News

POST SECTION

EDITORIAL

19-Feb-2019
ခေါင်းဆောင်မှု အတတ်ပညာနှင့် စီမံခန့်ခွဲမှု စွမ်းရည်သည် နယ်ပယ်အသီးသီးတွင် အထူးအရေးကြီးသော နေရာတွင်ရှိနေပြီး အထူးသဖြင့် အာဏာနိုင်ငံရေးနယ်ပယ်တွင် ပြည်သူက ဆန္ဒမဲပေး ရွေးချယ်မြှောက်ထားသော ပါတီ၊ အစိုးရခေါင်းဆောင်တို့ဆိုလျှင် နိုင်ငံနှင့်ချီ၊ လူ့အဖွဲ့အစည်းနှင့်ချီ၍ စီမံခန့်ခွဲရသည့်အတွက် ပိုအရေးကြီးသည်။
19-Feb-2019
“လူယုတ်မာများနှင့် ပေါင်းသင်းရန်မဆိုထားနှင့်၊ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံရုံမျှဖြင့် ၎င်းတို့၏ ယုတ်မာမှုခံရလေအောင် မိမိပါယုတ်မာသည့်နည်းလမ်းများကို လိုက်လံစဉ်းစားမိတတ်သည်”ဆိုသော သတိပေးစကားမှာ လွန်စွာတန်ဖိုးရှိလှသည်။ သူခိုးကိုဆရာတင်မိလျှင် ကိုယ်တိုင်သူခိုးမဖြစ်သော်မှ၊ သူခိုးတပည့်တော့ဖြစ်မည်မှာ သေချာသွားသည်။
18-Feb-2019
ခေတ်အဆက်ဆက် လူကြီးလမ်းကြောင်းရှိလျှင် အစိုးရဝန်ထမ်းများ ယောက်ယက်ခတ်ကြသည်၊ အလုပ်များကြသည်၊ သက်ဆိုင်ရာ တာဝန်ခံပုဂ္ဂိုလ်များက လာမည့်လူကြီးမငြိုငြင်ရအောင် ကြိုးပမ်းကြရသည်၊
17-Feb-2019
“ကမ္ဘာကြီးကို ပြောင်လဲပစ်ဖို့ လူတိုင်းစဉ်းစားကြတယ်၊ ဒါပေမဲ့ မိမိကိုယ်ကို ပြောင်းလဲပစ်ဖို့တော့ ဘယ်သူမှ မစဉ်းစားတတ်ကြဘူး” လို့ဆိုတဲ့ ကမ္ဘာကျော်ရုရှား စာရေးဆရာကြီး လီယိုတော်စတွိုင်းရဲ့ အဆိုအမိန့်ကို စာဖတ်သူများ ရိုးအီနေအောင် ကြားဖူးပြီးဖြစ်မယ်လို့ထင်ပါတယ်။
14-Feb-2019
စည်ပင်ရွေးကောက်ပွဲ အနေအထားကို ကြည့်မည်ဆိုလျှင် အာဏာရပါတီအပါအဝင် နိုင်ငံရေးပါတီများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ရာ ဖော်ပြပါ အလှမယ်ကဲ့သို့ နိုင်ငံရေးပါတီလောင်းရိပ်ကင်းသည့် တစ်သီးပုဂ္ဂလသမားများအနေနှင့်မူ စိန်ခေါ်မှုကြီးမားပြီး အနိုင်ရရှိရန် ခက်ခဲလှသည့်ပြိုင်ပွဲတစ်ခုကို ဝင်ပြိုင်ရသလို ဖြစ်နေမှာသေချာပါသည်။
13-Feb-2019
လွိုင်ကော်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသော ကရင်နီလူငယ်များကို ဒေသ ရဲတပ်ဖွဲ့က အကြမ်းဖက်နှိမ်နင်းခဲ့ခြင်းသည် တိုင်းရင်းသားအချင်းချင်းအကြား ချစ်ကြည်ရင်းနှီးရေး၊ စည်းလုံးညီညွတ်ရေးပြယုဂ်ဖြစ်သည့် ပြည်ထောင်စုနေ့ သမိုင်းကို အိုးမဲသုတ်လိုက်ခြင်းဖြစ်သည်။
12-Feb-2019
“နီပေါနိုင်ငံဟာ ဘုရင်စနစ်ကို တော်လှန်ပြီး ဒီမိုကရေစီကို ကူးပြောင်းခဲ့တယ်။ ကျွန်တော်တို့နိုင်ငံဟာလည်း စစ်အာဏာရှင်စနစ်ကို တွန်းလှန်ပြီး ဒီမိုကရေစီစနစ်ကို သွားနေတယ်။ နီပေါနဲ့ ကျွန်တော်တို့နဲ့ မတူညီတဲ့အချက်က နီပေါမှာ ဒီမိုကရေစီစနစ် အကောင်အထည်ဖော်နေနိုင်ပြီဖြစ်ပေမယ့် ကျွန်တော်တို့က ခုချိန်ထိ စစ်မှန်တဲ့ ဒီမိုကရေစီကို မရသေးပါဘူး။
12-Feb-2019
အမျိုးသားအကျိုးစီးပွားဆိုသော စကားလုံးကို မြန်မာနိုင်ငံတွင် အဓိက နိုင်ငံရေးအုပ်စုကြီးနှစ်ခုက မိမိတို့ သန်ရာရှုထောင့် အထိုင်ကိုယ်စီမှ အနက်အဓိပ္ပာယ်ဖွင့်နေကြခြင်းကြောင့် တစ်ခါတစ်ရံ ထိုဝေါဟာရကို ကြားရလျှင်ပင် စိတ်မသက်မသာ ခံစားချက်မျိုး ဖြစ်သွားတတ်သည်။
11-Feb-2019
ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကိစ္စမှာ လွန်ခဲ့သည့် ၂ နှစ်ခန့်လောက်ကတည်းက NLD အစိုးရအပေါ် ဩဇာလွှမ်းမိုးမှုရှိခဲ့သူ ဦးဝင်းထိန်က အထူးပင် စိုးရိမ်ရသည့် အနေအထားတွင်ရှိသည်ဟု ထုတ်ဖော်အသိပေးခဲ့သည်။ စစ်ဘက်အရာရှိဟောင်းတစ်ဦးလည်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်မလာခင်အချိန်ကတည်းက သူမ၏ လုံခြုံရေးကို နှစ်ပေါင်းများစွာတာဝန်ယူခဲ့ဖူးသူ ဦးဝင်းထိန်၏ သတိပေးပြောစကားကို သက်ဆိုင်သူများက မည်မျှအတိုင်းအတာအထိ အလေးအနက်ထားခဲ့သလဲဟူသည်ကိုတော့ မသိနိုင်ပေ။
10-Feb-2019
ဘောလုံးစကားနဲ့ပြောမယ်ဆိုရင် နောက်တန်းအားသန်တဲ့သူကို တိုက်စစ်မှူး လုပ်ခိုင်းပြီး၊ တောင်ပံအားသန်တဲ့သူကို ကွင်းလယ်ကစားခိုင်းတာမျိုးတွေ လုပ်နေမယ်ဆိုရင် အဲဒီအသင်းအဖွဲ့ကို ဦးဆောင်တဲ့ခေါင်းဆောင်အနေနဲ့ အတိတ်ကာလမှာ ဘယ်လိုမျိုးဆုတံဆိပ်တွေ၊ အမှတ်ကောင်းတွေပဲရခဲ့သည်ဖြစ်စေ ကိုယ့်အဖွဲ့အစည်း မပျက်ပျက်အောင် ဖျက်ဆီးနေသူလို့ပဲသတ်မှတ်ခံရမှာဖြစ်ပါတယ်။
08-Feb-2019
Red Dot ကဲ့သို့ နိုင်ငံခြားသားများ ဦးစီးလုပ်ကိုင်သော အွန်လိုင်းနှင့် မိုဘိုင်းလ်တယ်လီဖုန်းမှတစ်ဆင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုသည် သန်းနှင့် ချီသော ငွေများအလွဲသုံးစားပြု ထွက်ပြေးခြင်းကြောင့် မြန်မာစားသုံးသူများ နစ်နာသွားရခြင်းမှာ ဗဟိုဘဏ်နှင့် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးတို့အပေါ် ကြီးစွာမေးခွန်းထုတ်စရာ ရှိပေသည်။
07-Feb-2019
ယခု ထရမ့်နှင့် ကင်ဂျုံအန်းတို့၏ ဒုတိယမြောက် တွေ့ဆုံပွဲကျင်းပမည့် နေရာအား ဗီယက်နမ်ကို ရွေးချယ်လိုက်သည့်အချက်ကို ကြည့်မည်ဆိုလျှင် အမေရိကန်သည် ရန်သူကို မိတ်ဆွေအဖြစ် ပြောင်းလဲရန် အဆင်သင့်ဖြစ်နေပြီဟူသော အချက်နှင့် ဗီယက်နမ် -အမေရိကန်အကြား ချစ်ကြည်ရင်းနှီးမှုမှာ ပိုမိုအဆင့်မြင့်သည့် အပိုင်းသို့ ရောက်နေပြီဟူသည့် အချက်တို့ကို တွေ့မြင်ရပေသည်။
06-Feb-2019
ယခင်အာဏာရ ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ ယခင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်းလည်းဖြစ်သည့် သူရဦးရွှေမန်း ဦးဆောင်သည့် နိုင်ငံရေးပါတီက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ ယနေ့ နံနက်ပိုင်းတွင် ပါတီထူထောင်ခွင့် လျှောက်ထားခဲ့ကြောင်း ကြားသိရပါသည်။ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးခေတ်ဦးတွင် ဥပဒေပြုလုပ်ငန်းစဉ် အတွေ့အကြုံများကို ဦးစွာရရှိသွားသူများထဲတွင် သူရဦးရွှေမန်းလည်း ပါဝင်ပေသည်။
05-Feb-2019
မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အရေးပါသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သော အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စမှာ ယခုအခါ အာဏာရပါတီ ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)သာမက အခြားနိုင်ငံရေးပါတီများ အပြင် ပြည်သူတစ်ရပ်လုံး၏ စောင့်ကြည့်ခြင်းခံနေရပြီဖြစ်ပေသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ခြေဥပြင်ဆင်ရေးအတွက် ပူးတွဲကော်မတီတစ်ခုဖွဲ့စည်း ထူထောင်ရေးအဆိုကို NLD မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက စတင်တင်သွင်းရာမှ လွှတ်တော်ကိုယ်စားလှယ်များအကြား လှုပ်လှုပ်ရှားရှားဖြစ်ကုန်ရုံတင်မကဘဲ နောက်ဆုံးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်က ယင်းကိစ္စကို သဘောတူညီထားပြီးဖြစ်သည်ဟုဆိုကာ တပ်မတော်အနေနှင့် ယင်းကိစ္စအပေါ် မီးနီပြနေမည်မဟုတ်ဟူသောသဘောမျိုး ထုတ်ဖော်အသိပေးလိုက်သည်အထိဖြစ် သွားခဲ့ပေသည်။
04-Feb-2019
ထို့ထက်ပို၍ စိုးရိမ်ဖွယ်ရာရှိသည်မှာ ဖခင်ဗိုလ်ချုပ်အောင်ဆန်း နာမည်ကို မှည့်ခေါ်ခြင်း၊ ကြေးရုပ်စိုက်ထူခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ သစ္စာရှိ၊ လူယုံအဖြစ် ပြသခြင်း၊ ခေါင်းဆောင်၏ အသိအမှတ်ပြုမှုကို ရယူခြင်း တစ်နည်း ဆိုရပါက ခေါင်းဆောင်အကြိုက် ဖျော်ဖြေတင်ဆက်သည့်သဘောမျိုး ဖြစ်လာခြင်းပင်။