News

POST TYPE

EDITORIAL

ချောတိုင်တက်သူများ
01-Jan-2020


စာဖတ်သူများအနေနှင့် အောင်ထွဋ် ဘာပြောမည်လဲဟု သိချင်ကြမည် ထင်သောကြောင့်စာရေးသူ၏ ထင်မြင်ချက်ကို တိုတိုနှင့်လိုရင်း ရေးလိုက်ပါသည်။

၁။ ကျွန်တော်တို့သည် ချောတိုင်ကို ချောတိုင်မှန်း သိပါ လျက်နှင့် တက်ခဲ့ပါသည်။ ဤကိစ္စမှားသည်ဟု ကျွန်တော်မထင်ပါ။

၂။ ပထမတစ်ကြိမ်တက်ရုံဖြင့် ခရီးအတန်အသင့် ပေါက်မြောက်မည်ဟု ကျွန်တော်ထင်ခဲ့ပါသည်။ ဤသုံးသပ်ချက် မှားပါသည်။ ထိုအတွက် မည်သည့်အပြစ်တင်မှုမျိုးမဆို ခံယူရန်အသင့်ရှိပါသည်။ (Ready to take the Blame) သို့သော် ကျွန်တော်၏စေတနာ မမှားကြောင်း မှတ်ကျောက်တင်ခံဝံ့ပါသည်။

၃။ ကျွန်တော့်တွင် တာဝန်ရှိသမျှ တာဝန်ယူရန် ဝန်မလေးသကဲ့သို့ ထိုသို့ မျှော်လင့်ချက်ပေးမိခြင်းအတွက် စာဖတ်သူများကို တောင်းပန်ရန် ဝန်မလေးသည့်အလျောက် စာဖတ်သူများကို ဤနေရာက အနူးအညွတ်တောင်းပန်လိုက်ပါသည်။

၄။ ဤချောတိုင်ကို ကျွန်တော် ဆက်တက်ပါဦးမည်။ 

အောင်ထွဋ် (၁၀-၁၁-၂၀၁၀)

The Voice Weekly Vol 6-No.50

ဆရာ နေဝင်းမောင်၏ ယနေ့ ပြန်လည်ဖော်ပြထားသော Memory ခေါင်းစဉ်အောက်တွင် ပါရှိသော ဆောင်းပါးများ