွက်လည်း စိုးရိမ်ကြောင့်ကြမနေကြဖို့၊ လက်ရှိပစ္စုပ္ပန်ကိုပဲ အကောင်းဆုံး တည်ဆောက်ထားဖို့ ထပ်တလဲလဲသတိပေးခဲ့ကြတာပါ။
29-Aug-2019
နိုင်ငံရေး လောကသားအားလုံး စိတ်ဝင်စားနေသည့် အခြေခံဥပဒေပြင်ဆင်ရေးကိစ္စမှာ ယခုအခါ အခေါ်အဝေါ် အသုံးအနှုန်းနှင့် လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ တစ်ဖက်နှင့်တစ်ဖက် စကားနိုင်လုကြ၊ အမနာပပြောဆိုကြရင်း ရှေ့မဆက်နိုင်ဘဲ ဝေ့လည်ကြောင်ပတ်ဖြစ်နေသည်မှာ ရှင်းရှင်းလင်းလင်းပင်ဖြစ်သည်။
28-Aug-2019
အာဏာရှင်စနစ်တွင် ပါဝါအမာသည် အဓိကလက်နက်ဖြစ်ပြီး ယင်းပါဝါဖြင့်သာ လူ့အဖွဲ့အစည်းတစ်ခုလုံး တစ်တိုင်းပြည်လုံးကို မောင်းနှင်ခဲ့ကြရသည်က များပေသည်။ ပြည်သူ့ဆန္ဒဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် ဒီမိုကရေစီအစိုးရခေတ်ဟူသည် ပါဝါအပျော့ (Soft Power) ဖြင့် လူ့အဖွဲ့အစည်းကို မောင်းနှင်ခြင်းကို ဆိုလိုပေသည်။
27-Aug-2019
သဘောတရားတစ်ခုအရဆိုရလျှင် ပြည်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်း နိုင်ငံတည်ဆောက်ရေး၊ ဒီမိုကရေစီရေးအတွက် ရှိသင့်ရှိအပ်သည် ဗဟုသုတများ ပြည့်စုံထားရန်မလိုအပ်သော်လည်း ယင်းတစ်ဦးတစ်ယောက်ချင်းစီကို ဦးဆောင်မည့် လူနည်းစု (လုပ်နိုင်စွမ်းရှိသူ)တို့တွင် အဆိုပါအရည်အချင်းများ မဖြစ်မနေရှိထားရမည်ကို ဆိုလိုခြင်းဖြစ်ပါသည်။