News

POST TYPE

EDITORIAL

ငြိမ်းချမ်းရေးဖော်ဆောင်မှု နှောင့်နှေးနေခြင်းကို တပ်မတော် ရှင်းလင်း
30-May-2018

နေပြည်တော်၊ မေ ၂၉

ငြိမ်းချမ်းရေးဖော်ဆောင်နေမှု နှောင့်နှေးကြန့်ကြာနေရခြင်းသည် တပ်မတော်ကြောင့်မဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်များကြောင့်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ပြောကြားလိုက်သည်။

“ငြိမ်းချမ်းရေးဖော်ဆောင်မှု နှောင့်နှေးကြန့်ကြာနေရခြင်း အကြောင်းတရားသည် တပ်မတော်ကြောင့် မဟုတ်ပါဘူး၊ သူတို့တွေဟာ သူတို့ရရှိထားတဲ့ အခွင့်အရေးတွေ သူတို့လက်နက်ဆွဲကိုင်ပြီး တောင်းဆိုချင်တဲ့ အချက်တွေအပေါ်မှာ မူတည်ပြီးတော့ ကြန့်ကြာနေရခြင်းဖြစ်တယ်လို့ ကျွန်တော်ထင်မြင် ယူဆမိပါတယ်”ဟု ၎င်းက ဆိုသည်။

ငြိမ်းချမ်းရေးရရှိရန် တပ်မတော်က လှိုက်လှိုက်လှဲလှဲ ပါဝင်ဆောင်ရွက်ခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစု ပင်လုံညီလာခံတို့ ပေါ်ပေါက်လာခဲ့ရပြီး NCA လမ်းကြောင်းပေါ်ကို လျှောက်လှမ်းမည်ဆိုပါက ပြည်တွင်းငြိမ်းချမ်းရေးသည် မရနိုင်စရာ အကြောင်းမရှိကြောင်း ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ပြောကြားသည်။

“အပြန်အလှန်ယုံကြည်မှု ရှိရပါမယ်၊ ရိုးသားမှုရှိရပါမယ်။ ဒီအပေါ်မှာ အမြတ်မထုတ်ဖို့လိုပါတယ်”ဟု ၎င်းက ဆိုသည်။

ယခင်အစိုးရလက်ထက်တွင် NCA လမ်းကြောင်းပေါ်မှတစ်ဆင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဖြစ်လာခဲ့ပြီး လက်ရှိ အစိုးရလက်ထက်တွင် ပင်လုံညီလာခံဟု နာမည်ပြောင်းခဲ့သော်လည်း အဓိပ္ပာယ်မှာ တူညီမှုရှိကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က ဆိုသည်။

တပ်မတော်အနေနှင့် လူ့အခွင့်အရေး ချိုးဖောက်သည်ဟု စွပ်စွဲမှုများရှိပါက အထောက်အထားများနှင့်အတူ ပြသပါက အရေးယူလျက်ရှိသည့်အပြင် ရခိုင်ပြည်နယ် အင်းဒင်ရွာကိစ္စတွင် အရာရှိ ၄ ဦးနှင့် စစ်သည် ၄ ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အရာရှိ ၇ ဦးနှင့် စစ်သည် ၅ ဦးတို့ကို ထောင်ဒဏ် ၅ နှစ်မှ ဆယ်နှစ်အထိစစ် တရားရုံးမှ ချမှတ်အရေးယူလိုက်ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းအပြင် The Voice သတင်းစာတိုက်မှ အကြီးတန်းသတင်းထောက် ဦးတင်လင်းကို ကားဖြင့်မတော်တဆတိုက်ခဲ့သော နေပြည်တော်စစ်ဆေးရုံမှ ဗိုလ်မှူးကိုလည်း အရေးယူရန် အဆင့်ဆင့်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ၎င်းအပါအဝင် စစ်ဥပဒေချုပ်ရုံးမှ ဗိုလ်မှူးကြီးအောင်ခင်သိန်းက ပြောကြားသည်။

S-01


  • VIA