News

POST TYPE

EDITORIAL

Mobile Money တွေတစ်ခေတ်ဆန်းချိန်
15-May-2018

မြန်မာနိုင်ငံလို ဘဏ်စနစ်ဖွံ့ဖြိုးမှု နောက်ကျတဲ့နိုင်ငံတွေအတွက် အွန်လိုင်း အရောင်းအဝယ်တွေနဲ့ ငွေပေးချေမှုတွေ အရှိန်အဟုန် မြင့်တက်လာဖို့ Mobile Money လို့ခေါ်တဲ့ မိုဘိုင်းလ်ဖုန်းအခြေပြု ငွေလွှဲဝန်ဆောင်မှုတွေက အရေးပါတဲ့ နည်းလမ်းတစ်ခုပါပဲ။ ဒါကြောင့်ပဲ ဆက်သွယ်ရေး အော်ပရေတာကြီးတွေနဲ့ ဘဏ်တွေ အပါအဝင် ကော်ပိုရေးရှင်းကြီးတွေက မြန်မာနိုင်ငံမှာ မိုဘိုင်းလ်ငွေပေးချေမှု၊ငွေလွှဲဝန်ဆောင်မှုတွေကို ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း အရှိန်အဟုန်နဲ့ စတင် လာကြတာ တွေ့ရမှာပါ။ အဲဒီလို စတင်လာတဲ့ Mobile Money ဝန်ဆောင်မှုတွေထဲကမှ အားသာချက်တွေ ရှိနေတဲ့အူရီဒူးရဲ့ M- ပိုက်ဆံ ဝန်ဆောင်မှုအကြောင်းကို ရှင်းပြပေးချင်ပါတယ်။

အူရီဒူးရဲ့ M-ပိုက်ဆံကို အသုံးပြုပြီး မိုဘိုင်းလ်ဖုန်းကနေတစ်ဆင့် တစ်ဦးနဲ့တစ်ဦး ငွေလွှဲတာ၊ ဖုန်းဘေလ်ဖြည့်တာ၊ အွန်လိုင်းကနေ ငွေပေးချေတာတွေကို ပြုလုပ်နိုင်ပါတယ်။ မိုဘိုင်းလ်ဖုန်း အခြေပြုဖြစ်တာကြောင့် ဘဏ်ကနေငွေလွှဲသလို ဘဏ်ဖွင့်ချိန်တွေ ဘာတွေ စောင့်နေဖို့မလိုဘဲ အချိန်မရွေး၊ နေရာမရွေး ငွေလွှဲနိုင်ပါတယ်။

M- ပိုက်ဆံကိုယ်စားလှယ်တွေကို မြန်မာနိုင်ငံအနှံ့မှာ ထားရှိပေးထားတာကြောင့် ကိုယ့်ရဲ့ M-ပိုက်ဆံအကောင့်ထဲကို ငွေထည့်သွင်းချင်ရင်ပဲဖြစ်ဖြစ်၊ ကိုယ့်ဆီ ဝင်လာတဲ့ငွေကို ထုတ်ချင်ရင်ပဲဖြစ်ဖြစ် အနီးစပ်ဆုံး M-ပိုက်ဆံကိုယ်စားလှယ်ကို M-ပိုက်ဆံ App ကနေတစ်ဆင့် ရှာဖွေပြီး သွားလိုက်ရုံပါပဲ

ငွေလွှဲတာနဲ့ ငွေပေးချေတဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ရာမှာ အမှားအယွင်း မရှိစေဖို့နဲ့ လိမ်လည်မှုတွေ မရှိစေဖို့အတွက် အူရီဒူးက အဆင့်မြင့် နည်းပညာတွေကို အသုံးပြုကာကွယ်ထားတာကြောင့် ကိုယ့်ရဲ့ငွေကြေးနဲ့ အချက်အလက်တွေ လုံခြုံမှုအတွက် အပြည့်အဝ အာမခံချက်ရှိတာကြောင့်လည်း စိတ်အေးစရာပါပဲ။

ဒါ့အပြင် M-ပိုက်ဆံကိုအသုံးပြုပြီး အူရီဒူးဖုန်းတွေတင်မကဘဲ ဘယ်အော်ပရေတာရဲ့ ဖုန်းနံပါတ်ကိုပဲဖြစ်ဖြစ် အချိန်မရွေး၊ နေရာမရွေး ငွေဖြည့်နိုင်မှာဖြစ်ကာ လက်တလောမှာဆိုရင် M-ပိုက်ဆံကိုသုံးပြီး အူရီဒူးဖုန်းငွေဖြည့်တိုင်း (၅၀) ရာခိုင်နှုန်း ငွေဖြည့်အပိုလက်ဆောင်တွေ ရရှိမယ့် အထူးပရိုမိုးရှင်းအခွင့်အရေးလည်း ရှိနေပါသေးတယ်။

ဒီလို အဆင်ပြေလွယ်ကူမှုတွေနဲ့ လုံခြုံစိတ်ချရမှုတွေကြောင့် မြန်မာနိုင်ငံမှာ Mobile Money ဝန်ဆောင်မှုတွေဟာ အူရီဒူးရဲ့ M-ပိုက်ဆံနဲ့အတူ တစ်ခေတ်ဆန်းချိန် ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။