News

POST TYPE

EDITORIAL

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ မောင်တောသို့ ပထမဆုံးအကြိမ် လာရောက်လေ့လာ
31-Aug-2018


စစ်တွေ သြဂုတ် ၃၁

ရခိုင်အရေးနှင့်ပတ်သက်၍ ဖွဲ့စည်းထားသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ယနေ့ (ဩဂုတ် ၃၁ ရက်) တွင် မောင်တောမြို့သို့ ပထမဆုံးအကြိမ်အဖြစ် လေ့လာရန်အတွက် ရောက်ရှိလာပြီဖြစ်ကြသည်။

ခရီးစဉ်၌ ကော်မရှင်၏ ဥက္ကဌအဖြစ် တာဝန်ယူထားသော ရိုဆာရီယို မယ်နာလိုနှင့် အဖွဲ့ဝင်သုံးဦးအပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးအချို့တို့ ပါဝင်ကြသည်။

မောင်တောမြို့နယ် ခရီးစဉ်အတွင် ငခူရ၊ ကိုင်းကြီး၊ ရွှေဇား၊ ပန်းတောပြင် ကျေးရွာများကို သွားရောက်မှာဖြစ်ပြီး အကြမ်းဖက်ဖြစ်စဉ်၌ သတ်ဖြတ်ခံခဲ့ရသော ဟိန္ဒူဘာသာဝင်မိသားစုများနှင့်လည်း တွေ့ဆုံသွားမည်ဖြစ်ကြောင်း ပြည်နယ်အစိုးရထံမှသိရသည်။

R-22



  • VIA