News

POST TYPE

EDITORIAL

လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပပျောက်ရေး အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ ဂျက်ဆီကာအယ်လ်ဘာ
05-Jul-2018


ဟောင်ကောင်၊ ဇူလိုင် ၅

နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ ဂျက်ဆီကာအယ်လ်ဘာဟာ အမျိုးသမီးများတန်းတူ အခွင့်အရေးရရှိရေး လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပပျောက်ရေး အစီအစဉ်မှာ ပါဝင်ခဲ့တယ်လို့ CNN သတင်းဌာနမှာ ဖော်ပြထားပါတယ်။

လူမှုကွန်ယက်ပေါ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ #MeToo ဆိုတဲ့ လိင်ပိုင်းဆိုင်ရာ ပပျောက်ရေး အစီအစဉ်က ဟောလိဝုဒ်တစ်ခွင်သာမက ကမ္ဘာတစ်ဝှမ်းလုံးမှာ ထိထိရောက်ရောက် ဖြစ်စေတယ်လို့ထင်ပါတယ်လို့ CNN သတင်းဌာနကို ပြောခဲ့ပါတယ်။

“ဒီအချိန်က အကောင်းဆုံး အချိန်ပါပဲ၊ ပြဿနာတွေက မညီမမျှ၊ မမျှမတ ဖြစ်ခဲ့တာ အချိန်လည်း အတော်ကြာခဲ့ပြီလို့ ကျွန်မထင်ပါတယ်”လို့ ၎င်းက ပြောခဲ့ပါတယ်။

ဂျက်ဆီကာ အယ်လ်ဘာ ဟောလိဝုဒ်တစ်ခွင် ရုပ်ရှင်မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့တာ နှစ် ၂၀ ကျော်ခဲ့ပါပြီ။

#MeToo အစီအစဉ်ကလည်း ရုပ်ရှင်မင်းသမီး များစွာကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခဲ့တဲ့ ရုပ်ရှင်ပရိုဂျူဆာ ဟာဗီဝိန်းစတိန်းရဲ့အမှု ဖြစ်ပျက်ခဲ့ပြီးတဲ့နောက်မှာ ပိုမိုကြီးထွားလာခဲ့ပြီး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခံခဲ့ရတဲ့ ကမ္ဘာတစ်ဝှမ်းက အမျိုးသမီးတွေကလည်း သူတို့ တွေ့ကြုံခဲ့ရတာတွေကို ဖော်ထုတ်ဖွင့်ဟခဲ့ကြပါတယ်။

ဝိန်းစတိန်း အရင်တုန်းကပိုင်ခဲ့တဲ့ The Weinstein ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီက ဂျက်ဆီကာ အယ်လ်ဘာ ပါဝင်တဲ့ Awake ဇာတ်ကားကို ၂၀၀၅ ခုနှစ်မှာ ထုတ်လုပ်ပေးခဲ့ပြီး ဝိန်းစတိန်းနဲ့ ဂျက်ဆီကာ ကြားမှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှု တစ်စုံတစ်ရာ မရှိခဲ့ပါဘူးလို့ ဂျက်ဆီကာက ပြောခဲ့ပါတယ်။

“ကျွန်မ က အလုပ်ရောက်ရင် ဘယ်အလုပ်မှာမဆို တစ်ယောက်တည်း ရှိမနေတတ်ပါဘူး။ အမြဲတမ်း လူစု လူဝေးနဲ့ပဲ ရှိနေတတ်ပါတယ်၊ ဆိုတော့ ကျွန်မက ဘယ်တော့မှ နှစ်ယောက်တည်း မျက်နှာချင်းဆိုင် ရှိမနေတတ်တာကြောင့်လည်း ကျွန်မ လိင်ပိုင်းဆိုင်ရာ စော်ကားတာ မခံခဲ့ရတာပါ”လို့ ရှင်းပြခဲ့ပါတယ်။

F-06